backup og meta

ဒါတွေကြောင့် ကားမူးတာ ပိုဆိုးသွားနိုင်ပါတယ်။

ကားစီးလို့ ကားမူးတတ်ကြတဲ့သူတိုင်း ကားသမားမောင်းတာမတော်လို့၊ ကားအနံ့ကြီးက အီနေလို့၊ ကိုယ့်ကျမှ ကားမူးတတ်အောင် ကံကြမ္မာကြီးက ဖန်တီးပေးထားလို့ ဆိုပြီး အားလုံးကို ရမယ်ရှာ အပြစ်နေကြတဲ့သူများပါ။ ပြောမယ်သာပြောရတာပါ။ ကားမူးတယ်ဆိုတာ တကယ်ကို ခံစားရခက်ပြီး အတော်ကြီးကို ဒုက္ခပေးတဲ့ဝေဒနာ တစ်ခုပါ။ ဒါပေမယ့် ဒီလို ကားမူးတိုင်း အခြားအရာတွေ အပေါ်မှာပဲ အပြစ်တင်နေလို့မရပါဘူး။ ကိုယ်လုပ်နေမိတဲ့ တစ်ချို့ အပြုအမူတွေကြောင့် ကားမူးတာဖြစ်ရတာလည်း ဖြစ်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အရင်အပြစ်ရှာသင့်တယ် မထင်ဘူးလား။

ဒီတော့ ဘယ်လို အပြုအမူတွေက ကားမူးတာကို ပိုဆိုးစေတာလဲ ။ ။

ကိုယ်လုပ်မိနေတဲ့ ကားမူးတာကို ပိုဆိုးစေတဲ့ အပြုအမူတွေကို အပိုင်း ၃ ပိုင်း ခွဲကြည့်ရအောင်။ ။

ခရီးမသွားခင် ။ ။

  • ခရီးသွားရမှာ စိတ်တွေ လှုပ်ရှားပြီး အိပ်မပျော်တဲ့သူတွေ၊ မနက် ကားပေါ်ရောက်မှပဲ အိပ်တော့မယ် ဒီညတော့ မအိပ်တော့ပါဘူးဆိုတဲ့ လူတွေက ကားပိုမူးနိုင်ပါတယ်။ အိပ်ရေးမဝရင် လူက အလိုလိုနေရင်းတောင် မူးနေတာမလား။ ။
  • ခရီးသွားဖို့ ပြင်ဆင်နေထားတဲ့ အထုတ်တွေထဲ ကားမူးပျောက်ဆေးတို့၊ အမူးအမော်ပြေစေတဲ့ သစ်သီးတို့ ပါမလာ၊ မေ့ကျန်ခဲ့တဲ့ ကိုယ့်ရဲ့ ပေါ့ဆမှုတွေကြောင့် ကားပေါ်မှာ အလူးအလိမ့်ခံရတတ်ပါတယ်။
  • ဖြစ်နိုင်ရင် ကားလက်မှတ်ဝယ်တည်းက ပြတင်းပေါက်ဘက်အခြမ်းကို ဝယ်ခဲ့ဖို့ မမေ့ပါနဲ့။

ကားပေါ်မတက်ခင် ။ ။

  • ခရီးသွားတာဆိုတော့ စတိုင်လေးရှိမှ လန်းမှာဆိုပြီး ချောင်ချိတဲ့ အကျီၤတွေ မဟုတ်ဘဲ ဂျင်းဘောင်းဘီအကျပ်၊ စကပ်အကျပ်နဲ့ အကျီၤကြပ်ကြပ်တွေ ဝတ်သွားမိတဲ့အခါ ဗိုက်စည်းထားသလိုတင်းနေပြီး အသက်ရှူလို့လည်း မဝတော့ ကားပိုမူးတတ်ပါတယ်။
  • အစာမရှိရင် ကားပိုမူးတတ်တဲ့ စကားတွေလည်း ကြားထားတော့ အစာကို ပြည့်အင့်အောင်စားထားတာမျိုးတွေ၊ ကားမူးမှာ စိုးလို့ အစားမစားတဲ့သူတွေက ကားပိုမူးတတ်ပါတယ်။

ကားပေါ်မှာ

  • ငါကားမူးတော့မှာပဲ ကားမူးတော့မယ်ဆိုတဲ့ အတွေးတွေကို ခဏ မေ့ထားပါ။ အဲဒီအစား စိတ်ကို ပြောင်းတဲ့အနေနဲ့ သီချင်းတွေနားထောင်ပါ။ မူးတတ်ရင် ကားပေါ်က TV တော့ သွားမကြည့်ပါနဲ့။ ပိုမူးသွားနိုင်ပါတယ်။
  • ကားပေါ်က ထိုင်ခုံ အနေအထားကလည်း မူးစေတဲ့အချက်တစ်ချက်ထဲ ပါဝင်နေတာကြောင့် ကိုယ်ကို သက်တောင့်သက်သာဖြစ်တဲ့ ထိုင်ခုံအနေအထား မပြင်မိတဲ့အခါမှာလည်း ကားပိုမူးတတ်ပါတယ်။
  • နောက်ဆုံး အရေးအကြီးဆုံး တစ်ချက်ကတော့ ကားမူးပျောက်ဆေးေဆာင်မလာတာ၊ ဆောင်လာရဲ့ သားနဲ့ ကားပေါ် မတက်ခင်နာရီဝက်အလိုမှာ သောက်ဖိုမေ့သွားတာ၊ ကိုယ်ဆောင်လာတဲ့ ကားမူးပျောက်ဆေးက ထိရောက်မှာ မဟုတ်ပါဘူးဆိုပြီး မသောက်ဘဲနေတာမျိုးတွေကြောင့် ခရီးသွားတဲ့ တစ်လျှောက်လုံး ကားမူးတဲ့ ဝေဒနာကို အလူးအလဲ ခံရတတ်ပါတယ်။

ကားမူးပျောက်ဆေးတော်တော်များများက မထိရောက်တာလည်း များနေတော့ ကားမူးပျောက်ဆေးတွေကို အယုံအကြည် မရှိတော့တဲ့သူတွေ အတွက် ကားမူးတာကို အမှန်တကယ်ဟန့်တားပေးနိုင်တဲ့ Dimenhydrinate ပါဝင်တဲ့ ကားမူးပျောက်ဆေးတွေကို ရွေးချယ်ဖို့ အကြံပေးပါရစေ။ Dimenhydrinate က ကား၊ သင်္ဘော၊ လေယာဉ်မစီးခင် နာရီဝက်လောက်အလိုမှာ ဆေးသောက်ထားလိုက်ရင် ခရီးစဉ်တလျှောက်လုံး မူးဝေအော့အန်ြခင်းတွေမဖြစ်အောင် ၈ နာရီကြာ သူက ကာကွယ်ပေးနိုင်မှာဆိုတော့ ကားမူးပျောက်ဆေးရွေးဝယ်ရင် သူပါမပါ အရင်ဆုံ စစ်ကြည့်နော် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/motion-sickness

Accessed Date 1.7.2019

https://www.medicalnewstoday.com/articles/176198.php

Accessed Date 1.7.2019

https://www.travelandleisure.com/airlines-airports/airplane-motion-sickness

Accessed Date 1.7.2019

 

ယခုပုံစံ

21/06/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းတွေအတွက် ဘယ်လို ပြင်ဆင်ထားမလဲ

ကားမူးတတ်သူတွေအတွက် နည်းလမ်းကောင်းများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement