backup og meta

ပရိုတင်း လုံလုံလောက်လောက် မစားကြောင်းပြနေတဲ့ လက္ခဏာ ၅ ချက် ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပရိုတင်း လုံလုံလောက်လောက် မစားကြောင်းပြနေတဲ့ လက္ခဏာ ၅ ချက် ။ ။

    ကျန်းမာပြီး ကြံ့ခိုင်တဲ့ ကိုယ်ခန္ဓါတစ်ခု ရဖို့ဆိုရင် ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အမျှင်ဓါတ် မျှမျှတတနဲ့ လုံလုံလောက်လောက်စားဖို့လိုတယ်ဆိုတာ သိကြမှာပါ။ ဒါပေမယ့်လည်း ကိုယ်ကြိုက်တာချည်းပဲ ကိုယ်ရွေးစားတဲ့သူတွေ များနေတော့ အာဟာရဓါတ်တွေ ပိုနေတာက ပို၊ လိုနေတာကလိုတာတွေ ဖြစ်နေတော့တာပေါ့ ။

    ဒီနေ့ပြောမယ့် ဆောင်းပါးလေးကတော့ ပရိုတင်း လုံလုံလောက်လောက် မစားထားကြောင်းကို ပြနေတဲ့ အချက် ၅ ချက်အကြောင်းပဲ ရှိပါတယ်။ ကိုယ့်မှာ ဒီ အချက်တွေ ရှိနေပြီဆိုရင်တော့ အသားတွေ၊ ပရိုတင်းတွေ မြန်မြန်သားပြေးစားပေတော့ဗျို့ ။ ။

    ပရိုတင်းဓါတ်ချို့တဲ့နေပြီဆိုတာကို ကိုယ်ခန္ဓါက ဘယ်လိုပြနေလဲ ။ ။

    ဒီလို ပရိုတင်း ချို့တဲ့တဲ့ ပြဿနာဟာ သတ်သတ်လွတ်စားတဲ့သူတွေနဲ့ အသားစားဖို့ ကြေးများတဲ့သူတွေ မှာ ပိုတွေ့ရတတ်ပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် ။ ။

    ( ၁ ) အရိုးကျိုးလွယ် အက်လွယ်တာ။

    ထိုင်ခုံ အပုလေးပေါ်ကနေ ပြုတ်ကျတာ၊ ချော်လေးလဲတာလောက်နဲ့တင် အရိုးအက် အရိုးကျိုးသွားပြီဆိုရင် သေချာပါတယ်။ သင့်ကိုယ်ထဲမှာ ပရိုတင်းဓါတ်ချို့တဲ့နေပါပြီ။ အရိုးတစ်ခုကြံ့ခိုင်ဖို့ ကယ်လ်ဆီယမ်ဓါတ်က အရေးကြီးသလိုပဲ ပရိုတင်းများများရှိုဖို့ကလည်း အဓိကကျပါတယ်။ ဒါအပြင် ကိုယ်တွင်းက ကလီစာတွေ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက် ပရိုတင်းများများရှိဖို့လိုပါတယ်။ ဒါကို ကိုယ်က နည်းနည်းပဲ စားတဲ့အခါ လိုအပ်နေတဲ့ ပရိုတင်းကို အခြား ပရိုတင်းကြွယ်ဝတဲ့နေရာတွေကနေဖြစ်တဲ့ ( အရိုး) တွေကယူကြတဲ့အတွက် ပရိုတင်းချို့တဲ့တဲ့သူတွေမှာ အရိုးပြဿနာတွေ အဖြစ်များတာဖြစ်ပါတယ်။

    ( ၂ ) ဆံပင်တွေ လက်သည်းတွေ ကျိုးကျေလွယ်နေတာ ။

    ဆံသားနဲ့ လက်သည် းတွေ အတွက် ပရိုတင်း အဓိက လိုအပ်တာကြောင့် ပရိုတင်းဓါတ်ချို့တဲ့နေတဲ့အခါ လက်သည်းတွေ ပျော့နေတာ ကျိုးကျေလွယ်တာတွေ ဖြစ်တတ်ပြီး ဆံပင် တွေ လည်း နှစ်ခွဖြတ်တာ၊ အဖျားပြတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ နောက်ပိုင်းကျရင် ဆံပင်တွေ ကျွတ်ကုန်ပြီး အသစ်ပြန်ပေါက်ဖို့ ပရိုတင်းဓါတ်လည်း အလုံအလောက်မရှိတော့တာကြောင့် ဆံပင်ပါးတဲ့ ပြဿနာတွေ ပါရင်ဆိုင်ရတတ်ပါတယ်။

    ( ၃ ) ကိုယ်အလေးချိန် ကျဆင်းလာတာ ။ ။

    ကိုယ်ခန္ဓာမှာ အရိုးလိုပဲ နောက်ထပ် ပရိုတင်း တွေ အများကြီး သိုလှောင်ထားတဲ့ နေရာတစ်ခုရှိပါသေးတယ်။ ဒါကတော့ ကိုယ်ပေါ်က ကြွက်သားတွေပါ။ ပရိုတင်း လုံလောက်အောင် မစားမိတဲ့အခါ ပရိုတင်းလိုအပ်နေတဲ့ ကလီစာတွေက ပရိုတင်းရဖို့အတွက် ကြွက်သားတို့အရိုးတို့က ပရိုတင်းတွေကို ဖြိုခွဲပြီး သုံးတတ်ကြပါတယ်။ ဒီလိုနဲ့နောက်ပိုင်း ကြွက်သားတွေ လျော့ရဲလာပြီး ကိုယ်အလေးချိန်ပါ ကျဆင်းလာမှာ ဖြစ်ပါတယ်။

    ( ၄ ) အားနည်းသလိုမျိုး ခံစားရပါလိမ့်မယ် ။ ။

    ပရိုတင်း ချို့တဲ့တာကြောင့် ချက်ချင်းကြီးတော့ ပင်ပန်းသွားမှာ မဟုတ်ပေမယ့် တဖြည်းဖြည့်းကြာလာတဲ့အခါ အခြားသူတွေထက်ပိုပြီး နုန်းခွေမောပန်းတဲ့ ပြဿနာတွေ ကြုံတွေ့ရမှာပါ။ ကြွက်သားတွေအားနည်းရုံသာမက သွေးနီဥဖြစ်တဲ့ hemoglobin ဖွဲ့စည်းဖို့ ပရိုတင်းလိုအပ်တာကြောင် သွေးအားနည်းတဲ့ ပြဿနာတွေပါ ခံစားရမှာပါ။

    ( ၅ ) ခုခံအားနည်းြပီး အအေးမိလွယ်နေတတ်ပါတယ်။

    ကိုယ်တွင်း ခုခံအားအတွက် ပရိုတင်းက မရှိမဖြစ် အရေးကြီးတဲ့အရာတစ်ခုပါ။ ခုခံအား စနစ်ရဲ့ တပ်သား immunoglobulin ကို amino protein နဲ့ပဲ ဖွဲ့စည်းရတာဆိုတော့ ပရိုတင်းချို့တဲ့တဲ့အခါ ခုခံအားလည်း အလိုလို အားနည်းသွားပါလိမ့်မယ်။

    ဒါတွေကတော့ ပရိုတင်းဓါတ်ချို့တဲ့တဲ့အခါ ဖြစ်လာမ့ယ့် အထင်ရှားဆုံး ပြဿနာတွေပါ။ ဒါ့ကြောင့် ကိုယ်စားတဲ့ အစားအသောက်တွေထဲမှာ

    • အသားငါးအမျိုးမျိုး
    • ပဲ အမျိုးမျိုး
    • နို့နဲ့ နို့ထွက်ပစ္စည်း တွေ
    • ကြက်ဥ ဘဲဥတွေ ပါဖို့တော့ လိုမယ်နော်။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement