အရေပြားမှာ အင်ပျဉ်ထခဲ့ရင် အသုံးဝင်မယ့်နည်းလမ်းလေးတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

အရေပြားမှာအင်ပျဉ်ထတာက လူတော်တော်များများကြုံတွေ့ရနိုင်တဲ့ အရေပြားပြဿနာတစ်ခုပါ။ အရေပြား အင်ပျဉ်ထတဲ့အခြေအနေချင်းက တစ်ခုနဲ့တစ်ခုမတူညီတတ်ကြပါဘူး။ ဒါပေမယ့် အရေပြားမှာ အင်ပျဉ်ထတဲ့အခါ ယားယံပြီး နေရခက်တာကတော့ အသေအချာပါပဲ။ ဒီလိုမျိုးအရေပြားမှာ အင်ပျဉ်ထတဲ့အခါ ဘယ်လိုလေးတွေ လုပ်ရင်သက်သာစေမလဲဆိုတာကို ပြောပြပေးပါရစေ။

အရေပြားမှာ အင်ပျဉ်ထတာခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာဖြစ်နိုင်ပါတယ်။ အရေပြားမှာ အင်ပျဉ်ထတဲ့အခါ နီမြန်းတာ၊ယားယံတာတွေကတော့ တွေ့ရများတဲ့ အင်ပျဉ်ထတဲ့ လက္ခဏာတွေပါ။

အုတ်ဂျုံ

အုတ်ဂျုံက အရေပြားမှာ ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ ယားယံမှုတွေကိုလျော့ပါးသက်သာစေနိုင်စွမ်းရှိသလို ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ပျားလိုမျိုး အင်းဆက်ကိုက်ခံရတာကြောင့် အရေပြားမှာ အင်ပျဉ်ထတဲ့အခါ အုတ်ဂျုံကအသင့်တော်ဆုံးပါ။ အုတ်ဂျုံကို ရေနွေးလေးနဲ့ ၁၅ မိနစ် – မိနစ် ၂၀ စိမ်ပြီး အင်ပျဉ်ပေါ်ကိုလူးပေးရမှာပဲဖြစ်ပါတယ်။

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်က အရေပြားပြဿနာတော်တော်များများကိုသက်သာစေနိုင်တယ်ဆိုတာကို တော်တော်များများသိထားပြီးသားဖြစ်မယ်ထင်ပါတယ်။ အင်ပျဉ်ထတဲ့အခါမှာလည်း အင်ပျဉ်ဖြစ်နေတဲ့နေရာကို ရှာစောင်းလက်ပပ်အသားနဲ့ ပွတ်ပေးလို့ရပါတယ်။ ရှားစောင်းလက်ပပ်က အနာကိုလည်းကျက်စေနိုင်ပါတယ်။

ပန်းသီးဗီနီကာ

အရေပြားပြဿနာတော်တော်များများအတွက် ပန်းသီးဗီနီကာကို သုံးလို့ရပါတယ်။ ဝက်ခြံထွက်တဲ့အခါမှာလည်း ပန်းသီးဗီနီကာကို အသုံးပြုပေးလို့ရပါတယ်။ ပန်းသီးဗီနီကာကို ဂွမ်းစလေးမှာစွတ်ပြီး အင်ပျဉ်ဖြစ်တဲ့နေရာကို လူးပေးမယ်ဆိုရင် အင်ပျဉ်ကြောင့် ယားယံတာကိုသက်သာစေမှာသေချာပါတယ်။

မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါကို အရေပြားပြဿနာတော်တော်များများအတွက် အသုံးပြုလို့ရပါတယ်။ မုန့်ဖုတ်ဆော်ဒါက အရေပြားပြဿနာဖြစ်တဲ့နေရာတွေကို ခြောက်သွေ့အောင်လုပ်ဆောင်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ အင်ပျဉ်ထတဲ့နေရာတွေကို မုန့်ဖုတ်ဆော်ဒါရေဖျော်ပြီး လူးပေးပြီးခြောက်အောင်ထားလိုက်ပါ ပြီးရင်တော့ ရေဆေးချလိုက်ပါ။ အရေပြားယားယံတာကိုသက်သာစေပါလိမ့်မယ်။

သံလွင်ဆီ

သံလွင်ဆီက အရေပြားကို အစိုဓာတ်ထိန်းပေးသလို အနာကျက်စေနိုင်တဲ့အပြင် အရေပြားကိုလည်း အသစ်ဖြစ်ပေါ်စေနိုင်ပါတယ်။ အရေပြားကို ချောမွေ့စေပြီး ယားယံမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

ရေခဲကပ်ပေးပါ

ရေခဲကပ်ပေးတာကလည်း အင်ပျဉ်ကိုတော်တော်သက်သာစေတဲ့နည်းတစ်ခုပါ။ ရေခဲမရှိခဲ့ရင်လည်း ရေအေးဝတ်ကပ်ပေးလို့ရပါတယ်။ အအေးဓာတ်က အရေပြားယားယံတာကိုလျော့ပါးသက်သာစေနိုင် ပါတယ်။

အုန်းဆီနဲ့လက်ဖက်ဆီ

အရေပြားမှာ ပွေးတို့ညှင်းတို့ပေါက်တဲ့အခါမှာလည်း အရေပြားယားယံတာကိုဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး အရေပြား ပြဿနာတွေကြောင့် အရေပြားနီမြန်းယားယံတာမျိုးဖြစ်မယ်ဆိုရင် မှိုပိုးတွေကို သေစေနိုင်စွမ်းရှိတဲ့ လက်ဖက်ဆီတွေနဲ့ အုန်းဆီကိုရောစပ်ပေးပြီး လူးပေးလို့ရပါတယ်။

တမာရွက်

တမာရွက်က အရေပြားပြဿနာတွေကိုတော်တော်လေးကိုသက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ အရေပြားမှာ အင်ပျဉ်ထတဲ့အခါ တမာရွက်ကိုကြိတ်ခြေပြီးလူးပေးလို့ရပါတယ်။ ဒါကလည်း အင်ပျဉ်သက်သာစေမယ့် နည်းလမ်းတစ်ခုပါ။ ဝက်ခြံဖြစ်တဲ့သူတွေအနေနဲ့လည်း တမာရွက်ကို ကြိတ်ခြေပြီး ဝက်ခြံဖြစ်တဲ့နေရာမှာ လူးပေးလို့ရပါတယ်။ တမာရွက်က အရေပြားမှာ ဓာတ်မတည့်မှုဖြစ်စေတဲ့အရာတွေကိုဖယ်ရှားပေးနိုင်တဲ့အာ နိသင်ရှိပါတယ်။

ငှက်ပျောခွံ

အရေပြားအင်ပျဉ်ထတဲ့နေရာတွေကို ငှက်ပျောခွံနဲ့ပွတ်ပေးတာကလည်း အရေပြားပေါ်က ဓာတ်မတည့်မှုတွေ ကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ အရေပြားပြဿနာတွေဖြစ်တဲ့ အရေပြားယားယံတာ၊ နှင်းခူဖြစ်တာနဲ့ ဝက်ခြံတွေ သက်သာစေဖို့အတွက်လည်း ငှက်ပျောခွံနဲ့ပွတ်ပေးလို့ရပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ့်ကလေး အမြဲအသားခြောက်လို့ စိတ်ညစ်နေရပြီလား

ကလေး အသားခြောက် အရေပြား ကျန်းမာရေး အစာအာဟာရ ရေဓာတ် အစိုဓာတ် နေရောင်ခြည် ဆဲလ်သေ ရေချိုး အသားအရေ အသီးအနှံ ဟင်းသီးဟင်းရွက် နွေရာသီ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ပဲသီးလေး နဲ့ ကျန်းမာရေး

မုန့်ဟင်းခါး အကျိုးကျေးဇူးတွေ ကျန်းမာရေး ပရိုတင်း ဗီတာမင် B Complex ပင်ပန်းနွမ်းနယ် ခန္ဓာကိုယ် အမျှင်ဓာတ် ဇီဝကမ္မဖြစ်စဉ် ကယ်လ်ဆီယမ် အာရုံကြော

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ

ကိုယ်လက်လှုပ်ရှားမှု ခန္ဓာကိုယ် ဦးနှောက်နဲ့အာရုံကြော သားသားမီးမီး လေ့ကျင့်ခန်း နှလုံး နှလုံး ကြွက်သား သွေးကြောပိတ်ဆို့မှု ခန္ဓာကိုယ် လေဖြတ် အဆုတ် ကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ယုဇနပန်း လှလှလေး ကပေးတဲ့ ကျန်းမာရေး

အဆင်အသွေး ယုဇနပန်း ရာသီဥတု ကျန်းမာရေး အသားအရေ အရေပြား သွားကိုက် သွားပိုးပေါက် သွားဖုံး သွားကိုက်သွားနာ မွေးကျွတ်နာ ကိုယ်အလေးချိန် အနာ မနက်ခင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ခန္ဓာကိုယ် အပူချိန်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်မယ့် အစားအစာ (၅) မျိုး

ခန္ဓာကိုယ် အပူချိန်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်မယ့် အစားအစာ (၅) မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020
သားဆက်ခြားစားဆေးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားနိုင်ခြင်းအပြင် အခြားရရှိနိုင်‌သော အကျိုးကျေးဇူးများ

သားဆက်ခြားစားဆေးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားနိုင်ခြင်းအပြင် အခြားရရှိနိုင်‌သော အကျိုးကျေးဇူးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020
နုနယ်လှတဲ့ မျက်ဝန်းအစုံကို ဂရုစိုက်ကြမယ်

နုနယ်လှတဲ့ မျက်ဝန်းအစုံကို ဂရုစိုက်ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020

အုန်းဆီကို သွားကျန်းမာရေးအတွက် ဘယ်လိုအသုံးပြုမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020