backup og meta

အဆုတ်ရောင်ဝေဒနာ ခံစားနေရသူတွေ ကျန်းမာစေဖို့

အဆုတ်ရောင်ဝေဒနာ ခံစားနေရသူတွေ ကျန်းမာစေဖို့

အဆုတ်ရောင်ရောဂါက အခန့်မသင့်ရင် အသက်သေဆုံးသည် အထိဖြစ်နိုင်တဲ့ ပြင်းထန်တဲ့ရောဂါတစ်ရပ်ပါ။ အချိန်မီကုသမှုခံယူဖို့ လိုသလို အာဟာရ သင့်တင့်မျှတအောင် စားသုံးဖို့ကလည်း မေ့ထားလို့မဖြစ်တဲ့အချက်တစ်ခုပေါ့။ ဒီတစ်ခေါက်တော့ အဆုတ်ရောင်ဝေဒနာ ခံစားနေရသူတွေ ကျန်းမာစေဖို့ ဘာတွေ စားပေးသင့်လဲဆိုတာကို hello ဆရာဝန်ပရိသတ်ကြီးကိုပြောပြပေးပါရစေလား…….

အဆုတ်ရောင်ဝေဒနာ ခံစားနေရသူတွေ ကျန်းမာစေဖို့

အဆုတ်ရောင်ဝေဒနာ ခံစားနေရသူတွေ ကျန်းမာစေဖို့ နဲ့ ရောဂါထပ်တိုးမလာစေဖို့ဆိုရင် ဒီအစားအစာလေးတွေကို စားသုံးပေးသင့်ပါတယ်။

ရေ

သင့်အနေနဲ့ အဆုတ်ရောင် ရောဂါ ခံစားနေရမယ်ဆိုရင် ရေများများသောက်တာက ရောဂါကို သက်သာစေဖို့ အကောင်ဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ အကြောင်းကတော့ အရည်များများသောက်တာက အဆုတ်ထဲကချွဲတွေကို ပျော်စေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်တာကြောင့်ပါ။ ရေက ကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ အသက်ရှုလမ်းကြောင်းမှာ ကပ်နေတဲ့ အမှုန်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။

ဆန်၊ဂျုံ

ဆန် နဲ့ ဂျုံတို့မှာပါတဲ့ ကာဗိုဟိုက်ဒရိတ်က ခန္ဓာကိုယ်ကို အားပြည့်စေနိုင်ပြီး ခန္ဓာကိုယ်အပူချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ဆန် နဲ့ ဂျုံတို့မှာပါတဲ့ ဗီတာမင်တွေနဲ့သတ္တုဓာတ်တွေက ကိုယ်ခံအားကောင်းစေနိုင်ပါတယ်။

ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေ

အဆုတ်ရောင် ရောဂါခံစားနေရတဲ့အခါ ရောဂါသက်သာစေဖို့မေ့ထားလိ့်မဖြစ်တဲ့ အချက်တစ်ချက်က ပရိုတင်းပြည့်ဝဖို့ပါ။ ဒါကြောင့် ပရိုတင်းကြွယ်ဝစွာပါဝင်နေတဲ့ အခွံမာသီးတွေ၊ အစေ့အဆန်တွေ၊ ပဲအမျိုးမျိုး၊ ကြက်သား၊ အဆီမပါတဲ့အနီရောင်အသား၊ ပင်လယ်ငါးတွေကို စားသုံးပေးလို့ရပါတယ်။ ဒီလိုစားသုံးပေးမှုက ခန္ဓာကိုယ်မှာ ပျက်စီးသွားတဲ့ တစ်ရှုးတွေကို အသစ်ဖြစ်ပေါ်စေဖို့ အကောင်းဆုံးအားဖြည့်ပေးရာရောက်ပါတယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

ကိုက်လန်၊ ဆလတ်ရွက်တို့လိုမျိုး အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ အာဟာရဓာတ်တွေက အသက်ရှုလမ်းကြောင်းမှာဖြစ်နေတဲ့ ရောဂါတွေကို သက်သာစေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေက ရောဂါပိုးတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။

အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေ

လိမ္မော်သီး၊ ဘယ်ရီသီး နဲ့ ကီဝီသီးတို့လိုမျိုး အချဉ်ဓာတ်ပါတဲ့ အသီးတွေက ဗီတာမင် C ကြွယ်ဝပြီး ကိုယ်ခံအားကိုကောင်းစေသလို ရောဂါကို မြန်မြန်သက်သာစေနိုင်ပါတယ်။ အချဉ်ဓာတ်ပါတဲ့ အသီးတွေမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုက ခန္ဓာကိုယ်ကို  ပြင်ပကရောဂါပိုးတွေ ကျူးကျော်ဝင်ရောက်လာတာမျိုးမဖြစ်အောင် အကောင်းဆုံးဟန့်တားနိုင်ပါတယ်။

အကျိုးပြုဘက်တီးရီးယား ကြွယ်ဝတဲ့ အစားအစာတွေ

ဒိန်ချဉ်လိုမျိုး က အကျိုးပြုဘက်တီးရီးယားတွေ ကြွယ်ဝစွာပါဝင်နေတဲ့ အစားအသောက်တွေက အဆုတ်ရောင်ရောဂါကို ဖြစ်စေတဲ့ပိုးမွှားတွေကို အကောင်းဆုံးတိုက်ဖျက်ပေးပါတယ်။ အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို တိုးပွားစေနိုင်ပြီး ကိုယ်ခံအားကို ကောင်းစေနိုင်ပါတယ်။

ပျားရည်

ပျားရည်က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပြီး အအေးမိတာနဲ့ချောင်းဆိုးတာကို သက်သာစေနိုင်တယ်ဆိုတာကိုသိထားပြီးသားဖြစ်မှာပါ။ ပျားရည်ရဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်က အဆုတ်ရောင် ရောဂါကိုလည်းအထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

ချင်း (ဂျင်း

နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ချင်း (ဂျင်း) က အဆုတ်ရောင်တာကြောင့် ရင်ဘတ်အောင့်တာကို သက်သာစေနိုင်သလို အဆုတ်ရောင် ရောဂါကို သက်သာစေနိုင်ပါသေးတယ်။

နနွင်း

နနွင်းက လေပြွန်တွေ ရောင်ရမ်းတာကို သက်သာစေနိုင်ပြီး အဆုတ်ထဲက ချွဲသလိပ်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် ရေနွေးဆူဆူထဲကို နနွင်း ခတ်ပြီး သောက်တာဖြစ်ဖြစ် နို့ပူပူထဲကို နနွင်း ထည့်ပြီး သောက်တာဖြစ်ဖြစ် သောက်ပေးလို့ရပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 foods you must have during pneumonia for a speedy recovery https://timesofindia.indiatimes.com/life-style/food-news/10-foods-you-must-have-during-pneumonia-for-a-speedy-recovery/photostory/69009204.cms Accessed Date 24 October 2019

Are there any home remedies for pneumonia? https://www.medicalnewstoday.com/articles/320881.php Accessed Date 24 October 2019

A List of Foods to Eat for Pneumonia https://www.livestrong.com/article/69533-list-foods-eat-pneumonia/ Accessed Date 24 October 2019

ယခုပုံစံ

21/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါ နှင့် အဆုတ်ရောင်ရောဂါ

Emphysema (အဆုတ်လေအိတ်များပျက်စီးခြင်း) ဘာတွေကြောင့်ဖြစ်ရတာလဲ ။ ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement