backup og meta

လိပ်ခေါင်းရောဂါရဲ့ နောက်ဆက်တွဲပြဿနာများ

လိပ်ခေါင်းရောဂါရဲ့ နောက်ဆက်တွဲပြဿနာများ

လိပ်ခေါင်းရောဂါရဲ့ နောက်ဆက်တွဲပြဿနာများး အကြောင်း လေ့လာနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

လိပ်ခေါင်းရောဂါကို ဂရုမစိုက်ဘဲပစ်ထားရင် ဘာတွေဖြစ်လာမှာလဲ 

ဝမ်းသွားတဲ့အခါ သွေးပါလာတယ်။ စအိုတဝိုက်က စပ်ဖျဉ်းဖျဉ်းနဲ့ နေရခက်တယ်။ စအိုတဝိုက်က နာသလိုလို ယားသလိုလိုဖြစ်နေတယ် ဆိုရင် လိပ်ခေါင်းရောဂါ ခံစားနေရတာပါ။ လိပ်ခေါင်းရောဂါက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာ မဟုတ်ပေမယ့် နေ့စဉ်ဘဝကို တော်တော်လေး ထိခိုက်စေပြီး စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပေါ့။ မပြင်းထန်ဘူးဆိုပေမယ့် သေသေချာချာ ကုသဖို့ လိုပါမယ်။ လိပ်ခေါင်းကို သေချာ မကုသဘဲ ထားတာက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်လာစေဖို့ လက်ယပ်ခေါ်ရာ ရောက်ပါတယ်။

လိပ်ခေါင်းရောဂါ ဆိုတာ

လိပ်ခေါင်းရောဂါ ဆိုတာက အစာဟောင်းအိမ် အောက်ပိုင်းနဲ့ စအိုမှာ ရှိတဲ့ သွေးပြန်ကြောတွေ ရောင်ရမ်းနေတာပါ။ သွေးကြောထုံးရောဂါနဲ့ ဆင်တူပါတယ်။ ဖောင်းနေတဲ့ သွေးကြောတွေက အပြင်ဘက်ကို ထွက်လာတာပါ။ ဒီအခြေအနေက နေရထိုင်ရ ခက်သလို တော်တော်လေး နာကျင်ပါတယ်။

လိပ်ခေါင်းရောဂါက အရွယ်ရောက်ပြီးသူ ၄ ဦးမှာ ၃ ဦးလောက် ခံစားနေရတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ လိပ်ခေါင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေက အများကြီး ရှိပေမယ့် ဘာ​ကြောင့် လိပ်ခေါင်းဖြစ်ရတာလဲ ဆိုတာကို သေသေချာချာ မသိတဲ့ အခါမျိုးလည်း ရှိနိုင်ပါတယ်။

လိပ်ခေါင်း အမျိုးအစားများ

လိပ်ခေါင်းရောဂါက အမျိုးအစားကွဲသလို ခံစားရတဲ့ လက္ခဏာတွေလည်း ကွာခြားနိုင်ပါတယ်။

အပြင် လိပ်ခေါင်း

အပြင် လိပ်ခေါင်းဆိုတာက စအိုတဝိုက် အရေပြား အောက်ဘက်မှာ ဖြစ်တဲ့ လိပ်ခေါင်းရောဂါပါ။

  • စအို တဝိုက်က ယားယံမယ်၊ စပ်ဖျဉ်းဖျဉ်းဖြစ်မယ်။
  • နာကျင်မယ်။
  • နေရထိုင်ရ မအီမသာဖြစ်မယ်။
  • စအိုတဝိုက် ရောင်ရမ်းမယ်။
  • သွေးထွက်မယ်။

အတွင်း လိပ်ခေါင်း

အတွင်းလိပ်ခေါင်း ဆိုတာက အစာဟောင်းအိမ် အတွင်းဘက်မှာ ရှိနေတာပါ။ မြင်ရဖို့ မဖြစ်နိုင်သလို အတွင်းလိပ်ခေါင်း ဖြစ်နေမှန်း သတိထားမိဖို့တောင် ခက်ပါတယ်။ ကသိကအောင့် ခံစားမိတာမျိုးကတောင် ဖြစ်တောင့် ဖြစ်ခဲပါ။ ဒါပေမယ့် ဝမ်းသွားတဲ့အခါမှာတော့

  • နာကျင်မှုမရှိဘဲ သွေးထွက်တာ။ အိမ်သာခွက် ဒါမှမဟုတ် တစ်သျှူးစမှာ သွေးပေနေတာမျိုး တွေ့ရနိုင်ပါတယ်။
  • နာကျင်မှု၊ စပ်ဖျဉ်းဖျဉ်း ခံစားရမှုနဲ့အတူ စအိုကနေတဆင့် လိပ်ခေါင်း ထွက်လာတာမျိုး ခံစားရနိုင်ပါတယ်။

သွေးခဲပိတ် လိပ်ခေါင်း

အပြင်လိပ်ခေါင်းကြောင့် သွေးထွက်ပြီး သွေးခဲ ပိတ်ဆို့သွားတဲ့ အခြေအနေပါ။ ဒီလိုဖြစ်တဲ့အခါ

  • မခံနိုင်အောင် နာကျင်တာ
  • ရောင်ရမ်းတာ
  • စအိုတဝိုက်မှာ ခပ်မာမာ အဖုဖြစ်တာတွေ ခံစားရနိုင်ပါတယ်။

လိပ်ခေါင်း ဖြစ်ရတဲ့ အကြောင်းအရင်း

လိပ်ခေါင်းဖြစ်ရတဲ့ အကြောင်းအရင်းကတော့ အစာဟောင်းအိမ် အောက်ပိုင်းမှာ ဖိအား များနေတာကြောင့်ပါ။

  • ဝမ်းကိုညှစ်ပြီး သွားရတာ
  • အိမ်သာမှာ အချိန်ကြာမြင့်စွာ ထိုင်တာ
  • နာတာရှည် ဝမ်းချုပ်တာ
  • နာတာရှည် ဝမ်းလျှောတာ
  • အဝလွန်တာ
  • ကိုယ်ဝန်ဆောင်နေရတာ
  • စအိုနဲ့ ဆက်ဆံမှုပြုတာ
  • အမျှင်ဓာတ်ပါတဲ့ အစားအစာတွေ အစားနည်းတာ
  • အမြဲ အလေးအပင် မတာတွေကြောင့် လိပ်ခေါင်း ဖြစ်နိုင်ပါတယ်။

လိပ်ခေါင်းရောဂါရဲ့ နောက်ဆက်တွဲပြဿနာများ

လိပ်ခေါင်းကို သေချာ မကုသဘဲ ထားမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကတော့ အများကြီးရှိပါတယ်။ တိုက်ရိုက်ဖြစ်လာနိုင်တဲ့ ပြဿနာတွေရှိသလို တဆင့်ခံပြဿနာတွေလည်းရှိပါတယ်။

အချိန်တိုအတွင်းဖြစ်လာမဲ့ အန္တရာယ်တွေရှိသလို တဖြည်းဖြည်းနဲ့ ပိုဆိုးလာမဲ့ အန္တရာယ်တွေလည်းရှိပါသေးတယ်။ တွေ့ရအများဆုံးပြဿနာတွေကတော့..

နာတာရှည် လိပ်ခေါင်းကြောင့် အမြဲလိုလို သွေးထွက်ရာက အချိန်ကြာမြင့်စွာ သွေးဆုံးရှုံးမှု ဖြစ်မယ်ဆိုရင်  အကျိုးဆက်အနေနဲ့ သွေးအားနည်းရောဂါ ခံစားလာရနိုင်ပါတယ်။

သွေးအားနည်းခြင်းကြောင့် မောပန်းနုန်းခွေနေတာ၊ ကိုယ်ခံအားနည်းလာတာ၊ အစားအသောက်ပျက်လာတာ၊ မူးဝေတာ၊ အထိုင်အထ မိုက်ခနဲဖြစ်တာ မျက်စိပြာတာတွေဖြစ်လာနိုင်သလို နောက်ဆုံးမှာ သွေးအားနည်းနှလုံးရောဂါကတဆင့် နှလုံးပျက်စီးတာအထိဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။

အတွင်းလိပ်ခေါင်းဆီကို သွေးစီးဆင်းမှု ပြတ်တောက်သွားတဲ့အခါ  မခံမရပ်နိုင်အောင် နာကျင်မှုကို ခံစားရတဲ့ အခြေအနေ တစ်ရပ်ပါ။

  • သွေးခဲ ပိတ်ဆို့ခြင်း

လိပ်ခေါင်းထဲက သွေးတွေ ခဲသွားပြီး သွေးခဲ ပိတ်ဆို့တဲ့ အခြေအနေပါ။ အသက်အန္တရာယ် မရှိနိုင်ဘူးဆိုပေမယ့် မခံမရပ်နိုင်အောင် နာကျင်တာမျိုး၊ လိုအပ်ရင် ခွဲထုတ်ရတာ၊ ဖောက်ထုတ်ရတာမျိုးတွေ ရှိနိုင်ပါတယ်။

  • ရောဂါပိုး ဝင်ရောက်ကူးစက်ခြင်း

လိပ်ခေါင်းကို ဘက်တီးရီးယားပိုးတွေ ဝင်ရောက်ကူးစက်မှုကြောင့် အနားတဝိုက်က တစ်ရှူးတွေ ပိုးဝင်ကူးစက်တဲ့ အခြေအနေမျိုးပါ။ ဒီလို ပိုးဝင်ကူးစက်တာကို သေချာ မကုသဘဲ ထားမယ်ဆိုရင် တစ်ရှူး ပုပ်တာ၊ အဖျားတက်တာ၊ ပြည်တည်နာ ဖြစ်တာလိုမျိုး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။

  • စအို အူနံရံ ကျွံခြင်း

စအိုအတွင်းဘက် အမြှေးပါးက အပြင်ဘက်ကို ကျွံထွက်လာပြီး ထိုင်တဲ့အခါ ဝမ်းသွားတဲ့အခါ နာကျင်တာနဲ့ မအီမသာ ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။

လိပ်ခေါင်းကို ဘယ်လို ကာကွယ်မလဲ

လိပ်ခေါင်းကို ကာကွယ်နိုင်မယ့် အကောင်းဆုံး နည်းလမ်းက ဝမ်းပျော့ပျော့ မှန်မှန် သွားစေဖို့ပါပဲ။ ဒီတော့ လိပ်ခေါင်း ကာကွယ်ဖို့ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေကို ဂရုတစိုက် လုပ်ဆောင်ဖို့ လိုပါမယ်။

  • အမျှင်ဓာတ် များတာတွေ စားပေးပါ။ ဝမ်းပျော့ပျော့သွားစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။
  • ရေများများသောက်ပါ။ တစ်နေ့ကို ရေ ၈ ခွက် သောက်ပါ။ အယ်လ်ကိုဟော နဲ့ ကဖင်းကိုတော့ ရှောင်ပါ။
  • အမျှင်ဓာတ်ပါတဲ့ ဖြည့်စွက်စာတွေ မှီဝဲပါ။
  • ဝမ်းကို အားနဲ့ ညှစ်ပြီး မသွားပါနဲ့။
  • ဝမ်းသွားချင်ရင် အောင့်မထားပါနဲ့။
  • လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ။
  • အိမ်သာမှာ အကြာကြီး ထိုင်တာမျိုး မလုပ်ပါနဲ့။ အိမ်သာမှာ အကြာကြီးထိုင်တာက စအိုတဝိုက်က သွေးကြောတွေကို ဖိအားများစေပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hemorrhoids https://www.mayoclinic.org/diseases-conditions/hemorrhoids/symptoms-causes/syc-20360268 Accessed Date 17 July 2020

What Are the Different Types of Hemorrhoids? https://www.healthline.com/health/types-of-hemorrhoids Accessed Date 17 July 2020

Hemorrhoids: Signs, Symptoms, and Complications https://www.verywellhealth.com/hemorrhoids-signs-symptoms-and-complications-4160936 Accessed Date 17 July 2020

Haemorrhoids https://www.healthdirect.gov.au/haemorrhoids-piles Accessed Date 17 July 2020

ယခုပုံစံ

23/02/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိပ်ခေါင်းရှိနေရင် ဘယ်လို အစားအသောက်တွေ ရှောင်သင့်လဲ ။ ။

လိပ်ခေါင်းရောဂါကို ဒီလိုကာကွယ်ပါ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 23/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement