backup og meta

မျက်သားတက် တာ စိုးရိမ်ရလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်သားတက် တာ စိုးရိမ်ရလား

    မျက်လုံးရဲ့ အဖြူသားပေါ်မှာ အကြည်ရောင်တြိဂံပုံ အဖတ်လေး ကပ်နေတာ မြင်ဖူးပါသလား။ အထူးသဖြင့် လူကြီးတွေမှာပေါ့။ တစ်ခါတစ်လေဆို မျက်ဆံအမည်းပေါ်ထိတောင် ရောက်လာတယ်လေ။ ဒါကို မျက်သားတက် တယ်လို့ ခေါ်ပါတယ်။ လူကြီးတွေကတော့ မျက်လုံးမှာ တစ်ခုခုကပ်နေတယ်ဆိုပြီး ပြောတတ်ကြပါတယ်။ သူတို့က စိတ်ထဲမှာ တစ်ခုခု ဖြစ်သွားမှာကို ကြောက်တတ်ကြပါတယ်။

    တကယ်တော့ မျက်သားတက်တာက လူကို ဒုက္ခပေးလေ့မရှိပါဘူး။ တစ်ခါတစ်လေ သူ့ဟာသူ အလိုလို ပျောက်သွားတာမျိုးလည်း ရှိပါတယ်။ မပျောက်လည်း  ထူးထူးခြားခြား ခံစားရတာမျိုးမရှိရင် အရေးတယူကုနေစရာ မလိုပါဘူး။ ဒါပေမယ့် မျက်သားတက်တာကြောင့် မျက်လုံးထဲမှာ ခုလုခုလုဖြစ်နေပြီး နေလို့မကောင်းရင်၊ မျက်စိကြည့်လို့မကောင်းရင်တော့ ဒါကို ဖယ်ထုတ်နိုင်ပါတယ်။

    ဘာကြောင့် မျက်သားတက် တာလဲ။

    မျက်သားတက်ရတဲ့ အကြောင်းအရင်းကိုတော့ အသေအချာ မပြောနိုင်ကြသေးပါဘူး။ အပြောများတဲ့ကိစ္စတစ်ခုကတော့ UV lightက မျက်သားတက်တာကို ပိုဆိုးစေပါတယ်တဲ့။ ဒါကြောင့် အီကွေတာနားမှာနေတဲ့သူတွေ၊ ပူတဲ့ ရာသီဥတုမှာနေတဲ့သူတွေ၊ လေထန်တဲ့နေရာမှာ နေတဲ့သူတွေက ပိုဖြစ်နိုင်ပါတဲ့။ နောက်ပြီး တချို့သော ပစ္စည်းတွေနဲ့ ထိတွေ့မှု များတဲ့သူတွေက မျက်သားတက်နိုင်ချေပိုများပါတယ်တဲ့။ ဥပမာ

  • ပန်းဝတ်မှုန်
  • သဲ
  • မီးခိုးငွေ့
  • လေ စတာတွေက မျက်လုံးကို ထိခိုက်စေပါတယ်။
  • ဘာလက္ခဏာတွေ ခံစားရမှာလဲ။

    များသောအးဖြင့်တော့ ဘာလက္ခဏာမှ မခံစားရပါဘူး။ တစ်ခါတစ်လေတော့

    မျက်ကြည်လွှာပေါ် လာအုပ်ရင်တော့ မျက်လုံးဝါးတာ၊ နှစ်ထပ်မြင်တာတွေ ဖြစ်တတ်ပါတယ်။

    မျက်သားတက် တာ စိုးရိမ်ရလား။

    တစ်ခါတစ်လေတော့ မျက်သားတက်လို့ မျက်ကြည်လွှာမှာ အမာရွတ် ဖြစ်တာမျိုးတော့ ဖြစ်တတ်ပါတယ်။ ဒါလိုမျိုးဆိုရင်တော့ မဖြစ်မနေ ကုရမှာပါ။ ဒီတိုင်းထားရင် မျက်လုံးမမြင်ရတော့တာ ဖြစ်သွားနိုင်ပါတယ်။ များသောာအားဖြင့်တော့ သူ့ဟာသူနေတာပဲ များပါတယ်။

    ဘယ်လိုကုမလဲ။

    ကုမယ်ဆိုရင်တော့ မျက်စဉ်းခတ်တာတွေ၊ ခွဲစိတ်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

    • မျက်စဉ်းခတ်တာ

    မျက်သားတက်လို့ မျက်လုံးထဲမှာ ခိုးလို့ ခုလု ဖြစ်တယ်ဆိုရင် မျက်စဉ်းခတ်ပြီး သက်သာအောင် လုပ်လို့ရပါတယ်။

    • ခွဲစိတ်နည်း

    မျက်စဉ်းခတ်လို့ မသက်သာဘူး။ မျက်လုံးကလည်း မျက်သားတက်လို့ ကြည့်လို့မကောင်းတော့ဘူးဆိုရင် ခွဲစိတ်ဖို့ကို စဉ်းစားရမှာပါ။ ဒါပေမယ့် ခွဲစိတ်ပြီးလည်း မျက်သားတက်တာ အရှင်းမပျောက်ပါဘူး။ ပြန်ဖြစ်နိုင်ချေ ရှိပါသေးတယ်။

    မျက်သားမတက်အောင် ဘယ်လိုလုပ်မလဲ။

    မျက်သားမတက်အောင် နေပူထဲသွားတိုင်း၊ ဖုန်ထူ၊ လေတိုက်တဲ့နေရာရောက်တိုင်း နေကာမျက်မှန်တပ်ပါ။ UV ကို ကာနိုင်တဲ့ မျက်မှန်ဆို ပိုကောင်းပါတယ်။ နောက်ပြီး မျက်သားတက်နိုင်တဲ့ ပစ္စည်းတွေ ဖြစ်တဲ့ အမှုန်တွေ၊ ဝတ်မှုန်တွေ၊ သဲတွေကို ရှောင်ပါ။ ဒါက မျက်သားမတက်အောင် ကာကွယ်ပေးနိုင်သလို၊ ခွဲစိတ်ပြီးလို့ မျက်သားပြန်တက်တာကိုလည်း လျော့ကျစေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement