backup og meta

ကပ်ပါးပိုးကူးစက်ခြင်းအကြောင်း

ကပ်ပါးပိုးမွှားများဟာ သူတို့ရဲ့ ရပ်တည်ရေးအတွက် တခြားသက်ရှိတွေအပေါ်မှာ မှီခိုရှင်သန်နေကြပါတယ်။ ကပ်ပါးပိုးအချို့ဟာ သူတို့မှီခိုတဲ့ သက်ရှိတွေအပေါ် သိပ်ပြီး ဒုက္ခမပေးတတ်ပါဘူး။ ဝင်ရောက်နေမှန်းလည်း မသိသာပါဘူး။

ကပ်ပါးပိုးကူးစက်ခြင်းအကြောင်း

ဒါပေမယ့် ကပ်ပါးပိုးမွှားအချို့ကတော့ သူတို့အိမ်ရှင်ခန္ဓာကိုယ်ထဲမှာ ထပ်မံပေါက်ပွားကြပြီး အရေးကြီး ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများထဲထိ ထိုးဖောက်ဝင်ရောက်ပြီး ရောဂါဘယများ ဖြစ်ပွားစေတတ်ပါတယ်။ အဆိုပါ အခြေအနေကို ကပ်ပါးရောဂါပိုး ကူးစက်ခြင်း (Parasitic Infection) လို့ ခေါ်ဝေါ်ပါတယ်။

ကပ်ပါးရောဂါပိုး ကူးစက်ခြင်းဟာ အပူပိုင်းဒေသနဲ့ သမပိုင်းဒေသတွေမှာ ပိုမိုကြုံတွေ့ရပါတယ်။ ကပ်ပါးပိုးမွှားကြောင့်ဖြစ်တဲ့ အဆိုးဆုံးရောဂါတခုကတော့ ငှက်ဖျားရောဂါပဲ ဖြစ်ပါတယ်။ အသက်အန္တရာယ်ထိ ကြုံတွေ့နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ တခြားသော ကပ်ပါးကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေကတော့

– Trichomoniasis

– Giardiasis

– Cryptosporidiosis

– Toxoplasmosis

စတာတွေ ဖြစ်ပါတယ်။

ကပ်ပါးပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ

ရောဂါလက္ခဏာတွေဟာ ရောဂါပိုးအမျိုးအစားပေါ်မူတည်ပြီး ကွဲပြားပါတယ်။ အဓိကအားဖြင့် တွေ့ရတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

• Trichomoniasis ဟာ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါ ဖြစ်ပါတယ်။ များသောအားဖြင့် လက္ခဏာမပြတတ်ပါဘူး။ တခါတရံမှာ လိင်အင်္ဂါဝန်းကျင်မှာ နီရဲခြင်း၊ ယားယံခြင်း၊ ပုံမှန်မဟုတ်သော အရည်များထွက်ခြင်း စတာတွေ ကြုံရပါတယ်။

• Giardiasis ကတော့ ဝမ်းပျက်ခြင်း၊ လေပွခြင်း၊ ဗိုက်အောင့်ခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်း စတာတွေ ဖြစ်စေပါတယ်။

• Cryptosporidiosis မှာတော့ အစာအိမ်အော်င့ခြင်း၊ ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ ဖျားနာခြင်း စတာတွေ ကြုံရပါတယ်။

• Toxoplasmosis ဖြစ်ရင်တော့ တုပ်ကွေးလက္ခဏာတွေ ကြုံရတတ်ပါတယ်။ ကြွက်သားများ ကိုက်ခဲခြင်း၊ အကျိတ်များရောင်ခြင်း၊ တလကျော်ကျော်လောက် နာကျင်ကိုက်ခဲနေတတ်ခြင်းတွေ ကြုံရပါတယ်။

ကပ်ပါးပိုးဝင်ခြင်း ဘာကြောင့် ဖြစ်သလဲ

ကပ်ပါးပိုး သုံးမျိုးကြောင့် ဖြစ်ပွားရပါတယ်။ အဆိုပါ ကပ်ပါးပိုးတွေကတော့

• ပရိုတိုဇိုဝါ (protozoa)

• ဟဲလ်မင့် (Helminthes)

• အက်တိုပါရာဆိုဒ် (ectoparasites) စတာတွေ ဖြစ်ပါတယ်။

Protozoa ရောဂါပိုးဟာ ဆဲလ်တခုတည်းသာရှိတဲ့ သက်ရှိတမျိုးဖြစ်ပြီး ကိုယ်ခန္ဓာထဲမှာ ရှင်သန်နေထိုင်နိုင်၊ ပေါက်ပွားနိုင်ပါတယ်။ giardiasis ရောဂါဖြစ်ပွားစေတဲ့ ရောဂါပိုးဟာ ပရိုတိုဇိုဝါ အမျိုးအစားဖြစ်ပါတယ်။ အဆိုပါပိုးပါတဲ့ရေကို သောက်မိရာကနေ ကူးစက်နိုင်ပြီး ဆိုးရွားပြင်းထန်တဲ့ ရောဂါတမျိုးဖြစ်ပါတယ်။

Helminths ကတော့ ဆဲလ်အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ သက်ရှိဖြစ်ပြီး ကိုယ်ခန္ဓာပြင်ပမှာရော အတွင်းမှာပါ ရှင်သန်နိုင်ပါတယ်။ သန်ကောင်မျိုးစုံဟာ ဒီအမျိုးအစားမှာ ပါဝင်ပါတယ်။ သန်ကောင်၊ သန်ပြားကောင်၊ တုတ်ကောင် စတာတွေ ဖြစ်ပါတယ်။

Ectoparasites အမျိုးအစားကတော့ အရေပြားပေါ်မှာ နေကြပါတယ်။ အင်းဆက်အချို့လည်း ပါဝင်ပါတယ်။ သန်း၊ မွှား၊ လှေး စတာမျိုးတွေ ဖြစ်ပါတယ်။

ကပ်ပါးပိုးတွေဟာ နည်းလမ်းမျိုးစုံနဲ့ ပျံ့နှံ့ဖြစ်ပွားစေပါတယ်။ ဥပမာ ပရိုဆိုဇိုဝါနဲ့ ဟဲလ်မင့်ကပ်ပါးများဟာ ရေ၊ အစားအစာ၊ မြေကြီး၊ သွေး၊ အညစ်အကြေး စတာတွေကနေ ကူးစက်ပျံ့နှံ့နိုင်ပါတယ်။ တချို့ကတော့ လိင်မှတဆင့် ကူးစက်ပါတယ်။ တချို့ကတော့ အင်းဆက်များကနေ တဆင့်ခံ ကူးစက်တတ်ပါတယ်။ ဥပမာ ငှက်ဖျားဖြစ်စေတဲ့ ပရိုတိုဇိုဝါပိုးဟာ ခြင်ကိုက်ရာကနေ တဆင့်ကူးစက်စေပါတယ်။

ဘယ်လိုကာကွယ်မလဲ

ကပ်ပါးပိုးကူးစက်နိုင်ခြေနည်းအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ၎င်းတို့ကတော့

လိင်ဆက်ဆံရာမှာ ဘေးကင်းစိတ်ချရတဲ့ နည်းလမ်းတွေသုံးပါ (ဥပမာ ကွန်ဒုံး)

– လက်ကိုမကြာခဏဆေးပါ။ အထူးသဖြင့် မချက်ပြုရသေးတဲ့ အစားအစာတွေ၊ အညစ်အကြေးတွေကို ကိုင်တွယ်ပြီးရင် ဖြစ်ပါတယ်။

– အစားအစာမျိုးကို အမျိုးအစားအလိုက် သတ်မှတ်အပူချိန်နဲ့ ကျက်အောင်ချက်ပြုတ်ပါ။

သန့်ရှင်းစိတ်ချရသောရေကိုသာ သောက်ပါ။ မြစ်ရေ၊ ကန်ရေများဆိုရင် ကျိုချက်ပြီးမှ သောက်သုံးပါ။

– ကိုယ်ဝန်ရှိနေချိန်မှာ ကြောင်များကို ကိုင်တွယ်ခြင်း၊ ၎င်းတို့ အညစ်အကြေးများကို သန့်ရှင်းခြင်း မလုပ်ပါနဲ့။

မိမိမှာ ရောဂါပိုးကူးစက်ခံရတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ ပြသပါ။ စောစီးစွာပြသပြီး ကုသမှုခံယူရင် မိမိရောဂါမြန်မြန်ပျောက်နိုင်သလို တခြားသူတွေဆီ ကူးစက်နိုင်ခြင်းကိုလည်း ကာကွယ်ပေးပါလိမ့်မယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/parasitic-infections Accessed Date 12 October 2020

ယခုပုံစံ

09/08/2022

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Mycoplasma Pneumonia (Mycoplasma ကပ်ပါးပိုး ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ )

သင့်အစားအစာများထဲမှာ ခိုအောင်းနေနိုင်သော ကပ်ပါးပိုးနှင့် ဘက်တီးရီးယားများ


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement