နားကိုက်တယ်ဆိုတာ တကယ်ကို ခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ။ လူကြီးတွေမှာသာ နားကိုက်တာ ဖြစ်ခဲပေမယ့် အသက် ၅ နှစ်အောက် ကလေးတွေမှာတော့ နားကိုက်တာ အဖြစ်များတဲ့ အရာတစ်ခုပါ။ ကလေးတွေဆိုတာလည်း ဘယ်လိုခံစားနေရလဲဆိုတာ သေချာ မပြောပြနိုင်တဲ့အတွက် မိဘဖြစ်သူတိုင်း ကလေးနားကိုက်နေပြီဆို ခြေမကိုင်မိလက်မကိုင်မိဖြစ်တတ်ကြပါတယ်။
နားဘာကြောင့် ကိုက်ရတာလဲ။ ။
- နားထဲပိုးဝင်တာ
- နားဖားချေးပိတ်တာ
- နားထဲရေဝင်တာမျိုးနဲ့
- နားအတွင်းပိုင်း ထိခိုက်မိတာမျိုးတွေ
- သွားကိုက်၊ လည်ချောင်းနာတဲ့ အနာတွေက နားဆီပျံ့လာတာကြောင့် နားကိုက်ရတာဖြစ်ပါတယ်။
နားရဲ့ ဘယ်အစိတ်အပိုင်းကို အများဆုံးထိတာလဲ။ ။
နားကိုက်တာ အများဆုံးက နားအလယ်ပိုင်းမှာ အဖြစ်များပါတယ်။ နားရောင်ပြီး နားကိုက်တာကို ဆေးပညာအရဆို ortitis media လို့ခေါ်ပါတယ်။ နားစည်အလယ်လောက်မှာရှိတဲ့နားပြွန်ထဲမှာ နားဖားချေးပိတ်နေတာ၊ ရေဝင်သွားတာမျိုးတွေဖြစ်ရင် အပြင်က အသံတွေက နားစည်ဆီကို ရှင်းရှင်းလင်းလင်းမရောက်နိုင်တာကြောင့် ကိုယ့်ရဲ့ အကြားအာရုံကိုပါထိခိုက်စေပါတယ်။
ကိုယ့်ကလေး နားကိုက်နေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။ ။
ဒီအချက်တွေနဲ့ ကိုယ့်ကလေး နားကိုက်တာလားဆိုတာကို သိနိုင်ပါတယ်။ ။
- နားထဲမှာ နားဖားချေးတွေရှိနေမယ်
- ကလေးကလည်း တအားငိုနေမယ်
- နားထဲက ပြည်တွေယိုနေမယ်။
- ဘယ်လို သိပ်သိပ် မအိပ်တော့ဘူး
- ကိုယ်ခေါ်နေလည်း အသံကြားရာကို ကလေး လှည့်မကြည့်တော့ဘူးဆိုရင် သင့်ကလေး နားနဲ့ ပက်သက်ပြီး တစ်ခုခုဖြစ်နေပါပြီ။ ။
နားကိုက်တာ ၊ နားထဲပိုးဝင်တာကြောင့် နောက်ဆက်တွဲအနေနဲ့ ဘာတွေဆက်ဖြစ်နိုင်သလဲ ။ ။
- ယာယီ အကြားအာရုံချို့ယွင်းတာ
- ခေါင်းချာချာလည်အောင်မူးနေတာ
- နားအူတာ မျိုးတွေ ဆက် ဖြစ်နိုင်ပါတယ်။
ကိုယ့်ကလေး နားကိုက်နေပြီလို့ ယူဆရရင် မိဘတွေဘာလုပ်ပေးရမလဲ ။ ။
ကလေးနားဆိုတာ အရမ်းနုတာကြောင့် မိဘတွေအနေနဲ့ နားဖားချေး အိမ်မှာ ကလော်ပေးတာ၊ ကလေးနားထဲ နားဖားချေးပျော်ဆေးတွေ ထည့်တာမျိုးတွေ လုံးဝ မလုပ်သင့်ပါဘူး။ စေတနာကနေ ဝေဒနာ ပြောင်းသွားနိုင်လို့ပါ။
အကောင်းဆုံးနဲ့ အထိရောက်ဆုံးကတော့ ဆရာဝန်ဆီသွားပြပါ။ ကလေးဆရာဝန်ဆီကို ဖြစ်ဖြစ် ၊ နား၊နှာခေါင်း၊လည်ချောင်းဆရာဝန်ဆီကို ဖြစ်ဖြစ် ခေါ်သွားပါ။ ဆရာဝန်တွေဆီမှာ ကိရိယာပစ္စည်းတွေ အစုံအလင်ရှိတဲ့အပြင် သင့်ကလေးဖြစ်နေတဲ့ ပြဿနာကို အကောင်းဆုံး ပြေလည်အောင် ဖြေရှင်းပေးနိုင်မှာပါ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-bmi]