backup og meta

မျက်စိရေချိန်တက်ခြင်းဆိုတာဘာလဲ

မျက်စိရေချိန်တက်ခြင်းဆိုတာ မျက်လုံးရဲ့အတွင်းပိုင်းမှာ ရှိတဲ့ဖိအားဟာ ပုံမှန်ထက်ပိုပြီး မြင့်တက်နေခြင်း ဖြစ်ပါတယ်။ အဲဒီဖိအားကို မျက်စိရေချိန်လို့ ခေါ်ပါတယ်။ မျက်စိရေချိန်ကို မီလီမီတာမာကျူရီ (mmHg) လို့ခေါ်တဲ့ ယူနစ်နဲ့တိုင်းတာပါတယ်။ မျက်စိရေချိန်ရဲ့ ပုံမှန်ဖိအားဟာ ၁၀-၂၁ မီလီမီတာမာကျူရီ ရှိပါတယ်။ မျက်စိရေချိန်ဟာ ၂၁ မီလီမီတာမာကျူရီထက် များလာရင် ရေချိန်တက်ခြင်း ဖြစ်ပေါ်ပါတယ်။ ပိုပြီး သိရအောင် အောက်ပါအချက်တွေကို ဆက်လက်ဖတ်ရှုပါ။

ဘယ်အရာတွေက မျက်စိရေချိန်တက်ခြင်းကို ဖြစ်ပေါ်စေသလဲ

မျက်လုံးထဲမှာရှိတဲ့ အရည်များ ဖြစ်ပေါ်ခြင်း၊ စီးဆင်းခြင်းဟာ ပုံမှန်မဟုတ်ရင် မျက်စိရေချိန်တက်ခြင်း ဖြစ်ပေါ်ပါတယ်။ မျက်လုံးအတွင်းပိုင်းက အရည်များ ပုံမှန်စီးဆင်းတဲ့စနစ်ဟာ ကောင်းစွာ မစီးဆင်းတော့တဲ့အခါ အရည်တွေ ပိုမိုပြီး ဖြစ်ပေါ်နေပေမယ့် လျော့မသွားဘဲ ပြည့်လျှံလာပါတယ်။ အဲဒီလိုနဲ့ မျက်စိရေချိန်တက်လာပါတယ်။

မျက်လုံးထဲ အရည်တွေ စုလာတဲ့အခါ ဘာဖြစ်လာပါသလဲ။ နမူနာပြောရရင် အလုံပိတ်ထားတဲ့ ရေတိုင်ကီကို မြင်ယောင်ကြည့်ပါ။ တိုင်ကီထဲ ရေများလောင်းထည့်လေလေ တိုင်ကီထဲမှာ ဖိအားများလာလေပါပဲ။ မျက်လုံးတွင်းမှာလည်း ဒိလိုပါပဲ။ အရည်များလာလေ ရေချိန်တက်လာလေ ဖြစ်ပါတယ်။ ဒါ့အပြင် အမြင်အာရုံကြောဟာ ရေချိန် အဆမတန်တက်ခြင်းကြောင့် ပျက်စီးတတ်ပါတယ်။

ရေချိန်တက်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ

ရေချိန်တက်သူအများစုမှာ လက္ခဏာ မပြတတ်ပါဘူး။ ဒါကြောင့်မို့ မျက်စိအထူးကုဆရာဝန်နဲ့ ပြသပြီး မျက်စိစစ်ဆေးခြင်း ပုံမှန်ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အဲ့ဒါဟာ ရေချိန်တက်ခြင်းကြောင့် အမြင်အာရုံကြော ထိခိုက်နိုင်ခြေကို ရှောင်ရှားနိုင်ပါတယ်။

မျက်စိပုံမှန်စစ်ဆေးခြင်းဟာ ဖြစ်နိုင်ခြေအန္တရာယ် ပိုများတဲ့ လူမည်းတွေ၊ အသက်ကြီးသူတွေမှာ ပိုဖြစ်တတ်ပါတယ်။

– လက္ခဏာမပြသူများ၊ အသက် ၄၀နှင့်အောက် ငယ်သူများဟာ ၃နှစ်ကနေ ၅နှစ်ထိမှာ တစ်ကြိမ် စစ်ဆေးသင့်ပါတယ်။

– လူမည်းများ၊ အသက် ၄၀အထက် အရွယ်များဟာ ပိုပြီး မကြာခဏ စစ်ဆေးသင့်ပါတယ်။

– ရေတိမ်ဖြစ်နိုင်ခြေ မြင့်သူတွေဟာ မကြာခဏ စစ်ဆေးသင့်ပါတယ်။

ဘယ်လိုကုသနိုင်သလဲ

ကုသမှုရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရေတိမ်ဖြစ်မလာခင်၊ မျက်စိကွယ်မသွားခင် ရေချိန်မြင့်မားခြင်းကို ကုသနိုင်ဖို့ ဖြစ်ပါတယ်။ အမြင်အာရုံကြော ထိခိုက်ကြောင်းသိရှိပြီးရင်၊ ရေတိမ်ဖြစ်နိုင်ခြေ သေချာပေါက်ရှိနေရင် ကုသမှုခံယူရပါမယ်။

မိမိဖာသာရွေးချယ်တဲ့ မျကစိအထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အခြေအနေပေါ် မူတည်ပြီး ဆေးဝါးပေးခြင်း ဒါမှမဟုတ် စောင့်ကြည့်ခြင်း သက်သက်ပဲ ပြုလုပ်ပါလိမ့်မယ်။ ဆွေးနွေးပြီးချိန်မှာ ဆရာဝန်ဟာ ကုသခြင်းနဲ့ စောင့်ကြည့်ခြင်းရဲ့ အကျိုးအပြစ်တွေကို ချိန်ဆပြီး ဆုံးဖြတ်ပါလိမ့်မယ်။

ဘယ်လိုကာကွယ်မလဲ

မျက်စိရေချိန်တက်ခြင်းဟာ မကာကွယ်နိုင်ပါဘူး။ ဒါပေမယ့် မျက်စိဆရာဝန်နဲ့ ပုံမှန်ပြသခြင်းဟာ ရေတိမ်ဖြစ်ပေါ်သွားခြင်းကို ကာကွယ်နိုင်ပါလိမ့်မယ်။

မျက်စိရေချိန်တက်ခြင်းဟာ မျက်စိကို ဘေးဖြစ်စေမယ့် အရာတွေကနေ မကာကွယ်ရင် ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒီအကြောင်းအရာတွေကို နားလည်ပြီး ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သိရှိနိုင်ပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ocular Hypertension http://www.webmd.com/eye-health/occular-hypertension#1 Accessed on March 14, 2017

https://www.ncbi.nlm.nih.gov/pubmedhealth/PMH0011862/ Accessed on March 14, 2017

ယခုပုံစံ

19/09/2022

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်စိမကောင်းတဲ့ သက်ကြီးရွယ်အိုတွေကို ဘယ်လိုကူညီကြမလဲ

မျက်စိမြင်နိုင်စွမ်းကျခြင်း


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement