အအေးမိတုပ်ကွေးရောဂါပိုးကို ကြိုတင်ကာကွယ်ဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 23, 2020 . 2 mins read
Share now

အအေးမိတုပ်ကွေးရောဂါပိုးကို ကြိုတင်ကာကွယ်ဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခု

ဟတ်ချိုး ဟတ်ချိုးနဲ့ နှာချေသံထွက်လာပြီး နှာရည်ပါကျလာပြီ၊ နေလို့မကောင်းတော့ဘူးဆိုရင် ဖျားတော့မယ်လို့ သိကြတယ်။ ရာသီကြောင့်အအေးမိဝေဒနာဖြစ်တာလား၊ တုပ်ကွေးဖြစ်တော့မှာလား စိုးရိမ်ရပါပြီ။

သာမန်အအေးမိဝေဒနာပဲဖြစ်ဖြစ် တုပ်ကွေးပဲဖြစ်ဖြစ် နှာစေး၊နှာပိတ်၊လည်ချောင်းနာ၊ချောင်းဆိုး၊ ကိုယ်ပူ စတဲ့လက္ခဏာတွေထဲမှာ လည်ချောင်းနာက ခံရအခက်ဆုံးပါ။ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းလို့ဆေးပညာအရခေါ်ကြတဲ့ အအေးမိဝေဒနာမှာရောဂါပိုးတွေက ပုံမှန်အားဖြင့် လည်ချောင်းနဲ့ခံတွင်းမှာ ရှိနေတတ်ပါတယ်။

ဒီဝေဒနာတွေ စပြီး ခံစားလာရတဲ့အခါ ဒါမှမဟုတ် ဖြစ်ဖို့ အစပျိုးနေပြီလို့ ခံစားရရင် နာမကျန်းတဲ့ အဆင့်မရောက်အောင် ဘယ်လိုကာကွယ်လို့ရမလဲ။ ကိုယ့်အတွက်တင်မကဘဲ ကိုယ့်မိသားစု၊ ကိုယ့်သားသမီး၊ ကိုယ်ချစ်ခင်ရသူတွေမှာ ဘယ်လိုဂရုစိုက်ပေးနိုင်မလဲ။ ကြိုတင်ကာကွယ်နိုင်တဲ့ အလွယ်ဆုံးနည်းက အားရှိအောင်ကျွေး၊ အာဟာရပြည့်ဝအောင် ဂရုစိုက်ပေးပြီး ကိုယ်ခံအားကို မြှင့်တင်ပေးရမှာပါ။

ဒါပေမယ့် ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ဖြစ်လာရတဲ့ ဒီဝေဒနာတွေအတွက်က ဒီလောက်နဲ့မလုံလောက်ပါဘူး။ ပဋိဇီဝဆေးတွေ သုံးစရာမလိုဘဲ ကြိုတင်ကာကွယ်ပေးမယ့်၊ ဖြစ်လာခဲ့ရင်တောင် ဝေဒနာသက်သာအောင် ကူညီပေးမယ့်အရာတစ်ခုရှိတယ်။ အဲဒါကတော့ ခံတွင်းသန့်ဆေးရည်ပါ။

ခံတွင်းသန့်ဆေးရည်နဲ့ ပလုပ်ကျင်းပေးရင် ရောဂါပိုးမွှားတွေကို ရှင်းလင်းဖယ်ရှားပေးနိုင်ပြီး ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပါလိမ့်မယ်။ ရောဂါပိုးတွေသေစေနိုင်တဲ့ ခံတွင်းသန့်ဆေးရည်နဲ့ဆို လည်ချောင်းနာတာလိုမျိုး အအေးမိလက္ခဏာဝေဒနာတွေကို သက်သာစေပြီး ဝေဒနာခံစားရတဲ့ရက်တွေကို တိုစေနိုင်ပါတယ်။

လည်ချောင်းထဲက ပိုးမွှားတွေ၊ဗိုင်းရပ်စ်တွေကို ရှင်းလင်းပေးတဲ့ ခံတွင်းသန့်ဆေးရည်က အအေးမိဝေဒနာတွေကိုသက်သာစေရုံမက ထပ်ပြီးဖြစ်မလာအောင်လည်းတားဆီးပေးတဲ့အတွက် ကြိုတင်ကာကွယ်ဖို့လည်း သုံးလို့ရပါတယ်။ စစချင်း လည်ချောင်းယားတာ၊ လည်ချောင်းစပ်တာစတဲ့ လက္ခဏာတွေကတည်းက ခံတွင်းသန့်ဆေးရည်နဲ့ ပလုပ်ကျင်းပေးရင် ဝေဒနာတချို့တစ်ဝက် သက်သာစေနိုင်ပါတယ်။ စက္ကန့် ၃၀လောက်ပဲအချိန်ပေးပြီး ပလုပ်ကျင်းလိုက်ရုံနဲ့ လွယ်ကူထိရောက်တဲ့ ကာကွယ်မှုကို ရရှိနိုင်ပါတယ်။

အများအားဖြင့် ခံတွင်းသန့်ဆေးရည်ရဲ့ အကျိုးကျေးဇူးတွေကတော့ –

  • ခံတွင်းရှင်းစေတယ် – ခံတွင်းသန့်ဆေးရည်က ခံတွင်းနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားတွေကိုသေစေတဲ့အတွက် ခံတွင်းနံ့ဆိုးတွေကို သက်သာလျော့ပါးစေပါတယ်။
  • သွားမှာ အညစ်အကြေးတွေ မကပ်ငြိအောင် ကာကွယ်ပေးတယ်- သွားဖုံးနဲ့သွားကြားမှာ သွားချေးတွေ ကပ်ငြိမနေအောင် ကာကွယ်ရှင်းလင်းပေးပါတယ်။
  • အမှုန်အမွှားတွေကို ဖယ်ရှားပေးတယ် – အများစုက ခံတွင်းသန့်ဆေးရည်ကို သွားတိုက်ပြီးမှပဲ သုံးကြပါတယ်။ ဒါလည်း ကောင်းတယ်ဆိုပေမယ့် သွားမတိုက်ခင် အမှုန်အမွှားတွေကို ခံတွင်းကနေ ဆေးထုတ်နိုင်ဖို့ ဆေးရည်နဲ့ အရင်ပလုပ်ကျင်းပေးလို့ရပါတယ်။
  • သွားပိုးပေါက်မဖြစ်အောင်၊ သွားပိုးမစားအောင် ကာကွယ်ပေးတယ် – ခံတွင်းသန့်ဆေးရည်ကို ပုံမှန်သုံးပေးရင် သွားပိုးစားခြင်း၊သွားအခေါင်းပေါက်ဖြစ်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။
  • လည်ချောင်းနာ သက်သာစေတယ်- လည်ချောင်းနာဖြစ်စေတဲ့ ရောဂါပိုးမွှားတွေကို ဖယ်ရှားသန့်စင်ပေးတယ် ။

နေမကောင်းဖြစ်နေချိန် အထူးသဖြင့် အအေးမိတုပ်ကွေးရောဂါလက္ခဏာတွေ ခံစားနေရချိန်မှာ နှာစေး၊ချောင်းဆိုးဖြစ်နေမှာပဲဆိုတော့ လည်ချောင်းထဲက၊ ခံတွင်းထဲက ကပ်ကျန်နေတဲ့ ချွဲသလိပ်အစအနတွေကို ခံတွင်းသန့်ဆေးရည်နဲ့ ဆေးကြောရှင်းထုတ်နိုင်ပါတယ်။ နောက်ထပ်ထိရောက်တဲ့ အကျိုးကျေးဇူးကတော့ အအေးမိလက္ခဏာတွေကို ကြိုတင်ကာကွယ်နိုင်ပြီး ဖြစ်လာခဲ့ရင်လည်း အချိန်တိုတိုနဲ့အမြန်သက်သာစေတာပါပဲ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘေဘီလေးကို ဒူးရင်းသီး ကျွေးလို့ရလား………..

ကလေး ဒူးရင်းသီး အာဟာရပါဝင်မှု ကျန်းမာရေး ပရိုတင်း ဗီတာမင် ကယ်လ်ဆီယမ် အမျှင်ဓာတ် သကြားဓာတ် ဝမ်းချုပ် သားသားမီးမီး လည်ချောင်းနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

မုန့်ဖုတ်ဆိုဒါကပေးတဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိူးများ

မုန့်ဖုတ်ဆိုဒါ ရင်ပူ သွားချိုး သဘာဝအတိုင်းသွားဖြူ ခံတွင်းသန့်ဆေးရည် ချွေးနံ့ဆိုး ကြွက်သားတွေနာကျင် နေလောင်ခြင်း အရေပြားယားယံ အသားမာတက် ပါးစပ်အနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

အအေးမိ ဖျားနာ နာလန်ထမြန်စေမယ့် အာဟာရ (၆) မျိုး

အအေးမိ ဖျားနာ နေမကောင်း အာဟာရ နာလန်ထူ အမြန်သက်သာ ကျန်းမာရေးနဲ့အာဟာရ ကိုယ်ခံအား ရောဂါပိုး ဗိုင်းရပ်စ် တုပ်ကွေး ရာသီဥတု အစားအသောက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ဆေးခန်းမသွားချင်တဲ့ အအေးမိ နေသူတွေအတွက် နည်းလမ်းကောင်းတချို့

အအေးမိ တုပ်ကွေး ရာသီဥတု အကူးအပြောင်း ဖျားနာခြင်း ကိုယ်ခံအား သက်သာပျောက်ကင်းစေမယ့်နည်း အနားယူခြင်း အစာအာဟာရ ဆေးဝါး အနေအထိုင် ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

ခြေသည်း မှိုစွဲတာကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ခြေသည်း မှိုစွဲတာကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 23, 2020 . 2 mins read

ဂန္ဓမာပန်းလက်ဖက်ခြောက်ရဲ့ အံ့အားသင့်ဖွယ် ကျန်းမာရေးကျေးဇူးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 9, 2020 . 2 mins read
ပျားရည်၏ အာနိသင် ၆ မျိုး

ပျားရည်၏ အာနိသင် ၆ မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 8, 2020 . 2 mins read
အဖျား ပိုမဆိုးအောင် ဆင်ခြင်သင့်တဲ့ အချက်များ

အဖျား ပိုမဆိုးအောင် ဆင်ခြင်သင့်တဲ့ အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 17, 2020 . 2 mins read