အဓိပ္ပါယ်ဖွင့်ဆိုချက်
Epilepsy: Complex Partial Seizures (တက်ခြင်း( ရှုပ်ထွေးလှသောတစ်ဝက်တစ်ပျက်တက်ခြင်း)) ကဘာလဲ။
ရှုပ်ထွေးလှတဲ့တစ်ဝက်တစ်ပျက်တက်ခြင်းဆိုသည်မှာ အာရုံစူးစိုက်မှုချို့ယွင်းပြီးသတိလက်လွတ်တက်ခြင်းမျိုးဖြစ်ပါတယ်။
ဒီလိုတက်ခြင်းဟာဦးနှောက်ရဲ့နေရာတစ်နေရာကနေစပြီးများသောအားဖြင့် ဦးနှောက်ရဲ့ဘေးဘက်ဖြစ်လေ့ရှိပါတယ်
Epilepsy: Complex Partial Seizures (တက်ခြင်း( ရှုပ်ထွေးလှသောတစ်ဝက်တစ်ပျက်တက်ခြင်း)) က ဘယ်လောက်အဖြစ်များသလဲ
တက်တဲ့လူများတွင်ယခုပုံစံမျိုးဟာအဖြစ်အများဆုံးဖြစ်ပါတယ်။ ဒီလိုတက်ခြင်းဟာ ဦးနှောက်လေဖြတ်ထားတဲ့လူတွေမှာတွေ့ရလေ့ရှိပါတယ်။ တက်တဲအြခါ ခြေ ၊ လက်တွေနဲ့ အခြားအစိတ်အပိုင်းတွေရဲ့လှုပ်ရှားမှုဟာမထိန်းချုပ်နိုင်အောင်ဖြစ်လာတတ်ပါတယ်။ ယခုလိုတက်ခြင်းဟာ အချိန်အရမ်းတိုပြီး တက်တဲ့လူဟာလည်း ပတ်ဝန်းကျင်ကိုသတိထားမိမှာမဟုတ်ပါဘူး။ သူတို့ဟာအချိန်ခဏလေး သတိလက်လွတ်ဖြစ်သွားတတ်ပါတယ်။ အန္တရာယ်ရှိတာတွေကိုလျှော့ချပြီး ရောဂါကိုသက်သာအောင်ကုသနိုင်ပါတယ်။ အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လက္ခဏာများ
Epilepsy: Complex Partial Seizures (တက်ခြင်း( ရှုပ်ထွေးလှသောတစ်ဝက်တစ်ပျက်တက်ခြင်း)) ရဲ့လက္ခဏာတွေကဘာတွေလဲ
ဖြစ်နိုင်တဲ့ရောဂါလက္ခဏာတွေကတော့အများကြီးရှိပါတယ်။ သို့သော်လည်းရောဂါလက္ခဏာများဟာ တက်နေတဲ့အချိန်မှာသာဖြစ်လေ့ရှိပြီး အခြားအချိန်မှာမဖြစ်ပါဘူး။ တက်တဲ့အခါလည်းမိနစ်အနည်းငယ်သာကြာတတ်ပါတယ်။ဦးနှောက်ရဲ့ထိပ်ပိုင်းမှစပြီးဖြစ်တဲ့တက်ခြင်းဟာ ဦးနှောက်ဘေးဘက်မှစဖြစ်တဲ့တက်တာထက် ပိုပြီးအချိန်တိုလေ့ရှိပါတယ်။ ရောဂါလက္ခဏာများဟာ ရုတ်တရက်ပေါ်လာပြီး တက်တဲ့ရောဂါရှိတဲ့လူဟာလည်း သူ့မှာရောဂါလက္ခဏာတွေဖြစ်နေမှန်းသတိထားမိမှာမဟုတ်ပါဘူး။ ထိုသူများဟာ..
- တစ်နေရာရာကို အိပ်မက်မက်နေသလိုစိုက်ကြည့်နေခြင်း ၊
- မတုံ့ပြန်နိုင်ခြင်း၊
- အိပ်နေရာမှာရုတ်တရက်နိုးလာခြင်း၊
- ပါးစပ်များကိုထက်ခါထက်ခါလှုပ်နေခြင်း၊ နှုတ်ခမ်းများပိတ်လိုက်ဖွင့်လိုက်လုပ်နေခြင်း၊
- လေ ၊ အဝတ်အစားများ ၊ ပရိဘောဂများ စသည်တို့ကိုကောက်ယူခြင်း၊
- စကားများကိုထပ်ခါထပ်ခါပြောနေခြင်း၊
- အော်ခြင်း၊ ရယ်ခြင်း ၊ ငိုခြင်း ၊
- သူတို့ကိုသူတို့အန္တရာယ်ရှိနိုင်မယ့်ကိစ္စများပြုလုပ်ခြင်း( ဥပမာ ကားရှေ့ဖြတ်လျှောက်ခြင်း ၊ အဝတ်အစားများကိုစုတ်ဖြဲပစ်ခြင်း)
- သူတို့ဟာ စက်ဘီးစီးနေသလိုလှုပ်ရှားမှုများကို ပြုလုပ်နေခြင်း၊
- ထင်ယောင်ထင်မှားများမြင်နေ ကြားနေရခြင်း၊
- သူတို့ကိုသူတို့နာကျင်အောင်ပြုလုပ်ခြင်း၊
- တက်ပြီးတဲ့အခါစိတ်ရှုပ်ထွေးနေခြင်း၊
- တက်ပြီးတဲ့အခါ တက်ခဲ့တာကိုမမှတ်မိခြင်း၊
အထက်ဖော်ပြပါစာရင်းထဲမှာမပါတဲ့ရောဂါလက္ခဏာများလည်းရှိနိုင်ပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ပတ်သတ်ပြီး ပိုပြီးသိရဖို့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
အထက်ဖော်ပြပါရောဂါလက္ခဏာများရှိနေပြီဆိုလျှင်တော့ ဆရာဝန်နှင့်ပြသသင့်ပါပြီ။ လူတစ်ယောက်နဲ့တစ်ယောက်မတူညီကြပါဘူး ။ သင့်အတွက် အကောင်းဆုံးအဖြေကိုရရှိဖို့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါ။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Epilepsy: Complex Partial Seizures (တက်ခြင်း( ရှုပ်ထွေးလှသောတစ်ဝက်တစ်ပျက်တက်ခြင်း)) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
ဘာတွေက တက်ခြင်းအတွက်အန္တရာယ်ရှိစေသလဲ။
တက်ခြင်းကိုဖြစ်စေနိုင်တဲ့အန္တရာယ်ရှိတဲ့အရာတွေကတော့…
- အလင်းရောင်များ ၊
- သွေးတွင်းသကြားဓါတ်နည်းခြင်း၊
- အဖျားကြီးခြင်း ၊
- အချို့ဆေးများနှင့်မတည့်ခြင်း ..စသည်တို့ဖြစ်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Epilepsy: Complex Partial Seizures (တက်ခြင်း( ရှုပ်ထွေးလှသောတစ်ဝက်တစ်ပျက်တက်ခြင်း)) ကို ဘယ်လိုအတည်ပြုပါသလဲ
ကုသမှုတစ်ခုကိုဆုံးဖြတ်ချက်မချမီ ဆရာဝန်သည် လူနာဟာ အတက်ရောဂါရှိတာသေချာဖို့ အတည်ပြုဖို့လိုပါတယ်။ ဆရာဝန်ဟာ အတက်ရောဂါရှိတဲ့လူနာနဲ့ သူတက်စဉ်ကဘေးမှာရှိခဲ့တဲ့လူတွေဆီမှ ရနိုင်သမျှအချက်အလက်များကို စုဆောင်းဖို့လိုပါတယ်။ ဆရာဝန်ဟာ မတက်မီ ၊ တက်နေစဉ် နှင့် တက်ပြီးတဲ့အချိန်မှာဘာတွေဖြစ်သလဲဆိုတာသိရှိဖို့လိုပါတယ်။
ဆရာဝန်ဟာ အတက်ရောဂါရှိတယ်လို့ သံသယရှိလျှင်တော့ အတည်ပြုဖို့ စမ်းသပ်မှုများပြုလုပ်ပါလိမ့်မယ်။ ပထမဆုံးဦးနှောက်ကိုEEG ရိုက်ပါလိမ့်မယ်။ သို့သော်လည်းတိကျစေရန် EEG ဟာ တက်တာကိုမှတ်တမ်းတင်ဖို့လိုပါတယ်။CTscan နှင့် MRI တို့ရိုက်ပြီးတက်စေတဲ့အကြောင်းရင်းကိုရှာဖွေဖို့လိုပါတယ်။ သွေးစစ်ခြင်းနှင့်အာရုံကြောစစ်ဆေးခြင်းတို့ကိုပြုလုပ်ဖို့လိုပါလိမ့်မယ်။ ဒီလိုလုပ်ခြင်းဟာ စမ်းသပ်နေစဉ် တက်တာကိုမမြင်ပဲနဲ့ ရောဂါဖြစ်စေတဲ့အကြောင်းကို သိရှိစေနိုင်ပါတယ်။
Epilepsy: Complex Partial Seizures (တက်ခြင်း( ရှုပ်ထွေးလှသောတစ်ဝက်တစ်ပျက်တက်ခြင်း)) ကို ဘယ်လိုကုသပါသလဲ
ရောဂါစမ်းသပ်အတည်ပြုပြီးတာနဲ့တက်ခြင်းအတွက်ကုသမှုများစွာရှိပါတယ်။ ဖြစ်နိုင်တဲ့ကုသမှုတွေကတော့ …
- antiepileptic drugs (AEDs) ( အတက်ကျဆေးများ )
- tiagabine hydrochloride (Gabitril)
- vagus အာရုံကြောကို လှုံ့ဆော်ခြင်း
- အာရုံကြောများကိုလှုံ့ဆော်ခြင်း၊
- ခွဲစိတ်ကုသခြင်း၊
- စားသောက်မှုပုံစံပြောင်းလဲခြင်း
ကုသမှုများဟာ တက်စေတဲ့အကြောင်းအရင်း ၊အခြားကျန်းမာရေးအခြေအနေများနှင့် အခြားအရာများအပေါ်မူတည်ပြီးကွဲပြားသွားပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-bmi]