သည်းခြေအိတ် ဟာ အစာခြေစနစ်အတွက် လိုအပ်တဲ့ သည်းခြေရည်များကို သိုလှောင်ထားပေးတဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ ဝမ်းဗိုက်ရဲ့ ညာဘက်ပိုင်း အသည်းရဲ့အောက်မှာ ကပ်လျက် တည်ရှိပါတယ်။ စားသောက်လိုက်ချိန်မှာ သည်းခြေအိတ်ဟာ လှုပ်ရှားလာပြီး သည်းခြေရည်တွေကို အူလမ်းကြောင်းထဲ ညှစ်ထုတ်ပေးပါတယ်။