အဓိပ္ပါယ်ဖွင့်ဆိုချက်
Eye injury (မျက်လုံးထိခိုက်ခြင်း) ကဘာလဲ။
မျက်လုံးထိခိုက်ခြင်းဟာ မျက်လုံးထဲဆပ်ပြာဝင်သလို အသေးမွှားကနေစပြီး မျက်လုံးကန်းခြင်းလိုမျိုး အကြီးစားထိခိုက်မှုတွေအထိရှိတတ်ပါတယ်။ ထိုထိခိုက်မှုတွေဟာ အလုပ်၊ကျောင်း၊ မတော်တဆမှုတွေနဲ့ အားကစားပြုလုပ်ခြင်းတို့မှ ရရှိတတ်ပါတယ်။
Eye injury (မျက်လုံးထိခိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
မျက်လုံးထိခိုက်မှုတွေဟာ အသက်အရွယ်မရွေး တော်တော်လေးအဖြစ်များပါတယ်။ မိန်းမတွေမှာ ပိုအဖြစ်များပါတယ်။ အန္တရာယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းအားဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
လက္ခဏာများ
Eye injury (မျက်လုံးထိခိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
အတွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
- ဓါတုပစ္စည်းများနဲ့ထိတွေ့မိခြင်း။ လောင်တာနဲ့ နာတာက အတွေ့ရများတဲ့ လက္ခဏာတွေပါ။ မျက်ရည်တွေဆက်တိုက်ထွက်နေမယ်၊ နီနေမယ်။ မျက်ခွံလည်း ရောင်ရမ်းနေပါလိမ့်မယ်။
- မျက်သားအောက်သွေးယိုခြင်း။ ယေဘုယျအားဖြင့်တော့ မနာကျင်တတ်ပါဘူး။ အမြင်အာရုံလည်းမထိခိုက်ပါဘူး။ မျက်လုံးအဖြူသားပေါ်မှာ အနီစက်ကလေး တွေ့ရပါလိမ့်မယ်။ ထိုအခြေအနေဟာ မျက်လုံးသွေးကြောတွေ ပေါက်ထွက်လို့ဖြစ်ရတာပါ။ မျက်လုံးနီတဲ့နေရာတွေကလည်း ကျယ်ပြန့်ပြီး စိုးရိမ်ဖွယ်ရှိနေပါလိမ့်မယ်။ ဘာထိခိုက်မှုမှမရှိဘဲနဲ့လည်း သွေးယိုစီးနိုင်ပါတယ်။ အခြားထိခိုက်မိတဲ့ လက္ခဏာတွေမရှိဘူးဆိုရင် အန္တရယ်မရှိပါဘူး။ ၄ရက်၊၁၀ရက်အတွင်းမှာ သူ့အလိုလိုပျောက်သွားပါလိမ့်မယ်။
- မျက်ကြည်လွှာစုတ်ပြဲခြင်း။ သူ့ရဲ့လက္ခဏာတွေကတော့ နာကျင်ခြင်း၊ မျက်လုံးထဲတစ်ခုခုရှိနေတယ်လို့ခံစားမိခြင်း၊ စုတ်ပြဲခြင်းနှင့် အလင်းစူးခြင်းတို့ ပါဝင်ပါတယ်။
- သူငယ်အိမ်ကြွက်သားရောင်ခြင်း။ နာကျင်တာတွေ၊ အလင်းစူးတာတွေနဲ့ ရင်ဆိုင်ရဖို့များပါတယ်။ နာတာကတော့ မျက်လုံးနဲ့ မျက်လုံးတစ်ဝိုက်မှာ ကိုက်ပြီးနာတာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ဆိုးဆိုးရွားရွားစုတ်ပြဲနေတာကို မြင်ရမှာပါ။
- မျက်လုံးရိုးကျိုးခြင်း။ လက္ခဏာတွေကတော့ နာကျင်ခြင်း၊ လှုပ်ရင်ပိုနာခြင်း၊ မျက်လုံးတစ်ဖက်ပိတ်လိုက်ရင် နောက်တစ်ဖက်က နှစ်ထပ်မြင်ခြင်း၊ နှာမှုတ်ရင်ပိုးဆိုးသော မျက်ခွံရောင်ရမ်းခြင်းတို့ ဖြစ်ပါတယ်။ ထိခိုက်မိတဲ့ဘက် အပေါ်နှုတ်ခမ်းမှာလည်း ထုံကျင်တတ်ပါတယ်။ မျက်လုံးတစ်ဝိုက်မှာ ရောင်ရမ်းခြင်းနဲ့ အညိုအမဲစွဲခြင်းတို့လည်း ဖြစ်ပွားနိုင်ပါတယ်။ မျက်လုံးအညိုအမဲစွဲတယ်ဆိုတာ မျက်ခွံမှာ သွေးတွေပုံလို့ဖြစ်ရတာပါ။ လုံးဝပျောက်ကင်းဖို့ ရက်သတ္တပတ်ရဲ့ချီပြီး ကြာမြင့်နိုင်ပါတယ်။
- မျက်သားစုတ်ပြဲခြင်း။ သူ့ရဲ့လက္ခဏာတွေကတော့ နာကျင်ခြင်း၊ နီရဲခြင်း၊ မျက်လုံးထဲတွင် တစ်ခုခုရှိနေသည်ဟု ခံစားရခြင်းတို့ဖြစ်ပါတယ်။
- မျက်ကြည်လွှာနှင့်မျက်ဖြူသားစုတ်ပြဲခြင်း။ နာကျင်ခြင်းနဲ့ အမြင်မကောင်းတော့ခြင်းတို့ကို ခံစားရမှာပါ။
- ပြင်ပပစ္စည်းများဝင်ရောက်ခြင်း
- မျက်ကြည်လွှာသို့ဝင်ရောက်ခြင်း။ မျက်လုံးထဲတွင် တစ်ခုခုရှိနေသည်ဟုခံစားရခြင်း၊ စုတ်ပြဲခြင်း၊ အမြင်ဝါးခြင်းနဲ့ အလင်းစူးခြင်းတို့က အတွေ့များတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ တစ်ခါတစ်ရံ မျက်ကြည်လွှာမှာ ဝင်သွားတဲ့ ပစ္စည်းကိုတွေ့ရမှာပါ။ အဲဒီပစ္စည်းက သတ္ထုဖြစ်မယ်ဆိုရင် သံချီးရောင်အကွင်းဒါမှမဟုတ် သံချီးရောင်စွန်းနေတာကိုမြင်ရမှာပါ။
- မျက်ရိုးအတွင်းသို့ဝင်ရောက်ခြင်း။ ထိခိုက်ဒဏ်ရာရပြီး နာရီအနည်းငယ် ဒါမှမဟုတ် ရက်အနည်းငယ်အတွင်းမှာ အမြင်ဝါးခြင်း၊ နှစ်ထပ်မြင်ခြင်းနဲ့ နာကျင်ခြင်းတို့ကို ခံစားရမှာပါ။ တစ်ခါတစ်ရံ လက္ခဏာမပြတတ်ပါဘူး။
- မျက်လုံးအတွင်းတို့ဝင်ရောက်ခြင်း။ အစပိုင်းမှာ နာကျင်ခြင်းနှင့် အမြင်မကောင်းခြင်းတို့ကို ခံစားရနိုင်ပါတယ်။ ပစ္စည်းကသေးငယ်ပြီး အရှိန်နဲ့ဝင်သွားမယ်ဆိုရင်တော့ ဘာလက္ခဏာမှာခံစားရနိုင်ပါဘူး။
- အလင်းကြောင့်ဒဏ်ရာရခြင်း
- ခရမ်းလွန်ရောင်ခြည်ကြောင့်မျက်ကြည်လွှာဆဲလ်ပုံပြောင်းခြင်း။ လက္ခဏာတွေက နာကျင်ခြင်း၊ အလင်းစူးခြင်း၊ နီရဲခြင်းနဲ့ မျက်လုံးထဲမှာတစ်ခုခုရှိနေတယ်လို့ မခံမရပ်နိုင်ခံစားရခြင်းတို့ဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့ပြီးပြီးချင်း လက္ခဏာမပြပါဘူး။ လေးနာရီလောက်ကြာပြီးမှသာ လက္ခဏာပြပါတယ်။
- နေရောင်ကြောင့်မြင်လွှာပျက်စီးပြီး။ အဓိကလက္ခဏာကတော့ မြင်ကွင်းအလယ်မှာမှုန်ပြီး အမြင်မကောင်းတော့ခြင်းပဲဖြစ်ပါတယ်။
အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။