ဗိုက်ထဲကနာလို့ ရေအိမ်ပြေးလိုက်တိုင်း ဝမ်းအရည်တွေပဲ သွားနေတယ်။ ဒါကလည်း တစ်နေ့မှာ တစ်ကြိမ်လောက်ပဲ မဟုတ်ဘဲ ခဏခဏ ဖြစ်နေတယ်။ ဒီလို ဝမ်းအရည်တွေ သွားနေတာ ဘာကြောင့်လဲ။ ဒီ ဝမ်းအရည်တွေ သွားနေတာကို သက်သာစေဖို့ ဘာလုပ်ရမလဲဆိုပြီး သိချင်နေတဲ့သူလေးတွေ ရှိလား ……
ဗိုက်ထဲကနာလို့ ရေအိမ်ပြေးလိုက်တိုင်း ဝမ်းအရည်တွေပဲ သွားနေတယ်။ ဒါကလည်း တစ်နေ့မှာ တစ်ကြိမ်လောက်ပဲ မဟုတ်ဘဲ ခဏခဏ ဖြစ်နေတယ်။ ဒီလို ဝမ်းအရည်တွေ သွားနေတာ ဘာကြောင့်လဲ။ ဒီ ဝမ်းအရည်တွေ သွားနေတာကို သက်သာစေဖို့ ဘာလုပ်ရမလဲဆိုပြီး သိချင်နေတဲ့သူလေးတွေ ရှိလား ……

ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ဒီဆောင်းပါးလေးထဲမှာ ဝမ်းအရည်တွေ သွားနေတာကို သက်သာစေဖို့ သောက်စရာများ ၊ လုပ်ဆောင်လို့ရမယ့် အိမ်တွင်းကုထုံးလေးတွေအကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ဝမ်းအရည်တွေ သွားနေရတဲ့ အကြောင်းအရင်းက

ဝမ်းအရည်တွေ သွားနေတာကို သက်သာစေဖို့ ဒါလေးတွေ သုံးဆောင်ပေးလို့ ရပါတယ်။
ဓာတ်ဆားရည်
ဒါကတော့ မဖြစ်မနေ သောက်ပေးရမှာပါ၊၊ ဝမ်းသွားပြီဆိုတာနဲ့ ဓာတ်ဆားက စသောက်ရမှာပါ။ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဆားဓာတ်ကို မဖြည့်ရင် ရေဓာတ်ခမ်းခြောက်ပြီး အသက်အန္တရာယ်ရှိတာကြောင့် ဘာမှမသောက်ချင်ဘူးဆိုရင်တောင် ဓာတ်ဆားတော့ ဝင်အောင်သောက်ပေးပါ၊၊ ဝမ်းအရည်သွားတာ အများစုက အလိုလိုသက်သာနိုင်ခြေ ရှိတာကြောင့် ဒီမတိုင်ခင်မှာတော့ လိုအပ်တဲ့ ရေနဲ့ ဆားဓာတ်ကို ဖြည့်တင်းထားဖို့ လိုပါတယ်၊၊
ချင်း (ဂျင်း) က အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ကျန်းမာရေးအတွက် အကျိုးများသလို ဝမ်းအရည်တွေ သွားနေတာကို သက်သာစေနိုင်ပြီး ဝမ်းဗိုက်ကလေး ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။
ရေနွေးဆူဆူ ထဲမှာ ချင်း (ဂျင်း) လက်တစ်ဆစ်လောက်ကို ထုထည့်ပြီး ရေနွေးနွေးလေးမှာ သောက်ပေးရုံပါ။
ချင်း (ဂျင်း)က မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်သလို ဘက်တီးရီးယားတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ ချင်း (ဂျင်း) သတ္တုရည်ကို ဆားနည်းနည်းလောက်ထည့်ပြီး သောက်ပေးတာက ဝမ်းအရည်တွေ သွားတာကို သက်သာစေပြီး ဝမ်းဗိုက်လေးကို ကျန်းမာစေမှာပါ။
အဝင်တော့ နည်းနည်းဆိုးနိုင်ပါတယ်။ တစ်နေ့ကို ၂ ကြိမ်လောက် သောက်ပေးရုံပါ။ တစ်ခါသောက်ရင် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာဆို လုံလောက်ပါတယ်။
သံပုရာသီးက ဝမ်းအရည်သွားတာကို သက်သာစေနိုင်ပါတယ်။ နံနံပင်က အစာခြေစနစ်ကို ကျန်းမာစေပြီး အစာကြေစေနိုင်ပါတယ်။ နံနံပင်ကို ကြိတ်ပြီး သံပုရာရည် နည်းနည်းထည့်လို့ သောက်ပေးတာကလည်း ဝမ်းအရည်သွားတာကို သက်သာစေနိုင်ပါတယ်။
ပူဒီနံနဲ့ သံပုရာရည် အတွဲအစပ်က ဗိုင်းရပ်စ်တွေ၊ မှိုပိုးတွေနဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ အစာခြေရည် ထွက်စေပြီး အစာအိမ်နဲ့ အူလမ်းကြောင်း နံရံတွေကို သက်တောင့်သက်သာဖြစ်စေနိုင်ပါတယ်။
ပူဒီနံကို အနှစ်ဖြစ်အောင် ကြိတ်လို့ သံပုရာရည်နဲ့ သောက်သုံးပေးတာက ဝမ်းအရည်တွေ သွားတာကို သက်သာစေဖို့ ထောက်ကူပေးမှာပါ။
သံပုရာသီးက ဗိုင်းရပ်စ်တွေ နဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်စွမ်း ရှိပါတယ်။ အစာအိမ်ကို ကျန်းမာစေပြီး ကိုယ်တွင်းက pH ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။
သံပုရာရည်ကို ဆားလေးနဲ့ ဖျော်ပြီး သောက်ပေးတာကလည်း အစာခြေစနစ်ထဲက မကောင်းတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး ဝမ်းအရည်တွေ သွားတာကို သက်သာစေနိုင်ပါတယ်။
စမုံစပါးစေ့က အစာအိမ်ကို ကျန်းမာစေနိုင်ပါတယ်။ လေပွတာ၊ အစာမကြေတာတွေကို သက်သာစေနိုင်ပါတယ်။ ရေနွေးဆူဆူထဲကို စမုံစပါးထည့်ပြီး နာရီဝက်လောက် စိမ်ထားပြီး ခပ်နွေးနွေး အနေအထားမှာ သောက်ပေးရုံပါ။
သလဲသီးကလည်း ဝမ်းအရည်တွေ သွားတာကို သက်သာစေနိုင်ပါတယ်။ သလဲသီးကို ကြိတ်လိုက်လို့ ရလာတဲ့ ဖျော်ရည်ကို သောက်သုံးပေးလို့ ရပါတယ်။
ဝမ်းသွားတာ အများစုက ရက်ပိုင်းလောက်နေရင် ပျောက်သွားပေမယ့် တကယ်လို့ မသက်သာရင် အပေါ်က သောက်စရာတွေကို ဆက်မသောက်ပါနဲ့။ ဒါက အိမ်တွင်းကုထုံးတွေသက်သက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့်