backup og meta

မျှဝေပါ။

ပန်းနာရင်ကျပ်ရောဂါ ပြန်ထနေသူကို ပြုစုနည်း

ပန်းနာရင်ကျပ်ရောဂါသည် အချိန်မရွေး၊ နေရာမရွေး ပြန်ထ နိုင်သော ရောဂါဖြစ်ပါသည်။ ရက်ပေါင်း၊ လပေါင်း များစွာ ငြိမ်နေရာမှ ရုတ်တရက် မွန်းကျပ်သော ဝေဒနာကို ရုတ်တရက် ခံစားရနိုင်ပါသည်။ စတင်၍ ချောင်းဆိုးမည်၊ နှာချေမည် ထို့နောက်တွင်မူ ရုတ်တရက် မွန်းကျပ်လာပါမည်။ အဘယ့်ကြောင့်ဆိုသော် အသက်ရှူ လမ်းကြောင်းတစ် လျောက် တွင်ရှိသော ကြွက်သားများ တင်လွန်းသွားပြီး အတွင်းနံရံ တစ်လျောက်တွင်မူ ဖူးယောင်လာသည့် အတွက် လေပြွန်ထဲသို့ လေဝင်နည်း လာပါလိမ့်မည်။

ပန်းနာရင်ကျပ်ရောဂါ ပြန်ထနေခြင်းကို ဘယ်လိုသိနိုင်သလဲ။

အကယ်၍ ပန်းနာရင်ကျပ် ရောဂါ အခံရှိသူ တစ်ယောက်သည် မစားနိုင်၊ မအိပ်နိုင်၊ စကားပင် မပြောနိုင် လောက်အောင် ရင်ကျပ်နေပြီ ဆိုလျင်၊ အသက်ရှူရ ခက်ခဲနေပြီဆိုလျင်၊ လေမှုပ်အား တိုင်းတာချက် နဂိုထက် လျော့နည်းလာပြီ ဆိုလျင် ပန်းနာရင်ကျပ် ပြန်ထလာပြီဟု ပြောနိုင်ပါသည်။

ကလေးများတွင် ဆိုလျင် ယင်းလက္ခဏာများအပြင် ဗိုက်အောင့်ခြင်း ဝေဒနာသည် နာရီအနည်းငယ်မှ ရက်အနည်း ငယ်အထိ အစပျိုးနိုင်ပါသည်။

ပန်းနာရင်ကျပ်ရောဂါ ပြန်ထနေစဉ် ပြုစုနည်း

ထိုင်၍အနားယူပြီး လေကို ဖြည်းဖြည်းနှင့် ဝအောင်ရှူရန် ကြိုးစားကြည့်ပါ။ တတ်နိုင်သရွေ့ စိတ်ကို လျော့ထားပါ။ အလွန်အမင်း စိတ်လှုပ်ရှားနေခြင်းသည် ရောဂါကို ပို၍ဆိုးရွား စေနိုင်ပါသည်။ ရှူနေကြ ရှူဆေးဘူး (အများအားဖြင့် အပြာရောင်) ကို တစ်ချက်ချင်း ၁၀ချက် အထိ ရှူနိုင်ပါသည်။ အောက်ပါ အချက်များရှိပါက ဆေးရုံကားခေါ်ပါ။

  • ရှူဆေးဘူး ကုန်နေလျင်
  • ရှူဆေးရှူနေရင်း ပိုဆိုးလာလျင်
  • ၁၀ချက် အထိရှူပြီးမှ မသက်သာလျင်

၁၅မိနစ် ကြာသည်အထိ ဆေးဝါးအကူအညီ မရနိုင်လျင် ရှူဆေးပြန်ရှူနေပါ။ ဆေးရုံသို့ သွားလျင် လက်ရှိသောက် ဆေးများ အားလုံးယူဆောင်သွားပါ။ အကယ်၍ သက်သာပြီး ဆေးရုံမသွားဖြစ်လျင်ပင် ပြနေကြ ဆရာဝန်နှင့် ပြန်ပြပါ။

ပန်းနာရင်ကျပ် ရောဂါပြန်မထစေရန် ကာကွယ်ခြင်း

  • ရောဂါ ပြန်မထစေရန် အတွက် အောက်ပါ အချက်များကို လိုက်နာသင့်ပါသည်။
  • ဆရာဝန် ညွန်ကြားသည့်အတိုင်း သောက်ဆေး၊ ရှူဆေး များကို ပုံမှန် သုံးစွဲခြင်း၊
  • ရောဂါ ပြန်မထလျင်ပင် အနည်းဆုံး တစ်နှစ် တစ်ကြိမ် ဆရာဝန်နှင့် ပြန်ပြခြင်း၊
  • ဆရာဝန်နှင့် ပြန်ပြသည့် အကြိမ်တိုင်း ရှူဆေး ရှူပုံရှူနည်း မှန်မမှန် ပြန်ကြည့်ခြင်း၊
  • ရောဂါပြန်ထစေသော အရာများကို တတ်နိုင်သမျှ ရှောင်ကြင်ခြင်း ၊
  • မိသားစုနှင့် သူငယ်ချင်းများ အားလုံးကို သင်၏ ရောဂါအခြေအနေနှင့် မတည့်သည့် အရာများကို ကြိုတင်ပြောပြထားခြင်း။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Asthma attack: what to do. http://www.nhs.uk/Livewell/asthma/Pages/Asthmaattacks.aspx. Assessed January 18, 2017

ယခုပုံစံ

11/05/2020

Dr. Ye Mhan Linn မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Ye Mhan Linn မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။