သည်းခြေအိတ်ခွဲစိတ်ကုသပြီးချိန် ကြုံတွေ့နိုင်သည့်အရာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 23, 2020 . 2 mins read
Share now

သည်းခြေအိတ်ဆိုတာ ဝမ်းဗိုက်ရဲ့ညာဘက်ခြမ်း အသည်းရဲ့အောက်ခြေမှာ အိတ်ပုံသဏ္ဌာန် တည်ရှိနေတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ သူ့ရဲ့လုပ်ငန်းတာဝန်ကတော့ သည်းခြေရည်တွေကို သိုလှောင်ပေးဖို့နဲ့ ထုတ်လွှတ်ပေးဖို့ ဖြစ်ပါတယ်။ အဆိုပါ သည်းခြေရည်များကို အသည်းကနေ ထုတ်လုပ်ပေးပြီး အဆီဓာတ်ကို ချေဖျက်ပေးဖို့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။

ကိုလက်စထရောနဲ့ ဘီလီရူဘင်ဆိုတဲ့ အသည်းရဲ့ရောင်ခြယ်ဓာတ်တွေ များပြားလာရင် သည်းခြေအိတ်နဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်လာပါတယ်။ ကြုံတွေ့ရနိုင်တဲ့ အခြေအနေတွေကတော့

သည်းခြေကျောက်တည်ခြင်း

– သည်းခြေကျောက်များကြောင့် ရုတ်တရက် (သို့မဟုတ်) နာတာရှည်ရောင်ရမ်းခြင်း

– သည်းခြေပြွန်ကျောက်တည်ခြင်း စတာတွေ ဖြစ်ပါတယ်။

အဆိုပါအခြေအနေတွေကြုံလာရတဲ့အခါ အတော်လေး ခံရခက်ပါတယ်။ ဗိုက်အောင့်ခြင်း၊ ကျောအောင့်ခြင်း၊ ပျို့အန်ခြင်း စတဲ့လက္ခဏာတွေ ကြုံတွေ့ရပါတယ်။ လိုအပ်ရင် သည်းခြေအိတ်ကို ခွဲစိတ်ဖယ်ရှားဖို့် လိုပါတယ်။

လူတယောက်ဟာ သည်းခြေအိတ်မရှိဘဲနဲ့ ကျန်းမာစွာ နေထိုင်နိုင်ပါတယ်။ သည်းခြေအိတ်မရှိရင် အသည်းကနေ ထွက်လာတဲ့ သည်းခြေရည်များဟာ အူထဲကို တိုက်ရိုက်ရောက်ရှိသွားပြီး အစာချေရာမှာ ကူညီနိုင်ပါသေးတယ်။ ဒါပေမယ့် သည်းခြေအိတ်မရှိခြင်းကြောင့် ဘေးထွက်ဆိုးကျိုးအချို့တော့ ကြုံနိုင်ပါတယ်။

သည်းခြေအိတ်ခွဲစိတ်ဖယ်ရှားပြီးချိန် ကြုံနိုင်သော ဘေးထွက်ဆိုးကျိုးများ

ခွဲစိတ်ကုသမှုမှန်သမျှမှာ ဆိုးကျိုးတွေ၊ နောက်ဆက်တွဲပြဿနာတွေ ကြုံနိုင်ပါတယ်။ ခွဲစိတ်ထားသည့်နေရာမှ သွေးထွက်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ ရောဂါပိုးဝင်ခြင်း စတာတွေ ကြုံနိုင်ပါတယ်။ ဒါတွေဟာ ခွဲစိတ်ပြီး သိပ်မကြာခင်ကြုံနိုင်တာတွေပါ။

သည်းခြေအိတ်ခွဲစိတ်ဖယ်ရှားပြီးနောက်ပိုင်း ကြုံနိုင်တဲ့ပြဿနာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အဆီဓာတ်ကိုချေဖျက်ဖို့ ခက်ခဲခြင်း

သည်းခြေအိတ်မရှိတဲ့နောက်ပိုင်းမှာ အဆီဓာတ်ကို ချေဖျက်နိုင်ဖို့အတွက် အသားကျအောင် ကိုယ်ခန္ဓာက ကြိုးစားရပါတယ်။ ဒီအတွက် အချိန်လိုပါတယ်။ ခွဲစိတ်ကုသမှုအတောအတွင်းမှာ သုံးစွဲနေတဲ့ ဆေးဝါးတွေကြောင့် အစာမကြေခြင်းလည်း ကြုံနိုင်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးဟာ သိပ်ပြီးမကြာနိုင်ပေမယ့် လူနာတချို့ကတော့ အချိန်ကြာကြာကြုံရပါတယ်။ သည်းခြေရည်များ တခြား အင်္ဂါအစိတ်အပိုင်းထဲ ရောက်သွားခြင်း၊ သည်းခြေပြွန်ထဲ သည်းခြေကျောက်ကျန်နေခြင်း စတာမျိုးတွေ ကြုံနိုင်ပါသေးတယ်။

ဝမ်းပျက်ခြင်း၊ လေထခြင်း

အစာမကြေခြင်းကြောင့် ဝမ်းပျက်ခြင်း ဒါမှမဟုတ် လေပွလေထခြင်းတွေ ကြုံနိုင်ပါတယ်။ အဆီဓာတ် ဒါမှမဟုတ် အမျှင်ဓာတ်ကို များများစားမိသွားရင် ဖြစ်တတ်ပါတယ်။ အဆီဓာတ်ကို ချေဖျက်ဖို့ အူထဲကို လုံလောက်တဲ့ သည်းခြေရည်တွေ မရောက်ရှိနိုင်ဖို့ ဖြစ်ပါတယ်။

ဝမ်းချုပ်ခြင်း

သည်းခြေအိတ်ဖယ်ထုတ်ခြင်းဟာ ဝမ်းချုပ်နိုင်ခြေကိုတောင် လျော့ကျစေနိုင်ပေမယ့် မေ့ဆေးပေးခြင်းနဲ့ ခွဲစိတ်ကုသမှုတွေကြောင့် ဝမ်းချုပ်ခြင်းကို ကြုံတွေ့နိုင်ပါတယ်။ ဒါပေမယ့် ခဏလောက်ပဲ ဖြစ်ပါတယ်။ ရေဓာတ်နည်းရင် ဝမ်းချုပ်တာ ပိုဆိုးပါတယ်။

အူလမ်းကြောင်း ထိခိုက်မိခြင်း

သည်းခြေအိတ်ကို ခွဲစိတ်ဖယ်ရှားရကနေ အူလမ်းကြောင်းကို ထိခိုက်မှုဖြစ်တာ ရှားပါတယ်။ ခွဲစိတ်မှုပြီးချိန်မှာ ဗိုက်အောင့်နေတတ်တာ ကြုံတွေ့ရတတ်တဲ့ ပြဿနာပါ။ ဒါပေမယ့် ရက်အနည်းငယ်နေလို့မှာ မသက်သာရင်၊ ပိုပြီးဆိုးလာရင် ဆရာဝန်ကို ဖွင့်ပြောရပါမယ်။

ဘယ်လိုနေထိုင်သင့်သလဲ

သည်းခြေအိတ်ခွဲစိတ်ဖယ်ထုတ်ပြီးရင် နေထိုင်စားသောက်ပုံအချို့ကို ပြောင်းလဲပေးဖို့ လိုပါတယ်။ အဓိကအချက်ကတော့ အဆီဓာတ်များတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ရပါမယ်။ အစားကို နည်းနည်းချင်းစီနဲ့ ခွဲပြီးစားသုံးရပါမယ်။ တနပ်တည်းနဲ့ ဗိုက်တင်းသွားအောင် မစားသင့်ပါတယ်။ ခွဲစိတ်ပြီး လအနည်းငယ်အထိ အမျှင်ဓာတ်များတဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ နောက်ပိုင်းမှာ အမျှင်ဓာတ်ကို နည်းနည်းချင်းစီပြန်စားပြီး အလေ့အကျင့်လုပ်ယူရပါမယ်။ နို့ထွက်ပစ္စည်းတွေကို စားသုံးမှုလျှော့ချသင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ပြန်ပြမလဲ

ခွဲစိတ်ပြီးနောက်ပိုင်းမှာ ကိစ္စအထွေအထူးမရှိရင် ဆရာဝန်ချိန်းဆိုတဲ့ ရက်တွေမှာ သွားရောက်ပြသရပါမယ်။ အောက်ပါအခြေအနေတွေကြုံရင်တော့ ဆရာဝန်ပြန်မချိန်းထားလည်း ပြန်လည်ပြသင့်ပါတယ်။

– ဗိုက်အောင့်ခြင်း၊ ယခင်ထက်ပိုဆိုးလာခြင်း

– ဆက်တိုက်ပျို့အန်နေခြင်း

– အသားဝါလာခြင်း၊ မျက်စိဝါလာခြင်း

– ခွဲစိတ်ပြီး ၃ရက်ကျော်သော်လည်း လေမလည်သေးခြင်း

– သုံးရက်ထက်ကျော်ပြီး ဝမ်းပျက်နေခြင်း

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးဘဲဥလို့ ပြောလိုက်ရင် လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အူမကြီးကင်ဆာအတွက် မှန်ပြောင်းကြည့်မယ်ဆို ဒါတွေသိထားဖို့လိုမယ်နော်

အူမကြီးနဲ့စအိုလမ်းကြောင်းတစ်ဝိုက်မှာ ပြဿနာရှိ၊ မရှိသိရဖို့အတွက် အူမကြီးမှန်ပြောင်းကြည့်လို့ ရပါတယ်။ အဖြစ်များတဲ့ကင်ဆာရောဂါတွေထဲမှာ အူမကြီးကင်ဆာလည်းပါပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

အူလမ်းကြောင်းစနစ်ဘယ်လိုအလုပ်လုပ်သလဲ

အစာခြေအူလမ်းကြောင်းတလျှောက်မှာပါဝင်တဲ့ အစိတ်အပိုင်းတိုင်းက အစားအသောက်တွေကို ခန္ဓာကိုယ်အတွက်အသုံးပြုနိုင်မယ့် အာဟာရဓာတ်တွေဖြစ်လာအောင်ပြောင်းလဲပေး ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ကိုယ်ဝန်ဆောင်မေမေ ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာ အစုစု

ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်မှာ ပြောင်းလဲမှု များစွာကို ကြုံတွေ့ရနိုင်ပါတယ်။ ပြောင်းလဲမှုမှာ ဖြစ်ရိုးဖြစ်စဉ်တွေပါသလို သတိပေး လက္ခဏာတွေလည်း ပါနေတတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အစာအိမ်အူလမ်းကြောင်းတွင် E Coli ရောဂါပိုးကူးစက်ခြင်း

အစာအိမ်အူလမ်းကြောင်းတွင် E Coli ရောဂါပိုးကူးစက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 4, 2020 . 2 mins read
သည်းခြေအိတ်အကြောင်း သိကောင်းစရာ

သည်းခြေအိတ်အကြောင်း သိကောင်းစရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 4, 2020 . 2 mins read
အယ်လ်ကိုဟောနဲ့ နှလုံးရောဂါ၊ တန်ဆေးနဲ့ လွန်ဘေး

အယ်လ်ကိုဟောနဲ့ နှလုံးရောဂါ၊ တန်ဆေးနဲ့ လွန်ဘေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 26, 2020 . 2 mins read
အူအတက်ခွဲစိတ်ကုသခြင်း

အူအတက်ခွဲစိတ်ကုသခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 3 mins read