backup og meta

COVID-19 ဗိုင်းရပ်စ် ပြဿနာကြား ခရီးသွား သင့်သလား

COVID-19 ဗိုင်းရပ်စ် ကူးစက်မှုတွေ ကမ္ဘာတလွှား ပျံ့နှံ့လာခဲ့ပြီးနောက် အခုဆိုရင် နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ပြန့်ပွားနေပြီဖြစ်ပါတယ်။ ကူးစက်ပျံ့နှံ့မှု မြန်ဆန်တဲ့ ဒီဗိုင်းရပ်စ်ကြောင့် နိုင်ငံတကာက ပြည်သူတွေရဲ့ ဘဝနေထိုင်မှုတွေ၊ အသက်အန္တရာယ်တွေ၊ စီးပွားရေးတွေ ကို အမျိုးမျိုး ရှုပ်ထွေးလာစေခဲ့ပါတယ်။

ဒီလို အခြေအနေမှာ ခရီးသွား ဖို့ ပေါ်လာတဲ့အခါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ခေါင်းထဲ တန်းစီနေကြမှာပါပဲ။ ဥပမာ –

(၁) ခရီးသွား ဖို့ စီစဉ်ထားတာ ဖျက်လိုက်ရမှာလား။

ပြည်ပခရီး သွားရောက်ဖို့ကိုတော့ သတိပေးချက်၊ အကြံပြုချက်ပေါင်း တသီတတန်းနဲ့ ကျန်းမာရေးအဖွဲ့အစည်းကြီးတွေက ထုတ်ပြန်ထားကြပါတယ်။

ကမ္ဘာအနှံ့နေရာ အတော်များများမှာ ရောဂါကူးစက်မှုတွေ ရှိနေတဲ့အတွက် ပြည်ပခရီး ထွက်တဲ့အခါ ခရီးသည်ရဲ့ သွားလာခွင့် ရမယ့်နေရာတွေ အကန့်အသတ်ရှိနိုင်တယ်၊ ကျန်းမာရေး အထူး စောင့်ကြည့်တဲ့ quarantine မှာ နေရမယ်၊ နယ်စပ် ကန့်သတ်ချက်တွေလည်း ရှိနိုင်တယ်။

ပိုဆိုးတာက ကိုယ့်နိုင်ငံ ပြန်လာတဲ့အခါ လည်း တော်တော်လေး အစစ်ဆေးခံရလိမ့်မယ်။ quarantine မှာ ၂၁ ရက်နေရမှာ သေချာပါတယ်။

ပြည်တွင်း ခရီးသွားဖို့ကတော့ လူသိပ်စည်ကားတဲ့၊ ပြည့်ကျပ်နေနိုင်တဲ့ ပွဲအခမ်းအနားတွေ မဟုတ်ရင် အပန်းဖြေခရီး သွားလို့ရနိုင်ပါတယ်။ လမ်းခရီးမှာ ရောဂါကာကွယ်မှု အခြေခံအချက်တွေ လိုက်နာရင် ရပါပြီ။ သွားလို့ရပါတယ်၊ သွားပါ သို့သော် ဂရုစိုက်ပါ။

ဒါပေမယ့် အသက်ကြီးသူနဲ့ ရောဂါအခံရှိသူတွေ အပါအဝင် COVID-19 ကူးစက်ခံရနိုင်ခြေ ပိုများတဲ့သူတွေ အတွက် တော့ အပျော်စီးသင်္ဘောခရီးစဉ်တွေ မသွားဖို့၊ မဖြစ်မနေ မလိုအပ်ဘဲ လေယာဉ်မစီးဖို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာက သတိပေးထားပါတယ်။

(၂) ဗိုင်းရပ်စ်က ကြမ်းပြင်၊ နံရံ ၊ အရာဝတ္ထုတွေပေါ် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်လဲ။

ကိုရိုနာ ဗိုင်းရပ်စ်သစ်က အရာဝတ္ထုတွေပေါ်မှာ နာရီပိုင်းကစလို့ ရက်အတော်ကြာထိ အသက်ရှင်နေနိုင်တယ်လို့ သုတေသနတွေအရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ COVID-19 ရဲ့ ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်မလဲ ဆိုတာ ကတော့ အဲဒီအရာဝတ္ထုရဲ့ အမျိုးအစား၊ အပူချိန် နဲ့ စိုထိုင်းဆ တို့လို အချက်တွေကို မူတည်မှာ ဖြစ်ပါတယ်။

ထုတ်ပြန်ခဲ့တဲ့ သုတေသနအသစ်အရ သည်ဗိုင်းရပ်စ်ဟာ လေထဲမှာ ၃ နာရီအထိ အသက်ရှင်နိုင်ပြီး ကော့ပါးသတ္ထုပေါ်မှာဆို ၄ နာရီအထိ၊ ကတ်ထူပြားပေါ် ဆို ၂၄ နာရီအထိ၊ ပလတ်စတစ်နဲ့ စတီးတို့ပေါ်မှာ ၂ ရက်မှ ၃ ရက်အထိ အသက်ရှင်နိုင်တယ်လို့ ဆိုပါတယ်။

ဒီလို ရောဂါပိုးကျန်ရှိနေတဲ့ အရာဝတ္ထု မျက်နှာပြင် တစ်ခု ကို ထိတွေ့မိရာကနေ ကိုယ့်ရဲ့ ပါးစပ်၊ နှာခေါင်းနဲ့ မျက်စိတို့ကို လက်နဲ့ ထိကိုင်တဲ့အခါ COVID-19 ကူးစက်ခံရနိုင်ပါတယ်။ ဒါ့ကြောင့် လက်ဆေးခိုင်းတာပေါ့။

ဒါပေမယ့် COVID-19 ပြန့်ပွားမှု ရဲ့ အဖြစ်များဆုံး နည်းလမ်း ကတော့ ရောဂါပိုးရှိသူက ကိုယ့်အနားကပ်ပြီး နှာချေ သို့မဟုတ် ချောင်းဆိုးလိုက်ရာက အရည်စက်မှုန်တွေ အသက်ရှူလမ်းကြောင်းကတဆင့်  ဝင်ရောက်သွားတာပဲဖြစ်ပါတယ်။

အဲဒီ အရည်စက်မှုန်တွေက ရှူမိသူရဲ့ ပါးစပ်နဲ့ နှာခေါင်းတွေထဲ ရောက်ရှိတာ ဒါမှမဟုတ် အဆုတ်ထဲကို ရှူသွင်းမိတာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် နေမကောင်းသူတွေ နှာခေါင်းစည်း တပ်သင့်တာပါ။

ရောဂါကူးစက်မှု ကာကွယ်ဖို့ အကောင်းဆုံးနည်းကတော့ လက်ဆေးပါ။

(၃) လက်ဆေး ပြီးခါမှ ရေပိုက်ခေါင်း ကို ထိပြီး ပိတ်ရမှာ အဆင်ပြေပါ့မလား။

လက်နှစ်ဘက်ကို ဆပ်ပြာနဲ့အကျအနဆေးပြီးကာမှ ရေပိုက်ခေါင်းကို ပိတ်ဖို့ လှမ်းကိုင်ရတာ အဆင်ပြေပါ့မလား။ ဒါ့ကြောင့် ဒီလိုပိတ်တဲ့အခါ လက်သုတ်တစ်ရှူးခံပြီး ဒါမှမဟုတ် တံတောင်ဆစ်ကို သုံးပြီး ရေကိုပိတ်ပါလို့ ဆိုကြပါတယ်။

ဒါမှမဟုတ် ကိုယ်စပြီး လက်ဆေးကတည်းက ရေပိုက်ခေါင်းခလုတ်ကိုပါ ဆေးကြောထားလိုက်လည်း ရပါတယ်။ သန့်စင်ခန်းတွေ ၊ ဘေစင်တွေ ဆိုတာက ရောဂါပိုးတွေ ရှိနေနိုင်တဲ့ နေရာတွေလေ။

ဒါ့ကြောင့် ခရီးသွားမယ်ဆို COVID-19 ကာကွယ်ဖို့ အတွက် ဘယ်ကိုသွားသွား၊ အိမ်မှာပဲနေနေ လက်ဆေးပါ၊ နှာခေါင်းစည်းတပ်ပါ၊မျက်နှာ၊ နှာခေါင်း၊ ပါးစပ်ကို လက်မသန့်ဘဲ မထိမကိုင်ပါနဲ့လက်သန့်ဆေးရည် ဆောင်ထားပါလို့ အကြံပေးလိုက်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ ၊ ရောဂါရှာဖွေ အတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.who.int/emergencies/diseases/novel-coronavirus-2019/travel-advice

Accessed Mar- 17, 2020.

https://www.health.gov.au/news/health-alerts/novel-coronavirus-2019-ncov-health-alert/coronavirus-covid-19-advice-for-travellers

Accessed Mar- 17, 2020.

ယခုပုံစံ

20/06/2020

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ

ရောဂါဘယ ကင်းဝေးအောင် မျက်နှာကို လက်နဲ့ မထိအောင်ရှောင်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/06/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement