ဆေးလိပ်လို့ ဆိုလိုက်ရင် စီးကရက်တင်မကဘဲ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ် ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ တော်တော်များများက အလွယ်တကူ ဝယ်လို့ရနိုင်တဲ့ စီးကရက်ကို သောက်ကြပေမယ့် ဆေးပြင်းလိပ်မှ သောက်တာ၊ ဆေးပေါ့လိပ်မှ သောက်တယ်။ ဒါက စီးကရက်လောက် ကျန်းမာရေးကို မထိခိုက်စေလောက်ဘူးလို့ ယူဆသူတွေရှိနိုင်ပါတယ်။ ဒီတော့ လက်ကနေ မချတမ်း အပြတ်ခဲနေတဲ့ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်တွေက ကျန်းမာရေးကို တကယ်ပဲ စီးကရက်လောက် မထိခိုက်ဘူးလားဆိုတာကို သိနိုင်ဖို့ ဒီဆောင်းပါးလေး ဖတ်ကြည့်စေချင်ပါတယ်။