backup og meta

အသည်းရောင်ရောဂါနှင့်ဆိုင်သော လူနေမှုပုံစံပြောင်းလဲမှုများအတွက် အကြံပြုချက်များ

အသည်းရောင်ရောဂါနှင့်ဆိုင်သော လူနေမှုပုံစံပြောင်းလဲမှုများအတွက် အကြံပြုချက်များ

မည်သည့်ရောဂါမဆို ကုသရာတွင် ဆရာဝန်ပေးသော ကုသမှုနှင့်အတူ လူနေမှုပုံစံသည်လည်း အရေးကြီးပါသည်။ အထူးသဖြင့် အသည်းရောင် ရောဂါ ရှိချိန်တွင်ဖြစ်သည်။ သင့် အသည်းရောင် ရောဂါ အခြေအနေ နှင့် ကျန်းမာရေး ပိုကောင်းလာစေရန် လူနေမှုပုံစံကို ဘယ်လို ပြောင်းလဲသင့်သလဲ။ အသည်းရောင်ရောဂါနှင့်ဆိုင်သော လူနေမှုပုံစံ ပြောင်းလဲမှုများအတွက် အကြံပြုချက်များ ကို ဆက်ကြည့်လိုက်နော်။

အသည်းရောင်ရောဂါနှင့်ဆိုင်သော လူနေမှုပုံစံပြောင်းလဲမှုများအတွက် အကြံပြုချက်များ

အသည်းရောင်ရောဂါနှင့်ဆိုင်သော လူနေမှုပုံစံပြောင်းလဲမှုများအတွက် အကြံပြုချက်များ ကတော့

  • အရက်ကိုရှောင်ကြဉ်ပါ။

အရက်သည် အသည်းရောင် ရောဂါဖြစ်စေသည့် အကြောင်းအရင်း မဟုတ်လျှင်တောင် အရက်သောက်ခြင်းကို စွန့်လွှတ်သင့်သည်။ အကြောင်းမှာ အရက်ဆက်လက် သောက်ပါက အသည်းပို၍ ပျက်စီးနိုင်သောကြောင့် ဖြစ်သည်။

  • ကျန်းမာရေးနှင့်ညီညွတ်သော အစာကို စားသုံးပါ။

အစားအစာတွင် အရေးအကြီးဆုံး ပြောင်းလဲမှုမှာ ဆိုဒီယမ် စားသုံးမှုကို လျှော့ချရမည်ဖြစ်သည်။ ဆိုဒီယမ်ဓါတ် နည်းသော အစားအစာကို ရွေးချယ်၍ ဟင်းလျာထဲတွင် ဆားပမာဏ လျှော့ချရမည် ဖြစ်သည်။ ဆားများခြင်းက ခန္ဓါကိုယ်တွင် အရည်များ ကျန်ရှိခြင်း၊ ဗိုက်နှင့်ခြေထောက်တို့တွင် ဖောလာခြင်းတို့ ဖြစ်စေသည်။ ဟင်းသီးဟင်းရွက် နှင့် အသီးအနှံများကို အစားအစာထဲတွင် ပို၍ထည့်သင့်သည်။

၎င်းတို့က ကိုယ်ခံအားကို မြင့်တက်စေသည့် ဗီတာမင်နှင့်သတ္တုဓါတ်ကို ပေးစွမ်းနိုင်သည်။ အသည်းရောင်ခြင်းသည် အာဟာရချို့တဲ့ပြီး ကြွက်သားများကို အားနည်းစေသည်။ ထို့ကြောင့် အသားဓါတ်ကို ပို၍လိုအပ်သည်။ အဆီမပါသော အသားဓါတ်ဖြစ်သည့် ပဲအမျိုးမျိုး၊ ကြက်၊ငါးတို့ကို ရွေးချယ်နိုင်သည်။ သို့သော်ပင်လယ်စာ အစိမ်းကိုတော့ ရှောင်ကြဉ်ရမည် ဖြစ်သည်။

  • သင့်အသည်းကိုထိခိုက်စေသော ဆေးဝါးများကို မသုံးပါနှင့်။

သင့်တွင် အသည်းရောင် ရောဂါ ရှိလျှင် အခြား ရောဂါများအတွက် ပေးသော ဆေးဝါးများသည် သင့်ကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ဆရာဝန် မညွှန်ကြားဘဲ မိမိဘာသာ ဆေးဝယ်သောက်ခြင်းကို ဂရုစိုက်သင့်သည်။ အသည်းရောင် နေပါလျှင် အသည်းက ဆေးများကို အဆင့်ဆင့်ဖျက်ဖို့ရာ ခက်ခဲပါသည်။ ထို့ကြောင့် ဆေးဆိုင်မှ ကိုယ့်ဘာသာ ဆေးဝယ် မသောက်မီ ဆရာဝန်ကို မေးမြန်းပါ။(သို့) ဆေးဝါး ကျွမ်းကျင် ပညာရှင်ကို မိမိသောက်နေသော ဆေးများ အကြောင်း မေးပါ။

  • သင်၏အလေ့အကျင့်များကို ပြောင်းလဲပါ။

သင့်ကျန်းမာရေး ကောင်းမွန်ပြီး အသည်းရောင် လက္ခဏာများကို ကာကွယ်နိုင်ရန် မကောင်းသော အလေ့အကျင့်များကို ပြောင်းလဲပါ။ ဆေးလိပ်ဖြတ်ခြင်း၊ နေ့စဉ် လေ့ကျင့်ခန်း လုပ်ခြင်းနှင့်အတူ ဆရာဝန်ညွှန်ကြားသော အားဆေး မှီဝဲခြင်းတို့ကို ပြုလုပ်ပါ။ ဆရာဝန် မညွှန်ကြားဘဲ သံဓါတ်ပါသည့် ဆေးများကို မသုံးစွဲပါနှင့်။

ထို့ပြင် ကောင်းမွန်သော သွားကျန်းမာရေးက သွားပြဿနာ မှတဆင့် ရောဂါပိုး ဝင်ခြင်းကို လျှော့ချပေးသည်။

သင် ကာကွယ်ဆေး ထိုးပြီးပြီဆိုသည်ကို သေချာအောင် လုပ်ပါ။ တုပ်ကွေး ကာကွယ်ဆေး၊ အသည်းရောင် ရောဂါ အေ နှင့် ဘီ ကာကွယ်ဆေး၊ အဆုတ်ရောင် ရောဂါ ကာကွယ်ဆေး တို့ကို ထိုးဖြစ်အောင် ထိုးပါ။ သင်ဘယ်အချိန်တွင် ကာကွယ်ဆေး တစ်ခေါက် ပြန်ထိုးဖို့ လိုအပ်လည်း ဆိုသည်ကို ဆရာဝန်အား မေးဖို့မမေ့ပါနှင့်။

  • အကာအကွယ်မသုံးဘဲ လိင်မဆက်ဆံပါနှင့်။

အကာအကွယ် သုံးခြင်းက အသည်းရောင် ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးသည်။ အသည်းရောင် ရောဂါ ဘီ နှင့် စီသည် လိင်မှတဆင့် ကူးစက်နိုင်သောကြောင့် အကာအကွယ် မရှိဘဲ လိင်ဆက်ဆံပါက ရောဂါကူးနိုင်ခြေ ပိုများစေပါသည်။

အသည်းရောင် ရောဂါ ကာကွယ်ဆေးများ အကြောင်း ဆရာဝန်ဆီတွင် မေးမြန်း၍ သင်နှင့် သင့်အဖော်ကို ကာကွယ်နိုင်ရန် အကောင်းဆုံး နည်းလမ်းကို ဆွေးနွေးနိုင်သည်။

ကျန်းမာသော လူနေမှုပုံစံက သင့်ရောဂါ အတွက် အံ့အားသင့်ဖွယ် အကျိုး သက်ရောက်မှုများ သယ်ဆောင်လာ နိုင်ပါသည်။ ထိုကောင်းကျိုးတွေ ရရှိဖို့ သင် ယခုပဲ စတင် ပြောင်းလဲလိုက်ပါတော့။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

25/08/2022

Hello Sayarwon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသည်းအဆီဖုံးခြင်းနှင့်ကိုယ်ဝန်

အသည်းရောင်ရောဂါနှင့်ဆိုင်သော လူနေမှုပုံစံပြောင်းလဲမှုများအတွက် အကြံပြုချက်များ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement