backup og meta

အစားစားပြီးချိန် ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း

အစားစားပြီးချိန် ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း

အစားစားပြီးချိန် ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း အကြောင်း နည်းနည်းလောက် လေ့လာလိုက်ရအောင်နော်။ စားသောက်ပြီးချိန်မှာ ဗိုက်ထဲမကောင်းတာ အကြောင်းအရင်းပေါင်းစုံကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ရှိခြင်းကနေ အစာအဆိပ်သင့်ခြင်းအထိ မျိုးစုံဖြစ်နိုင်ပါတယ်။ ဖြစ်ပေါ်တဲ့လက္ခဏာပေါ် မူတည်ပြီး အကြောင်းအရင်းကို ခန့်မှန်းရပါတယ်။ လိုအပ်တဲ့ကုသမှုကို ခံယူနိုင်ပါတယ်။

ယခုဆက်လက်ဖော်ပြမှာကတော့ စားသောက်ပြီးချိန်မှာ ပျို့အန်ခြင်းဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။

အစားစားပြီးချိန် ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း

အစားစားပြီးချိန် ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း က ဒီအချက်တွေကြောင့်ပါ။

အစာမတည့်ခြင်း

တစ်ခါတရံမှာ အစားအစာအချို့ ဥပမာ ခရုကမာ၊ အခွံမာသီး၊ ဥအမျိုးမျိုးကို သင့်ကိုယ်ခံစွမ်းအားကနေ အန္တရာယ်ရှိတဲ့ ပစ္စည်းများအနေနဲ့ မှတ်ယူတတ်ကြပါတယ်။ တစ်ခုခုကိုစားလိုက်မိရင် ကိုယ်ခံအားစနစ်ကနေ ဟစ်စ်တမင်းနဲ့ တခြားဓာတ်ပစ္စည်းများ ထုတ်လုပ်ခြင်းအားဖြင့် တုံ့ပြန်မှုတွေ ပြုလုပ်ပါတယ်။ အဲဒီအခါ ဓာတ်မတည့်ခြင်းလက္ခဏာများဖြစ်တဲ့ အင်ပျဉ်ထခြင်း၊ ယားယံခြင်း စတာတွေ ဖြစ်လာတတ်ပြီး ပျို့အန်တာပါ ဖြစ်လာနိုင်ပါတယ်။

အစာအဆိပ်သင့်ခြင်း

သေချာစွာ ထုတ်ပိုးသိမ်းဆည်းမထားတဲ့ အစားအစာတွေမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးပိုး စတဲ့ရောဂါပိုးပေါင်းစုံ ဝင်ရောက်ပေါက်ပွားနိုင်ပါတယ်။ အဆိုပါ အစားအစာတွေကို စားသုံးမိရင် နာရီအနည်းငယ်အတွင်း ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။

ကိုယ်ဝန်ရှိခြင်း

ကိုယ်ဝန်ရှိလာရင် ဟော်မုန်းအပြောင်းအလဲကြောင့် မအီမသာဖြစ်ခြင်း၊ သက်သောင့်သက်သာမရှိခြင်းတွေ ကြုံလာရပါတယ်။ အထူးသဖြင့် အစားစားပြီးချိန်တွေမှာ ပျို့အန်ချင်စိတ် ဖြစ်လာနိုင်ပါတယ်။ တစ်ခါတရံမှာ အစားအစာတချို့ရဲ့ အနံ့အရသာကို ရလိုက်ရုံနဲ့တင် မအီမသာဖြစ်ပြီး ပျို့အန်ချင်စိတ် ပေါ်လာနိုင်ပါတယ်။

အစာခြေရည်လျှံတက်ခြင်း

ရင်ပူခြင်း၊ လေချဉ်တက်ခြင်းများဟာ အစာအိမ်ထဲမှာရှိတဲ့ အစာခြေရည်များဟာ လည်ချောင်းရင်းထိ ပြန်ဆန်တက်လာတာကြောင့် ဖြစ်ပါတယ်။ အစာရေမျိုနဲ့ အစာအိမ်ကို ပိုင်းခြားပေးထားတဲ့ အဆို့ရှင်ကြွက်သား အားနည်းတာကြောင့် ဖြစ်ပါတယ်။ အဆိုပါ အခြေအနေမှာ ပျို့အန်ခြင်းလည်း ဖြစ်တတ်ပါတယ်။

စိတ်ဖိစီးခြင်း၊ ပူပန်ခြင်း

စိတ်ဖိစီးခြင်းဟာ စိတ်ပိုင်းဆိုင်ရာတစ်မျိုးတည်းကိုသာ ထိခိုက်စေတာ မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်လာစေနိုင်ပါတယ်။ စားပြီးချိန်တွေမှာလည်း ပျို့တက်နိုင်ပါတယ်။

ကင်ဆာရောဂါကုသမှု ခံယူနေခြင်း

ကင်ဆာဖြစ်နေသူတွေ ဆေးကုသမှုခံယူချိန်မှာ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့် ပျို့အန်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကုသမှုပြီးချိန်မှာတော့ ပျောက်ကင်းသွားနိုင်ပါတယ်။

သည်းခြေအိတ်ပြဿနာ

သည်းခြေအိတ်ဟာ အစာအိမ်ရဲ့ညာဘက်အပေါ်ပိုင်းမှာ တည်ရှိပါတယ်။ သည်းခြေအိတ်ဟာ အဆီကို ချေဖျက်နိုင်ဖို့ ကူညီပေးပါတယ်။ သည်းခြေကျောက်တည်ခြင်း၊ အပါအဝင် သည်းခြေအိတ်မှာ ရောဂါတစ်ခုခုဖြစ်ရင် အဆီဓာတ်ကို ချေဖျက်ဖို့ ခက်ခဲသွားပါတယ်။ ဒါကြောင့် အစာအိမ်နေရာမှာ မအီမသာဖြစ်ပြီး လေပျို့ခြင်းများ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အဆီများတဲ့ အစားအစာတွေစားပြီးချိန်မှာ ပိုဖြစ်တတ်ပါတယ်။

ကားမူးခြင်း

လူတချို့ဟာ ရွေ့လျားခြင်းဒဏ်ကို မခံနိုင်ကြပါဘူး။ ယာဉ်တစ်ခုခုပေါ် စီးနင်းပြီး ရွေ့လျားတဲ့အခါ မူးဝေခြင်း၊ ပျို့အန်ခြင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကားမစီးခင် ဒါမှမဟုတ် ကားစီးပြီးခါစမှာ စားသောက်ရင် ပိုဖြစ်တတ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ

ခဏတာမျှ ပျို့အန်ခြင်းဟာ ပြဿနာမရှိပါဘူး။ ဒါပေမယ့် တစ်ပတ်လောက်နဲ့ ပျောက်မသွားခဲ့ရင် ဆရာဝန်ပြသပြီး အကြောင်းအရင်းကို ရှာဖွေသင့်ပါတယ်။ အထူးသဖြင့် ဆိုးရွားပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ပေါ်လာခဲ့ရင် ဖြစ်ပါတယ်။ အဆိုပါလက္ခဏာတွေကတော့

– သွေးဝမ်းသွားခြင်း

– ရင်ဘတ်အောင့်ခြင်း

– အာရုံရှုပ်ထွေးခြင်း

– ဝမ်းပျက်ခြင်း (၂-၃ရက်ဆက်တိုက်)

– ရေဓာတ်ခမ်းခြောက်ခြင်းလက္ခဏာများဖြစ်သည့် အလွန်အမင်း ရေငတ်ခြင်း၊ ဆီးနည်းခြင်း၊ အားနည်းခြင်း၊ မူးဝေခြင်း

– အဖျားကြီးခြင်း

– ဝမ်းဗိုက်အတွင်း စူးအောင့်ခြင်း

– နှလုံးခုန်မြန်ခြင်း

– ဆိုးရွားစွာ ပျို့အန်ခြင်း၊ အစာမျိုရန်ခက်ခဲခြင်း စတာတွေ ဖြစ်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

11/11/2022

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပျို့အန်ခြင်းအတွက် သဘာဝနည်းလမ်းများ

လေ့ကျင့်ခန်းလုပ်ပြီးနောက် ပျို့အန်ချင်တာကို ဘယ်လိုသက်သာအောင်လုပ်မလဲ ။ ။


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


11/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement