ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Chalazion (အဆီဂလန်းများပိတ်၍ အရည်အိတ်များဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆရာဝန်သည် ကုသမှုမပြုခင် chalazoin ဟုတ်မဟုတ် အဖြေရှာ အတည်ပြုရန် လိုအပ်ပါသည်။ အများအားဖြင့် ဆရာဝန်သည် သင်၏ဆေးမှတ်တမ်းနှင့် မျက်လုံးစစ်ဆေး ခြင်း ကို စမ်းသပ်ကြည့်ရှုရပါမည်။ မျက်လုံးစစ်ဆေးမှုတွင် မျက်ခွံပုံစံ၊ အရေပြား ချောမှု ကြမ်းမှု အနေအထား နှင့် မျက်တောင် ပုံစံတို့ကို ကြည့်ရှု စစ်ဆေးပါလိမ့်မည်။ အမြင်အာရုံကိုလည်း စမ်းသပ် ပါလိမ့်မည်။
Chalazion (အဆီဂလန်းများပိတ်၍ အရည်အိတ်များဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ
Chalazoin သည်များသောအားဖြင့် ကုသရန်မလိုဘဲ ရက်သတ္တပတ် အနည်းငယ်အတွင်း သက်သာသွားနိုင်ပါသည်။ ကုသမှုသည် ရောဂါလက္ခဏာများ သက်သာရန် အတွက်သာ အသုံးပြု ကြပါသည်။ ရောင်ရမ်းခြင်းသည် မသက်မသာဖြစ်စေပါက မျက်ခွံကို အဝတ်ပူဖြင့် ၁၀-၁၅ မိနစ်လောက် ဖိပေးသင့်ပါသည်။ တစ်နေ့တွင် ၄-၆ ကြိမ်လောက် လုပ်ပေးနိုင်ပါသည်။ သက်သာ သည်အထိ ရက်အနည်းငယ်ကြာအောင် လုပ်ပေးသင့်ပါသည်။ အဝတ်ပူဖြင့် ဖိပေးခြင်း သည် မျက်ခွံရှိ တင်းမာနေသော အဆီများကို ပျော့အောင် လုပ်ပေးပါသည်။
အခြားနည်းလမ်းမှာ မျက်လုံးမှ အရည်များ စစ်ထုတ်ခြင်းကို အားပေးရန် မျက်ခွံအား ညင်သာစွာ နှိပ်နယ်၍ ကုသခြင်း ဖြစ်သည်။ မနှိပ်နယ်ခင် လက်ကို စင်ကြည်စွာ ဆေးရပါမည်။ မျက်လုံးကို သန့်ရှင်းအောင် ထားရန်လည်း အရေးကြီးပါသည်။ ဆပ်ပြာနုနုဖြင့် နွေးသော အဝတ် ဖြင့် မျက်လုံးအား တစ်နေ့ နှစ်ကြိမ် သုတ်ပေးခြင်းဖြင့် သန့်ရှင်းနိုင်ပါသည်။
ဆရာဝန်သည် Corticosteroid နှင့် ပဋိဇီဝဆေးများပါဝင်သော မျက်စဉ်းများကို ပေးနိုင် ပါသည်။ ထိုဆေးများသည် ရောင်ရမ်းခြင်းကို ထိန်းသိမ်းနိုင်ပြီး ဖြစ်နိုင်သော ရောဂါကူးစက်မှု များကို ကုသနိုင်ပါသည်။
ဆိုးရွားသော ကိစ္စများတွင် ခွဲစိတ်ကုသခြင်းသည် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါသည်။ Chalazoin သည် သင့်မျက်လုံးအမြင်ကို ပိတ်နိုင်သည်အထိ ကြီးထွားလာ သောအခါ ခွဲစိတ် ကုသခြင်း လိုအပ်ပါသည်။ ထိုသို့ကြီးထွားလာပါက ပုံမှန်မဟုတ်သော မျက်ကြည်လွှာ ကွေးခြင်းကို ဖြစ်စေပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံး
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက chalazoin ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများသည် chalazoin ကို ကုသရန် ကူညီနိုင် ပါသည်။
- သန့်ရှင်းသော အဝတ်စနှင့် ဝါဂွမ်းစ ဖြင့် မျက်ခွံအား ညင်သာစွာ ပွတ်ပေးခြင်း။
- မျက်လုံးကို ညှစ်ခြင်း မပြုပါနှင့်။
- မျက်နှာ၊ ဦးခေါင်းခွံ၊ မျက်ခွံရိုး နှင့် လက်များကို သန့်ရှင်းစွာ ထားပါ။
- မျက်လုံးမိတ်ကပ် အသုံးပြုခြင်းကို ကန့်သတ်ပါ။
- မျက်စဉ်းနှင့် သောက်ဆေးများ အသုံးပြုသော်လည်း ရောဂါလက္ခဏာများ မသက်သာပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
- ကုသမှုခံယူပြီး ၂ပတ်ကြာသည်ထိ chalazoin မပျောက်ပါက ဆရာဝန်နှင့် တိုင်ပင်ပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။