backup og meta

အသည်းရောဂါတွေ မဖြစ်လာအောင် ဒီနည်းလမ်းတွေနဲ့ ကာကွယ်ပါ

အသည်းရောဂါတွေ မဖြစ်လာအောင် ဒီနည်းလမ်းတွေနဲ့ ကာကွယ်ပါ

အသည်းရောဂါ တော်တော်များများက ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရမျှတတဲ့ စားသောက်မှုပုံစံကိုမွေးမြူတာ၊ အရက်သေစာနဲ့ဆေးဝါးတွေကိုသာ ဆင်ခြင်လိုက်မယ်ဆိုရင်ကို ကာကွယ်ပြီးသားဖြစ်နေပါပြီ။ အသည်းရောဂါတွေ က အခြေအနေပြင်းထန်မယ်ဆိုရင် အသက်သေဆုံးတဲ့ထိဖြစ်စေနိုင်တာကြောင့် မဖြစ်ခင်က ကြိုတင်ကာကွယ်တာအကောင်းဆုံးဖြစ်မှာပါ။

အသည်းရောဂါတွေ ကို ကာကွယ်ပေးနိုင်မယ့် လွယ်ကူရိုးစင်းတဲ့နည်းလမ်းတွေက

အသည်းက ခန္ဓါကိုယ်ကျန်းမာဖို့အတွက်တော်တော်လေးအရေးပါတာကြောင့် ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့စေ့နေဖို့ဆိုရင် အသည်းကျန်းမာနေဖို့လိုပါတယ်။ အသည်းကို ထိခိုက်စေနိုင်တဲ့ အရာတွေကနေ့စဉ်ထိတွေ့နေတဲ့ ပတ်ဝန်းကျင်မှာရှိနေနိုင်တာကြောင့်သေသေချာချာသတိထားဖို့လိုမှာပါ။ အမှုအမှတ်မဲ့ လုပ်ရပ်တွေကြောင့် အသည်းရောဂါခံစားရတာမျိုးတွေ ကင်းဝေးစေဖို့ ဒီအချက်လေးတွေကို သတိထားပေးပါနော်။

ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းထားပါ – ခန္ဓါကိုယ်ရဲ့ အလေးချိန်က လူတစ်ယောက်ရဲ့ ကျန်းမာရေးအပေါ်မှာတော်တော်လေးသက်ရောက်နေတာပါ။ အစားတွေကို စားကောင်းတိုင်း အများကြီးစားနေမယ်ဆိုရင် ကိုယ်တွင်းမှာ အဆီပိုတွေများလာပြီး မလိုလားအပ်တဲ့ရောဂါတွေဝင်ရောက်လာနိုင်ပါတယ်။ ကိုယ်တွင်းမှာ အဆီပိုတွေများလာရင်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုက အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါကို ခံစားရနိုင်တာပါ။ အဝလွန်တဲ့သူတွေ ပုံမှန်ထက် ကိုယ်အလေးချိန်များနေသူတွေက အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါ ခံစားရနိုင်ခြေများတာကြောင့် ကိုယ်အလေးချိန်မများလာအောင် ထိန်းသိမ်းပါ။

တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တာက မသန့်ရှင်းမှုကနေတဆင့်ကူးစက်တတ်တဲ့ အသည်းရောင် အသားဝါရောဂါပိုးတွေကို ကာကွယ်ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် အိမ်သာကဆင်းတဲ့အခါ၊ ကလေးကိုသေးခံလဲပေးပြီးချိန်၊ အစားမစားခင်၊ အစားအသောက်တွေကိုမပြင်ဆင်ခင်၊ ညစ်ပေတဲ့အရာတွေကို ထိတွေ့ပြီးချိန်တိုင်းမှာ လက်ကိုသေချာသန့်စင်အောင်ဆေးကြောပေးပါ

ရေများများသောက်ပေးပါ -ရေကအသည်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားရာမှာတော်တော်လေးထိရောက်မှုရှိစေတဲ့အရာပါ။ သင့်အနေနဲ့ရေသောက်နည်းနေမယ်ဆိုရင်သွေးတွေပျစ်လာပြီး အသည်းက သန့်စင်စစ်ထုတ်မှုလုပ်ဆောင်ရာမှာ ပိုမိုခက်ခဲစေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်ရေကိုလုံလောက်အောင်သောက်ပေးပါ။နေ့စဉ်ရေကို ၆ ခွက်ကနေ ၈ခွက်လောက်တော့သောက်ပေးပါ။ရေသောက်တဲ့အခါရေရဲ့ သန့်ရှင်းမှုကိုသေချာဂရုစိုက်ပေးပါ။

အချိုရည် နဲ့ အရက်တွေကို တတ်နိုင်သမျှလျှော့သောက်ပါ – ဒီအရည်တွေက အသည်းကို အထောက်အပံ့ဖြစ်စေတဲ့ရေဓါတ်တွေမဟုတ်ပါဘူး။ ပမာဏများလေလေ အသည်းထိခိုက်စေနိုင်လေလေပါ။ အချိုရည်တွေ များများသောက်တာက အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါကိုဖြစ်စေနိုင်ပြီး အရက်များများသောက်တာက အသည်းခြောက်ရောဂါနဲ့ အဆိုးဆုံးအနေနဲ့ အသည်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။သွေးတွင်းကိုလက်စထရောကျအောင်သောက်ရတဲ့ဆေးတချို့ကလည်း အသည်းကိုထိခိုက်စေနိုင်ပါတယ်။

ဆေးတွေအလွန်အကျွံမသောက်ပါနဲ့ – မကြာခဏဆိုသလိုဆေးတွေသောက်သုံးနေမှုကလည်း အသည်းကိုထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့်ခေါင်းကိုက်ဖျားနာတိုင်း အလွယ်တကူသောက်မိနေတဲ့Acetaminophen ပေါ့။ ဒီဆေးက အလွန်အကျွံသောက်ရင် အသည်းကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။နောက်ထပ်သတိထားရမှာက အကိုက်အခဲပျောက်ဆေးတွေသောက်သုံးနေတာပါ။ အကိုက်အခဲပျောက်ဆေးတွေကလည်း ခဏခဏသောက်ရင် အသည်းကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။နောက်တစ်ခုကဆေးသောက်တဲ့အခါ အရက်နဲ့တွဲမသောက်မိစေဖို့ပါ။

ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးပေးပါ – အစားအသောက်တွေစားသုံးတဲ့အခါမှာလည်း အဆီ၊အငန်ကဲတာမျိုးတွေကို မစားပါနဲ့။ အစားအစာတွေကို ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးတာက ကိုယ်အလေးချိန်ကို ထိန်းညှိနိုင်သလို အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါကိုကာကွယ်ရာလည်းရောက်ပါတယ်။

ဆေးလိပ်ဖြတ်ပါ -ဆေးလိပ်သောက်သုံးမှုကလည်း အသည်းကို ထိခိုက်စေတဲ့ အပြုအမူတစ်ခုပါ။ စီးကရက်မှာပါတဲ့ ဓါတုပစ္စည်းတွေက အသည်းကိုထိခိုက်စေနိုင်တာကြောင့်ဖြစ်နိုင်မယ်ဆိုရင်ဆေးလိပ်ဖြတ်လိုက်ပါ။

အဆိပ်ရှိတဲ့အရာတွေနဲ့ ထိတွေ့မှုကိုရှောင်ပါ -နေ့စဉ်သတိမထားမိဘဲ ထိတွေ့မိနေတဲ့ ပိုးသတ်ဆေးတွေ၊ အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေမှာ အသည်းကိုထိခိုက်စေနိုင်တဲ့ ဓါတုပစ္စည်းတွေပါဝင်နေတတ်ပါတယ်။ ဒါကြောင့်ကြွေချေးချွတ်ဆေးတွေ အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေ အသုံးပြုတဲ့အခါ နှာခေါင်းစည်းသုံးပေးပါ။

ကာကွယ်ဆေးထိုးထားပေးပါ – အသည်းရောင်အသားဝါရောဂါတွေကြောင့်နောက်ဆက်တွဲ အသည်းရောဂါတွေခံစားရတာကနေကာကွယ်ဖို့အတွက် အသည်းရောင်အသားဝါ A နဲ့ အသည်းရောင် အသားဝါ B ပိုးကာကွယ်ဆေးတွေထိုးထားပေးလိုက်ပါ။ မိသားစုဝင်တွေအားလုံးထိုးထားနိုင်ရင် အဆင်အပြေဆုံးပါ။ရောဂါပိုးကူးစက်ခံပြီးရင်တော့ ကာကွယ်ဆေးထိုးရင်လည်း ထိရောက်မှုသိပ်ရှိမှာ မဟုတ်ပါဘူး။ အသည်းရောင်အသားဝါ C ပိုးကာကွယ်ဆေးကတော့ အခုထိမရှိသေးပါဘူး။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Preventing liver diseasehttps://www.health24.com/Medical/Liver-Health/Overview/Preventing-liver-disease-20150129 Accessed Date 1 October 2018

How to Keep Your Liver Healthyhttps://www.webmd.com/hepatitis/features/healthy-liver#2 Accessed Date 1 October 2018

Liver Diseasehttp://www.healthcommunities.com/liver-disease/prevention.shtml Accessed Date 1 October 2018

Ten ways to prevent liver disease problemshttps://www.saga.co.uk/magazine/health-wellbeing/conditions/liver-disease-10-ways-to-prevent Accessed Date 1 October 2018

ယခုပုံစံ

23/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်အသည်းက ခန္ဓါကိုယ်အတွက် ဘာတွေလုပ်ပေးလဲ။

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အသည်းရောဂါများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement