အဓိပ္ပါယ်ဖွင့်ဆိုချက်
Head injury (ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိခြင်း) ကဘာလဲ။
ဦးနှောက်ဒဏ်ရာအပြင်းအထန်ရရှိခြင်းဆိုသည်မှာ ပြင်ပဒဏ်ရာတစ်ခုခုကြောင့်ဦးနှောက်ကို အလုပ်မလုပ်စေတော့တဲ့အခါဖြစ်ပေါ်လာပါတယ်။ ဦးခေါင်း သို့ ခန္ဓါကိုယ်ကိုအပြင်းအထန်ထိခိုက်မိတဲ့အခါဦးနှောက်ဒဏ်ရာရရှိခြင်းဖြစ်ပေါ်လာပါတယ်။ ကျည်ဆံ သို့ ဦးခေါင်းခွံအပိုင်းအစကဲ့သို့ဦးခေါင်းခွံထဲသို့ထိုးဖောက်နိုင်သည့်အရာများကြောင့်လည်းဦးနှောက်ဒဏ်ရာရရှိတတ်ပါတယ်။
Head injury (ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိခြင်း) က ဘယ်လောက်အဖြစ်များသလဲ
ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာမှပေးပို့ချက်များအရ အမေရိကန်တွင်နှစ်စဉ်ဦးခေါင်းထိခိုက်ဒဏ်ရာရရှိမှု ၁.၇ သန်းရှိပြီး ဦးခေါင်းဒဏ်ရာကြောင့်သေဆုံးခြင်းဟာ ဒဏ်ရာရရ၍ သေဆုံးရခြင်းတွေရဲ့ ၃၀.၅ ရာခိုင်နှုန်း ရှိပါတယ်။ ဆယ်ကျော်သက်အကြီးပိုင်းများဖြစ်တဲ့၁၅ နှစ်မှ ၁၉ နှစ်အထိ ၊ အသက်၆၅ နှစ်နှင့် အကြီးပိုင်းများ ၊ အသက်အရွယ်မရွေးယောက်ျားလေးများဟာ ဦးခေါင်းဒဏ်ရာရရှိနိုင်ချေအများဆုံးဖြစ်ပါတယ်။
အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လက္ခဏာများ
Head injury (ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
ဦးခေါင်းဒဏ်ရာရရှိပြီးနောက်မှာ အောက်ပါရောဂါလက္ခဏာတွေဟာ နာရီပိုင်းမှရက်ပိုင်းအတွင်းပေါ်လာနိုင်သကဲ့သို့ဦးနှောက်ဒဏ်ရယးာအလယ်အလတ်မှ ပြင်းပြင်းထန်ထန်ရရှိပြီးတဲ့အခါမှာလည်း ရောဂါလက္ခဏာအအသေးစားများ ပေါ်လာနိုင်ပါတယ်။
- ကိုယ်ပိုင်းဆိုင်ရာလက္ခဏာများ ။
– မိနစ်ပိုင်းမှနာရီပိုင်းအထိသတိလစ်ခြင်း။
– အမြဲခေါင်းကိုက်နေခြင်း သို့ ခေါင်းကိုက်ခြင်းပိုဆိုးလာခြင်း။
– ခဏခဏမူးဝေပျို့အန်နေခြင်း၊
– တက်ခြင်း ၊
– မျက်လုံးသူငယ်အိမ်တစ်ဖက် သို့ နှစ်ဖက်စလုံးကျယ်လာခြင်း၊
– နှာခေါင်း သို့ နားမှ အရည်ကြည်များ ထွက်လာခြင်း ၊
– အိပ်နေရာမှ မနိုးတော့ခြင်း ၊
– လက်ချောင်း ခြေချောင်းများ ထုံနေခြင်း၊
– ခန္ဓါကိုယ်ကိုလိုက်လျောညီထွေဖြစ်အောင်မထိန်းချုပ်နိုင်တော့ခြင်း၊
- စိတ်ပိုင်းဆိုင်ရာပြသနာများ ။
– စိတ်ရှုပ်ထွေးခြင်း၊
– ဂျီကျခြင်း ၊ရန်လိုခြင်း သို့ အပြုအမူများပြောင်းလဲလာခြင်း၊
– စကားပြောလျက်လုံးထွေးလာခြင်း၊
– ကြာရှည်သတိလစ်ခြင်း နှင့်သတိလစ်ခြင်းနှင့်ဆိုင်သောပြသနာများ ၊
ဦးနှောက်ဒဏ်ရာရရှိသော ကလေးငယ်များနှင့် မွေးကင်းစကလေးများတွင် ခေါင်းကိုက်ခြင်း ၊ အာရုံကြောပြသနာများ ၊ စိတ်ရှုပ်ထွေးခြင်းများနှင့် အလားတူပြသနာများကို သင့်ကိုပြောပြနိုင်မည်မဟုတ်ပါ။ ဦးနှောက်ဒဏ်ရာရရှိသောကလေးငယ်များတွင် အောက်ပါလက္ခဏာများကို သင်တွေ့ရှိရပါလိမ့်မယ်။
– အစာစားခြင်း သို့ နို့တိုက်ရသည့် ပုံစံများပြောင်းလဲလာခြင်း၊
– အမြဲငိုနေခြင်းနှင့် ချော့ရခက်လာခြင်း ၊
– ပုံမှန်မဟုတ်ပဲ လွယ်လွယ်ကူကူဂျီကျလာခြင်း ၊
– အာရုံစူးစိုက်နိုင်မှုနည်းလာခြင်း ၊
– အိပ်စက်သည့်အလေ့အထများပြောင်းလဲလာခြင်း ၊
– ဝမ်းနည်း အားငယ်လာခြင်း ၊
– အရုပ်များ သို့ လှုပ်ရှားမှုများကို စိတ်ဝင်စားမှုနည်းလာခြင်း။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
သင့်ရဲ့ကလေးဟာ ဦးခေါင်းဒဏ်ရာရရှိပြီး အပြုအမူပြောင်းလဲမှုတွေဖြစ်နေပြီဆိုလျှင်တော့ ဆရာဝန်နှင့် ပြသသင့်ပါပြီ။ဦးခေါင်းဒဏ်ရာရရှိပြီး ဦးနှောက်ဒဏ်ရာရရှိခြင်းရဲ့ရောဂါလက္ခဏာတွေဖြစ်နေပြီဆိုလျှင်တော့ ဆေးဝါးကုသမှုကိုချက်ခြင်းခံယူသင့်ပါပြီ။
အကြောင်းရင်းများ
Head injury (ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိခြင်း) ကိုဘာတွေကဖြစ်စေသလဲ
ဦးနှောက်ဒဏ်ရာရရှိစေသော အထူးသဖြင့် ပြင်းပြင်းထန်ထန်ဦးခေါင်းဒဏ်ရာရရှိစေသော အကြောင်းရင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
– ပြုတ်ကျခြင်း ။
အိပ်ယာပေါ်မှပြုတ်ကျခြင်း၊ ရေချိုးခန်းထဲတွင်ချော်လဲခြင်း၊ လှေကားထစ်မှပြုတ်ကျခြင်းနှင့် အစရှိတဲ့ပြုတ်ကျခြင်းတွေက ဦးနှောက်ဒဏ်ရာရရှိခြင်းကိုဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့်သက်ကြီးပိုင်းဆယ်ကျော်သက်များနှင့် ကလေးငယ်များတွင်အဖြစ်များပါတယ်။
– ယာဉ်တိုက်မှုများ ။
ကား ၊ ဆိုင်ကယ် သို့ စက်ဘီးတိုက်မှုများ နှင့်လမ်းလျှောက်သူများတွင် ဦးနှောက်ဒဏ်ရာရရှိခြင်းအဖြ်းများကြပါတယ်။
– ပြင်းပြင်းထန်ထန်ထိခိုက်မှုများ။
ဦးနှောက်ဒဏ်ရာရရှိခြင်းရဲ့ ၂၀ ရာခိုင်နှုန်းခန့်ဟာ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခြင်းတွေဖြစ်တဲ့သေနတ်ဒဏ်ရာရရှိခြင်း ၊ အိမ်တွင်းရန်ဖြစ်ခြင်း သို့ ကလေးငယ်များနှိပ်စက်ခံရခြင်း ။ မွေးကင်းစကလေးငယ်ကိုပြင်းပြင်းထန်ထန်လှုပ်တဲ့အခါ ကလေးရဲ့ဦးနှောက်ဆဲလ်များပျက်စီးကုန်ပြီး ဦးနှောက်ထိခိုက်ဒဏ်ရာရရှိပါတယ်။
-အားကစားထိခိုက်ဒဏ်ရာများ။
ဦးနှောက်ဒဏ်ရာရရှိခြင်းဟာ ဘောလုံးကစားခြင်း၊လက်ဝေ့ထိုးခြင်း၊ဘေ့ဟ်ဘောကစားခြင်း၊စကိတ်စီးခြင်း၊ဟော်ကီရိုက်ခြင်းစတဲ့အားကစားများကြောင့်လည်းဒဏ်ရာရရှိနိုင်ပြီးလူငယ်များတွင်အဖြစ်များပါတယ်။
– ပြင်းပြင်းထန်ထန်ပေါက်ကွဲခြင်း နှင့်စစ်ပွဲများမှရရှိသောဒဏ်ရယများ ။
ပြင်းပြင်းထန်ထန်ပေါက်ကွဲခြင်းများဟာ ဦးနှောက်ဒဏ်ရာရရှိခြင်းရဲ့အဓိကအကြောင်းအရင်းတွေထဲကတစ်ခုဖြစ်ပြီး စစ်သားတွေမှာအဖြစ်များပါတယ်။ ဖြစ်စေမှုပုံစံကိုသေချာမသိသော်လည်း လေ့လာစမ်းသပ်သူများဟာ ဦးနှောက်ကိုဖြတ်သွားတဲ့ဖိအားလှိုင်းများဟာဦးနှောက်အလုပ်များကို သိသိသာသာနှောက်ယှက်စေတယ်လို့ယုံကြည်ကြပါတယ်။
ဖြစ်နိုင်ခြေများ
Head injury (ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
ဦးနှောက်ဒဏ်ရာအရနိုင်ဆုံးသူတွေကတော့..
– ကလေးငယ်များ အထူးသဖြင့် မွေးကင်းစမှ အသက်၄ နှစ်အထိကလေးငယ်များ ။
– အသက်၁၅ နှင့် ၂၄ ကြားလူငယ်များ။
– အသက်၇၅ နှစ်နှင့်အထက်လူကြီးများ ။
မည်သည့်အားကစားများက ဦးနှောက်ဒဏ်ရာရရှိခြင်းကိုအများဆုံးဖြစ်စေသလဲ။
၂၀၀၈ ခုနှစ်တွင်အောက်ပါအားကစားများဟာ ဦးနှောက်ဒဏ်ရာရရှိခြင်းကိုအများဆုံးဖြစ်စေခဲ့ပါတယ်။
– စက်ဘီးစီးခြင်း၊ ဘောလုံးကန်ခြင်း၊ ဘက်စကတ်ဘောကစားခြင်း၊ ဘေ့စ်ဘောကစားခြင်း။
အမေရိကမှ ဦးနှောက်ဒဏ်ရာဆိုင်ရာအဖွဲ့အစည်းထုတ်ပြန်ချက်အရ အောက်ပါအားကစားများဟာ အသက် ၅ နှစ်နှင့် ၁၈ နှစ်ကြားကလေးငယ်များတွင်ဦးနှောက်ဒဏ်ရာရရှိစေပါတယ်။
– စက်ဘီးစီးခြင်း၊ ဘောလုံးကန်ခြင်း၊ ဘက်စကတ်ဘောကစားခြင်း၊ ဘေ့စ်ဘောကစားခြင်း ။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Head injury (ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဦးနှောက်ဒဏ်ရာရရှိခြင်းကို ချက်ချင်းမကုသလျှင် နောက်ဆက်တွဲပြသနာများအလွန်ဆိုးဝါးနိုင်တာကြောင့် ဆရာဝန်ဟာ ချက်ချင်းမြန်မြန်စမ်းသပ်ဖို့လိုအပ်ပါလိမ့်မယ်။ဦးခေါင်းဒဏ်ရာကိုခန့်မှန်းဖို့ရာ GCS ကိုအသုံးပြုပါတယ်။ ထိုအရာဟာ ဦးနှောက်မည်မျှပျက်စီးပြီးကြောင်း၊ ရောဂါလက္ခဏာ နှင့် မည်မျှပြင်းထန်ကြောင်းတို့ကိုအခြေခံကာပြုလုပ်ထားသည့်အတိုင်းအတာတစ်ခုဖြစ်ပါတယ်။ အကယ်၍ သင်ဟာဒဏ်ရာရရှိလာသောတစ်ယောက်ယောက်ကိုတွေ့ရှိခဲ့လျှင်ထိုလူနာရဲ့အခြေအနေကိုခန့်မှန်းနိုင်ဖို့အောက်ပါမေးခွန်းများမေးရပါမယ်။
– ဘယ်လိုဒဏ်ရာရရခဲ့တာလဲ။
– သတိမေ့ခဲ့သေးလား ။
– သတိမေ့နေတာဘယ်လောက်ကြာပြီလဲ။
– သတိရှိမှု ၊စကားပြောခြင်း နှင့် လိုက်လျောညီထွေရှိခြင်းတို့တွင်ပြောင်းလဲခြင်းရှိမရှိ သို့ အခြားရောဂါလက္ခဏာများ ။
– ဘယ်နေရာမှာဦးနှောက်နဲ့အခြားအစိတ်အပိုင်းများ ထိခိုက်မိခဲ့တာလဲ။
– ဒဏ်ရာရရှိစေတဲ့အားဘယ်လောက်ပြင်းကြောင်း ပြောပြနိုင်မလား ။ ဥပမာ လူရဲ့ခေါင်းကိုထိခိုက်မိတဲ့အခါ ထိုလူဟာ ဘယ်လောက်မထိလွင့်သွားသလဲ။
– လူရဲ့ခန္ဓါကိုယ်ဟာ လည်သွားတာမျိုးဖြစ်ခဲ့သေးလား ။
– CT နှင့် MRIBရိုက်ခြင်းများကို ဦးခေါင်းဒဏ်ရာရရှိတဲ့အခါစမ်းသပ်ဖို့အသုံးပြုပါတယ်။
Head injury (ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိခြင်း) ကို ဘယ်လိုကုသပါသလဲ
အလယ်အလတ်မှ ပြင်းပြင်းထန်ထန်ဦးနှောက်ဒဏ်ရာရရှိခြင်းများအတွင်အရေးပေါ်ကုသရေးရဲ့ရည်ရွယ်ချက်ကတော့ သွေးနှင့်အောက်စီဂျင်လုံလောက်စေရန် ၊ သွေးဖိအားပုံမှန်ဖြစ်စေရန်နှင့် အခြားဦးခေါင်းနှင့်လည်ပင်းဒဏ်ရာများမှကာကွယ်ပေးရန်ဖြစ်ပါတယ်။ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိသောလူများတွင်အခြားဒဏ်ရာများလည်းရှိနိုင်ပါသေးတယ်။ အရေးပေါ်ကုသခန်းတွင်အခြားကုသမှုများကတော့ ရောင်ခြင်း ၊သွေးထွက်ခြင်း သို့ ဦးနှောက်သို့အောက်စီဂျင်နည်းသွားခြင်းများကြောင့်ရရှိလာမယ့်ပျက်စီးမှုများမှကာကွယ်ပေးခြင်းဖြစ်ပါတယ်။
ဒဏ်ရာရပြီးတဲ့အခါ နောက်ထပ်ထိခိုက်မှုတွေကိုလျော့ချပေးနိုင်မယ့်ကုသမှုတွေကတော့…
ဆီးဆေးများ ။ ဆီးဆေးများဟာ ဆိးများများသွားစေပြီး တစ်ရှူးများရှိအရည်ပမာဏကိုလျော့ချပေးကာ ဦးနှောက်ရှိဖိအားများကိုကျစေပါတယ်။
အတက်ကျဆေးများ ။ ဦးနှောက်ဒဏ်ရာရရှိပြီးသူများဟာ ဒဏ်ရာရပြီးတစ်ပါတ်အတွင်းမှာ တက်နိုင်ချေရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ထို့ကြောင့်တက်ခြင်းကြောင့်ဖြစ်တဲ့ဦးနှောက်ဒဏ်ရာများကိုလျော့ချဖို့ အတက်ကျဆေးများကို တစ်ပါတ်အတွင်းပေးရပါမယ်။
အချိန်ကြာကြာသတိမေ့နေစေမည့်ဆေးများ ။ အချို့ဆရာဝန်များဟာ သတိမေ့နေတဲ့ဦးနှောက်ဟာ အလုပ်လုပ်ဖို့အောက်စီဂျင်နည်းနည်းပဲလိုတာကြောင့် ထိုဆေးများကိုအသုံးပြုပြီး သတိမေ့နေအောင်ပြုလုပ်ကြပါတယ်။ သွေးကြောများဟာ ဦးနှောက်ထဲမှာဖိမိနေပြီး ဦးနှောက်ဆဲလ်များသို့ အောက်စီဂျင်နှင့် အာဟာရများကိုလုံလုံလောက်လောက်မပို့နိုင်တဲ့အခါ ယခုနည်းဟာ အသုံးဝင်ပါတယ်။
ဦးနှောက်တစ်ရှူးများကို ထပ်ပြီးထိခိုက်မှုမဖြစ်စေဖို့ ချက်ချင်းခွဲစိတ်ဖို့လိုပါလိမ့်မယ်။ ခွဲစိတ်ရာတွင်ပိတ်နေသာ သွေးကြောများကိုဖယ်ရှားခြင်း ၊ ဦးခေါင်းခွံအကွဲများကိုဖယ်ရှားခြင်း ၊ ဦးခေါင်းခွံဖွင့်ခြင်းတို့ကိုပြုလုပ်ပါလိမ့်မယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းများ ။
သင်ဟာပြင်းပြင်းထန်ထန်ဦးနှောက်ထိခိုက်မှုရရှိပြီးတဲ့အခါ ဦးနှေုက်ပြန်ပြီးအလုပ်လုပ်ဖို့ ပြန်လည်ပြုပြင်တည်ဆောက်ဖို့လိုပါလိမ့်မယ်။ ပြန်လည်ပြုပြင်သည့်ပုံစံမှာ ဒဏ်ရာကြောင့်ဦးနှောက်ရဲ့မည်သည့်လုပ်ဆောင်ချက်ပျက်စီးသွားသလဲဆိုတာအပေါ်မူတည်ပါတယ်။ဦးနှောက်ဒဏ်ရာရရှိတဲ့လူတော်တော်များများဟာလှုပ်ရှားမှုနှင့် စကားပြောရာတို့တွင်ပြန်လည်ကောင်းမွန်ဖို့အကူအညီလိုအပ်ပါတယ်။
ဦးခေါင်းပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခြင်းမှဘယ်လိုကာကွယ်နိုင်မလဲ။
- ခါးပါတ်၊ လေအိတ်များနှင့်အတူထိုင်ပါ ။
ကားပေါ်တွင်အမြဲခါးပတ်ပတ်ထားပါ ။ ခလေးငယ်များဟာ အမြဲကားနောက်ခန်းမှာပဲထိုင်သင့်ပြီးကလေးရဲ့အရပ်နဲ့အလေးချိန်နှင့်ကိုက်ညီမယ့်အကာအကွယ်ပေးနိုင်မယ့်ခုံများတ့်င်ထားပါ။
- အရက်နှင့်ဆေးသုံးစွဲခြင်း။
ဆေးသုံးစွဲထားလျှင် ၊ မူးနေလျှင် ကားမမောင်းရပါ ။ ကားမမောင်းရန်သတိပေးထားသည့်ဆေးများသောက်ထားလျှင်လည်း မမောင်းသင့်ပါ ။
- အကာအကွယ်ဦးထုတ်ဆောင်းခြင်း။
စက်ဘီး၊ စကိတ် ၊ ဆိုင်ကယ်များစီးတဲ့အခါ ဦးခေါင်းကိုကာကွယ်ပေးနိုင်မည့်ဦးထုတ်ဆောင်းရပါမယ်။ ဘေ့စ်ဘော ၊ စကိတ် ၊ နှင်းလျောစီးခြင်း သို့ မြင်းစီးသည့်အခါများတွင်လည်းသင့်တော်မယ့်ဦးခေါင်းကာကွယ်ပေးနိုင်မည့်အရာကိုဝတ်ဆင်ရပါမယ်။
- ကလေးငယ်များတွင်ဦးခေါင်းဒဏ်ရာရရှိခြင်းမှကာကွယ်ခြင်း။
– လှေကားထိပ်တွင်အကာအကွယ်ပေးနိုင်မည့်အရာများတပ်ဆင်ပါ ။
– လှေကားတွင်အမှိုက်ပစ္စည်းများရှင်းလင်းနေပါစေ ။
– ပြုတ်ကျခြင်းများမှကာကွယ်ရန် ပြူတင်းပေါက်အကာအကွယ်များတပ်ဆင်ပါ။
– ရေချိုးခန်းများတွင်မချောမည့်အခင်းများတပ်ဆင်ပါ ။
– ကစားကွင်းတွင်အကာအကွယ်ပေးနိုင်မည့်အရာများရှိပါစေ။
– ကလေးများကို မီးသတ်လှေကားများပေါ်တွင် မကစားပါစေနှင့် ။
အကယ်၍သင့်တွင်မေးခွန်းများရှိသေးလျှင်တော့ အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-bmi]