ညဆို တော်တော်နဲ့ မအိပ်တဲ့ ဇီးကွက်လေးတို့ရေ။ ယူတို့က မအိပ်ရုံတင် မကဘူး၊ မျက်စိ ကို အမျိုးစုံ အသုံးချလေ့ရှိကြတာနော်။
ညဆို တော်တော်နဲ့ မအိပ်တဲ့ ဇီးကွက်လေးတို့ရေ။ ယူတို့က မအိပ်ရုံတင် မကဘူး၊ မျက်စိ ကို အမျိုးစုံ အသုံးချလေ့ရှိကြတာနော်။
တစ်နေကုန် အသုံးပြုနေရတဲ့ မျက်လုံးလေးတွေကလေ လူအိပ်ချိန်မှာမှ နားရတာပါ။ ဒါကို အိပ်လည်းမပျော်ရော တီဗီကြည့်လိုက်၊ စာဖတ်လိုက်၊ ဖုန်းကြည့်လိုက်၊ ကွန်ပျူတာ ကြည့်လိုက်နဲ့ တစ်နေ့လုံးစာထက်တောင် ပိုပင်ပန်းနေရရှာတာပေါ့။
ဘာဖြစ်ရမလဲ… မနက်ကျ အဲဒီမျက်လုံးက ကြည့်လို့ မကောင်းတော့ဘူး၊ အိပ်ရေးပျက်တော့ မျက်စိ တွေ ကျိန်းစပ်၊ မျက်ရည်ခြောက်သွေ့၊ အမြင်အာရုံမကောင်း၊ အာရုံစူးစိုက်ကြည့်လို့မရ၊ မျက်ရည်ပူတွေကျ၊ မျက်လုံးအောင့်တာတွေ တစ်ခုမဟုတ် တစ်ခု ဖြစ်ပြီး အလုပ်လုပ်လို့ ဘယ်ကောင်းတော့မှာလဲ။
ဒီလိုဖြစ်နေရတဲ့ ယူတို့အတွက် အသုံးဝင်မယ့် နည်းလေးတွေက –
မျက်လုံး ထဲမှာ ခိုးလိုးခုလု ဖြစ်နေတယ်လို့ ခံစားနေရပြီး ကျိန်းစပ်သလို၊ အောင့်သလို ခံစားနေရရင် မျက်လုံး အဖွင့်အပိတ် လေ့ကျင့်ခန်းလုပ်ကြည့်ပါ။ မျက်စိ အကြောပြေပြီး နေရသက်သာပါလိမ့်မယ်။
ဒီနည်းက မျက်ရည်ခန်းခြင်းကို သက်သာစေပြီး အမှုန် ဝင်နေရင်လည်း သူ့အလိုလို ဖယ်ရှားပြီးသား ဖြစ်စေနိုင်ပါတယ်။ မျက်စိတဝိုက် သွေးလည်ပတ်မှု ကောင်းစေပြီး မျက်စိညောင်းသက်သာစေပါတယ်။
မျက်လုံးအောင့်တာ၊ ကျိန်းစပ်တာတွေကို ချက်ချင်းသက်သာစေတာက အအေးကပ်တာပါပဲ။ တစ်ခုခုကြောင့် မျက်စိယားတာ၊ စပ်တာတွေ တောင် သက်သာစေနိုင်ပါတယ်။
နာရီ အတော်ကြာ ဖုန်း သို့မဟုတ် ကွန်ပျူတာ ကြည့်ပြီး အလုပ်လုပ်ရတာကြောင့် ဖြစ်လာတဲ့ မျက်စိ ညောင်းတာ၊ မျက်စိအောင့်တာတွေ အတွက် အနှိပ်နည်းကို သုံးနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်း အတွက်လည်း အသုံးဝင်တဲ့ နည်းပါ။
လက်ဖဝါးကုထုံး ကလည်း နည်းလမ်းကောင်း တစ်ခု ဖြစ်ပါတယ်။ စာဖတ်တာ ကြာသွားလို့ ဒါမှမဟုတ် ကွန်ပျူတာ၊ တီဗီကြည့်တာ ကြာသွားလို့ မျက်စိညောင်းလာပြီ ဆိုရင် ပိုအသုံးဝင်ပါတယ်။
မျက်စိနဲ့ ပတ်သက်တဲ့ ဝေဒနာကို မဖြစ်စေမယ့် အကောင်းဆုံးနည်းလမ်းက ဆင်ခြင်ကာကွယ်ခြင်း ပါပဲ။
မျက်စိနဲ့ ပတ်သက်လာရင်လေ ဝေဒနာ အသေးအဖွဲပဲ ဖြစ်ပါစေ၊ ခံစားရတာ သိပ်ကြာလာရင် ဆရာဝန် ပြဖြစ်အောင် ပြပါ။ မပေါ့ဆပါနဲ့ လို့ သတိပေးချင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။