backup og meta

သန့်ရှင်းရေးလုပ်ဖို့ မေ့နေတတ်တဲ့ အစိတ်အပိုင်းလေး တစ်ခု

နေ့စဉ် ရေချိုးတာမျက်နှာသစ်တာတွေ လုပ်တယ်။ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်ကနေ ၂ ကြိမ်၊ ၃ကြိမ်လောက်ထိ ခေါင်းလျှော်တာတွေကို လုပ်ပေမယ့် နေ့စဉ် တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်တဲ့အခါ သန့်ရှင်းရေးလုပ်ဖို့ မေ့နေတတ်တဲ့ အစိတ်အပိုင်းလေး တစ်ခု ရှိနေပါတယ်။

သန့်ရှင်းရေးလုပ်ဖို့ မေ့နေတတ်တဲ့ အစိတ်အပိုင်းလေး တစ်ခု

ဒါကတော့ နားရွက် အနောက်ဖက်ပိုင်းလေးပါ။ နားထဲက နားဖာချေးတွေကို သန့်ရှင်းဖို့ သတိရတတ်ကြပေမယ့် နားရွက်နောက်ဖက်ပိုင်းက ဖုန်မှုန့်တွေ၊ ချေးတွေကိုတော့ သန့်ရှင်းဖို့ မေ့နေတတ်ကြပါတယ်။ တကယ်ကတော့ နားရွက်နောက်ဖက်ပိုင်းကလည်း သေချာလေး သန့်ရှင်းဖို့ လိုအပ်တဲ့ အစိတ်အပိုင်း တစ်ခုပါ။

နားရွက်နောက်ဖက်ကို ဘာကြောင့် သန့်ရှင်း သင့်တာလဲ ……

နားအတွင်းပိုင်းကို သေချာလေး သန့်ရှင်းဖို့ လိုသလို နားရွက် နောက်ဖက်ပိုင်းကိုလည်း သေချာလေး သန့်ရှင်းပေးဖို့ လိုပါမယ်။ နေ့စဉ် လှုပ်ရှားမှုတွေကြောင့် နားရွက်နောက်ဖက်ပိုင်းမှာ ဖုန်မှုန့်တွေ၊ ချေးတွေ ရှိနေနိုင်ပါတယ်။

ဒီ ဖုန်မှုန့်တွေ၊ ချေးတွေက အချိန်ကြာလာတဲ့အခါ ဂျွတ်သဘောမျိုး ဖြစ်လာပြီး နားရွက် နောက်ဖက် အရေပြားမှာ အနာဖြစ်တာ၊ အသားကွဲပြီး နားကွဲနာဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။

ဒါကလည်း အရေပြားကို ထိခိုက်စေနိုင်တဲ့ အရေပြား ပြဿနာ တစ်မျိုးပါပဲ။ အရေပြား ထိခိုက်မှုကနေ ပိုးဝင်ကူးစက်မယ်ဆိုရင် မလိုအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် နားရွက် နောက်ဖက်ပိုင်းကို သန့်ရှင်းဖို့ လိုမယ်လို့ ပြောရတာပါ။

နားရွက် နောက်ဖက်ပိုင်းကို ဘယ်လို သန့်ရှင်းရေး လုပ်မလဲ …….

နားရွက် နောက်ဖက်ပိုင်းကို ဘယ်လို သန့်ရှင်းရေး လုပ်မလဲ .......

နားရွက် နောက်ဖက်ပိုင်းကို နားကွဲနာ၊ အရေပြား ပြဿနာတွေ မဖြစ်စေဖို့ဆိုရင် အခုလိုလေး သန့်ရှင်းရေး လုပ်ဖို့ လိုပါမယ်။

ရေနွေးနွေးလေး

အဝတ်စသန့်သန့်လေးမှာ ရေနွေးနွေးလေး ဆွတ်ပြီး နားရွက် နောက်ဖက်ပိုင်းကို ခပ်ဖွဖွလေး ပွတ်ပြီး သန့်စင်ပေးပါ။ ပြီးရင် တစ်သျှူးစ သန့်သန့်လေးနဲ့ ခြောက်အောင် သုတ်ပေးပါ။

အုန်းဆီ

အုန်းဆီက အရေပြားပေါ်က ချေးတွေကို ဖယ်ရှားပေးနိုင်သလို အစိုဓာတ်လည်း ထိန်းပေးပါတယ်။ ဒါကြောင့် နားရွက်နောက်ဖက်မှာ ခပ်ပါးပါးလေး လိမ်းပြီး ၁၀ မိနစ်လောက်ထားလို့ ဂွမ်းစသန့်သန့်လေးနဲ့ သန့်ရှင်းပေးလိုက်ပါ။ ဝက်ခြံထွက်တတ်မယ်ဆိုရင်တော့ ဝက်ခြံအတွက် အသုံးပြုရတဲ့ မျက်နှာသစ်ဆေးလေးနဲ့ သေချာလေး သန့်စင်ပေးပါ။

Wet tissues

ဘေဘီလေးတွေအတွက် အသုံးပြုတဲ့ ပိုးသတ်ထားတဲ့ wet tisssues နဲ့လည်း နားရွက် နောက်ဖက်ပိုင်းကို သန့်ရှင်းရေး လုပ်ပေးလို့ ရပါတယ်။ အရမ်း ဖိပွတ်တာမျိုး မလုပ်ဖို့တော့ လိုပါမယ်။

ခေါင်းလျှော်ရည်

ခေါင်းလျှော်တဲ့အခါတိုင်း ခေါင်းလျှော်ရည်နဲ့ နားရွက်နောက်ကို ဆေးကြော သန့်စင်တာကလည်း ထိရောက်တဲ့ နားနောက်ဖက် သန့်စင်နည်းပါ။ ရေသေချာလေး ဆေးဖို့တော့ လိုပါမယ်။

မျက်နှာသစ်ဆေး

မျက်နှာသစ်ဆေးက မျက်နှာကိုတင် သန့်စင်ပေးတာ မဟုတ်ပါဘူး။ နားရွက်နောက်ဖက်ပိုင်းကိုလည်း အထိရောက်ဆုံး သန့်စင်ပေးနိုင်ပါတယ်။ လက်ထဲမှာ အမြှုပ်ထအောင် ပွတ်ထားတဲ့ မျက်နှာသစ်ဆေးကို နားရွက်နောက်ဖက်ပိုင်းကို စက်ဝိုင်းပုံ ပွတ်ပြီး သန့်ရှင်းရေး လုပ်ပေးလို့ ရပါတယ်။ ရေသေချာလေး ဆေးဖို့တော့ လိုပါမယ်။

Micellar water

မျက်နှာပေါ်က မိတ်ကပ်တွေ အညစ်အကြေးတွေကို သန့်စင်ဖို့ သုံးလေ့ရှိတဲ့ Micellar water ကို နားရွက်နောက်ဖက် သန့်စင်ဖို့ အသုံးပြုပေးလို့ ရပါတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားရင်း နားရွက်နောက်ဖက်ကိုပါ ဂွမ်းစလေးနဲ့ တဆက်တည်း သန့်စင်ဖို့ပါ။ ပြီးရင် ရေအေးအေးလေးနဲ့ ဆေးချပေးလိုက်ပါ။

ကဲ …… သန့်ရှင်းရေးလုပ်ဖို့ မေ့နေတတ်တဲ့ အစိတ်အပိုင်းလေး တစ်ခု ကို အခုလိုလေး သန့်ရှင်းရေး လုပ်ပြီး အသားအရေကို ထိန်းသိမ်းလိုက်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What causes a smell behind the ear? https://www.medicalnewstoday.com/articles/325081 Accessed Date 10 November 2021

http://www.hygieneexpert.co.uk/correct-ear-cleaning.html Accessed Date 10 November 2021

http://www.aboutkidshealth.ca/En/HealthAZ/HealthandWellness/EyeandEarCare/Pages/how-to-clean-ears.aspx Accessed Date 10 November 2021

ယခုပုံစံ

02/11/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဖြစ်များတဲ့ နားပြဿနာ များ

သင့်ကို နားအူ စေတဲ့ အကြောင်းရင်းများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/11/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ