လူတိုင်းကြည့်ကောင်းချင်ကြသည် လှချင်ကြသည်ချည်းဖြစ်သည်။ နေ့စဉ်သုံး အသားရေထိန်းပစ္စည်းများက သင့် အသားရေကို အဆီပြန်ခြင်းလျှော့ချခြင်း၊ ချွေးပေါက်များကို သန့်စင်ပေးခြင်းနှင့် ဝက်ခြံများကို သက်သာစေခြင်း၊ ကာကွယ်ပေးခြင်း စသည်တို့ဖြင့်များစွာအထောက်အကူပြုနိုင်ပါသည်။ ဝက်ခြံမဖြစ်အောင်ထိန်းသိမ်းရာတွင် အချိန်သိပ်ပေးရန်မလိုသလို ဈေးကြီးသောပစ္စည်းများကိုသာ အသုံးပြုရန်လည်းမလိုပါ။ အောက်ပါနည်းလမ်းများသည် သင့်အတွက် သန့်စင်ကြည်လင်သော အသားရေကို ပိုင်ဆိုင်နိုင်ရန် ကူညီပေးလိမ့်မည်။
- သင်သုံးနေသော အစိုဓါတ်ထိန်းခရင်မ်တွင် နေရောင်ကာပစ္စည်းပါကောင်းပါနိုင်သည်။ သို့သော် သင့် အရေပြားသည် နေရောင်နှင့် ၁၅ မိနစ်ကြာထိတွေ့ရုံနှင့် ပျက်စီးနိုင်သောကြောင့် နေရောင်ကာခရင်မ်ကို သီးသန့် ထပ်လိမ်းခြင်းက အကောင်းဆုံးဖြစ်သည်။
- သင့်အသက်ငယ်ရွယ်သော်လည်း အရေပြားကင်ဆာဖြစ်နိုင်ချေရှိကြောင်း သတိပြုပါ။
- ခရမ်းလွန်ရောင်ခြည် A နှင့် B ကို ကာကွယ်ပေးသော SPF အနည်းဆုံး ၃၀ ပါဝင်သည့် ခရင်မ်မျိုးကို ရွေးချယ်ပါ။
အချုပ်ဆိုရသော် ဝက်ခြံကိုကာကွယ်ရန် မှန်ကန်သော ပစ္စည်းများဖြင့် သင့် အရေပြားကို ထိန်းသိမ်းခြင်းသည် အရေးကြီးပါသည်။ အထက်ပါအကြံပေးချက်များကို လိုက်နာခြင်းဖြင့် ကျန်းမာသော အရေပြားပိုင်ရှင်များဖြစ်ကြပါစေ။