backup og meta

ဆီးချိုရှိသူတွေမှာ ဖြစ်လာတဲ့ထိခိုက်ဒဏ်ရာ ဘယ်လိုဂရုစိုက်ပေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုရှိသူတွေမှာ ဖြစ်လာတဲ့ထိခိုက်ဒဏ်ရာ ဘယ်လိုဂရုစိုက်ပေးမလဲ

    ကိုယ့်မှာ ဆီးချိုရောဂါရှိနေပြီလားဆိုတာ စပြီး သံသယဝင်ကြတဲ့အချက်က ဆီးသွားများတာနဲ့ အနာကျက်နှေးတာပဲဖြစ်ပါတယ်။ ဒီလက္ခဏာနှစ်ခုရှိနေရင်ပဲ ဆီးချိုသွေးချိုတိုင်းတာဆေးစစ်ကြည့်ကြတော့တာပါပဲ။ ဟုတ်ပါတယ်။ ဆီးချိုေဝဒနာရှင်တွေမှာရောဂါကြောင့်အနာလေးတွေဖြစ်လာတတ်တဲ့အပြင် သာမန်ထိရှအနာလေးတွေတောင် ကျက်ဖို့ကြာတတ်ပါတယ်။

    ဒါ့ကြောင့် ဓါးရှတာ၊ခြစ်မိတာ၊ ပွန်းရှတာ၊ ပွန်းပဲ့တာ သာမန်အသေးစားထိခိုက်ဒဏ်ရာလေးတွေကိုတောင် သူများထက်ပိုဂရုစိုက်ရပါတယ်။ အခန့်မသင့်လို့ အနာရင်းပြီး ပိုးဝင်ခဲ့ရင်နောက်ဆက်တွဲပြဿနာက ခြေလက်ဖြတ်တောက်ရတဲ့အထိ ပိုဆိုးလာနိုင်ပါတယ်။

    ဆီးချိုဝေဒနာရှင်တွေက ဘယ်လိုထိခိုက်ဒဏ်ရာပဲဖြစ်ဖြစ် အနာပိုးမဝင်အောင်သေချာဂရုစိုက် သတိထားသင့်ပါတယ်။ အနာမှာ နီရဲ၊ရောင်ရမ်းပြီးပြည်တည်လာတာလိုမျိုး လက္ခဏာတွေဖြစ်လာသလားစောင့်ကြည့်ပါ။ လက္ခဏာတွေ့ရတာနဲ့ ဆရာဝန်ပြပြီး မှန်ကန်တဲ့ကုသစောင့်ရှောက်မှုခံယူရပါမယ်။

    တော်တန်ရုံအနာအသေးစားတွေကိုတော့ အချိန်နှေးရင်နှေးပါစေ၊ သူ့အလိုလိုအနာကျက်တဲ့အထိ ကိုယ့်ဘာသာစနစ်တကျဂရုစိုက်ပေးနိုင်ရင် အနာပိုးဝင်ခြင်းအန္တရာယ် ရှောင်လွှဲနိုင်ပါလိမ့်မယ်။

    အနြာဖစ်လာရင် အမြန်လုပ်ဆောင်ဖို့

    ပွန်းရာ၊ခြစ်ရာလေးပဲဖြစ်ဖြစ် ထိခိုက်အနာတစ်ခုခုဖြစ်လာတာနဲ့ ဒီအဆင့်တွေလုပ်ကြည့်ပါ –

    • အနာကိုရေနဲ့ အရင်ဆေးကြောသန့်စင်ပါ။
    • အနာကိုထိတွေ့မယ့်လက်ကို ဆပ်ပြာနဲ့သေချာဆေးကြောပါ။
    • အနာထည့်ဆေးantisepticsတွေထည့်တာ၊ အရက်ပြန်နဲ့သန့်စင်တာ၊ အိုင်အိုဒင်းထည့်တာတွေ မလုပ်ပါနဲ့။ အရေပြားကို ပိုထိစေပါတယ်။
    • ဆရာဝန်ညွှန်ကြားတဲ့ဆေး ဒါမှမဟုတ် ပဋိဇီဝပိုးသတ်ဆေးခရင်မ်ထည့်ပါ။
    • အဓိကက ပိုးမဝင်စေဖို့အရေးကြီးတာကြောင့် ပိုးသတ်ထားတဲ့ အနာကပ်ဂွမ်းစgauze သို့မဟုတ် ပလာစတာ ကပ်ပြီး အနာကိုဖုံးအုပ်ပါ။
    • အနာကိုဖိမိတာ၊ မကြာခဏပွတ်တိုက်မိနေတာ (အဝတ်အစားတင်းကျပ်တာ၊ ခြေထောက်မှာဖြစ်တဲ့အနာဆို ဖိနပ်နဲ့ပွန်းတာ)တွေက အနာရင်းစေနိုင်တဲ့အတွက် သတိထားပါ။

    အနာပိုးဝင်ခြင်းအန္တရာယ်သတိထားရမယ့်လက္ခဏာများ

    ခြေထောက်မှာဖြစ်လာတဲ့ ထိခိုက်ရှနာ၊ ပွန်းပဲ့နာတွေ၊ ရည်ကြည်ဖုတွေက ဆီးချိုအနာဖြစ်လာနိုင်ပါတယ်။ ဒဏ်ရာနက်ပြီးတော်တော်နဲ့မကျက်တဲ့အခါသွေးထဲကိုရောဂါပိုးဝင်ရောက်လာနိုင်ပါတယ်။

    အနာကိုသေချာဂရုမစိုက်ရင် အခြေအနေဆိုးရွားလာနိုင်ပြီးနောက်ဆုံးမှာခြေလက်ဖြတ်တောက်ကုသရတဲ့အဆင့်ထိရောက်ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့်အချိန်မီ လက်ဦးအောင်ကုသနိုင်ဖို့ ပိုးဝင်တဲ့လက္ခဏာရှိမရှိကိုအရင်စောင့်ကြည့်ရပါမယ် –

  • အနာက ထိလိုက်ရင် ပူနေတာ
  • နီမြန်းလာတာ
  • ရောင်ရမ်းလာတာ
  • နာကျင်လာတာ
  • ပြည်တည်လာတာ
  • တစ်ရက်၊ နှစ်ရက်ကြာတဲ့အထိ အနာဖေးဖြစ်မလာတာ
  • တစ်ရက်၊ နှစ်ရက်ကြာတဲ့အထိ အနာပေါက်မပိတ်သေးတာ ဆိုရင် ဆရာဝန်နဲ့ပြပြီး အချိန်မီကုသမှုခံယူသင့်ပါတယ်။
  • အနာပိုးဝင်တာ အရမ်းဆိုးရွားနေတဲ့အဆင့်ဆိုရင်တော့အောက်ပါလက္ခဏာတွေဖြစ်လာနိုင်ပါတယ် –

    • ချမ်းတုန်ခြင်း
    • အဖျားတက်ခြင်း
    • အနာက တဆစ်ဆစ်ကိုက်လာခြင်း
    • အနံ့ဆိုး ထွက်လာခြင်း
    • ရောင်ရမ်းလာခြင်း
    • အနာရဲ့ပတ်လည်မှာ နီရဲလာခြင်း။

    ဒီအဆင့်ထိဖြစ်လာရင်တော့ အရေးကြီးတဲ့ သတိပေးလက္ခဏာတွေဖြစ်နေပါပြီ။ ဆရာဝန်ပြပြီး အမြန်ဆုံးကုသမှုခံယူဖို့နောက်မကျပါစေနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement