Q2. အသည်းရောင် အသားဝါပိုးတွေက ဘယ်လိုကူးစက်တတ်သလဲ။
” အသည်းရောင် အသားဝါ ရောဂါပိုး အမျိုးမျိုးရှိတဲ့အထဲ အများဆုံး ကူးစက်ကြတာကတော့ အသည်းရောင် အသားဝါပိုး အေ၊ ဘီ၊ စီ၊ ဒီ၊ အီး (A,B,C,D,E) တို့ပါ။ အဲဒီထဲမှာ အသည်းရောင်ပိုး အေနဲ့ အီး (A,E) က အစားအသောက်နဲ့ ရေတို့ကနေ တဆင့် ကူးစက်တယ်။
ကျန်တဲ့ ပိုးတွေကတော့ သွေး၊ တံတွေး၊ သုက်ရည် အစရှိတဲ့ ခန္ဓာကိုယ်ကနေ ထွက်တဲ့အရည်တွေ၊ ဆေးထိုးအပ်၊ ဆေးမင်ထိုးတဲ့အပ် အစရှိတာတွေနဲ့ လိင်ကနေတဆင့် ကူးစက်နိုင်တယ်။ ဘီပိုးက မိခင်ကနေ ကလေးကိုလည်း မွေးဖွားချိန်မှာ ကူးစက်တတ်ပါသေးတယ်။ “
Q3. ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကနေ ကလေးကို ဘီပိုး၊ စီပိုး မကူးအောင် ဘယ်လိုကာကွယ်မလဲ။
” အသည်းရောင် အသားဝါ ဘီပိုးဟာ မိခင်ကနေ ကလေးကို ကူးစက်ဖို့အတွက် အရမ်းများတယ်။ အများအားဖြင့်တော့ မွေးဖွားချိန်မှာ အမေဆီက သွေးတွေ၊ အရည်တွေနဲ့ ထိမိတာကနေ ကူးစက်တယ်။ စီပိုးကတော့ အမေကနေ ကလေးကို ကူးစက်မှု အရမ်းမမြင့်ဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။