backup og meta

ဒါတွေက ဝမ်းချုပ်စေတယ်ဆိုတာ သိပြီးပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒါတွေက ဝမ်းချုပ်စေတယ်ဆိုတာ သိပြီးပြီလား

    ဝမ်းချုပ်တာက နေ့စဉ်ဘဝရဲ့ ပုံမှန် လှုပ်ရှားမှုတွေအပေါ်မှာ တော်တော်လေး သက်ရောက်မှု ဖြစ်စေပါတယ်။ ဝမ်းချုပ်နေတဲ့အခါ မအီမသာဖြစ်နေတာကြောင့် အလုပ်ထဲမှာ အာရုံစိုက်ဖို့ ခက်တာ၊ ပင်ပန်းနေတာမျိုးတွေ ခံစားရပါတယ်။

    ဒီလို ဝမ်းချုပ်ရတဲ့ အကြောင်းအရင်းပါ်မှာ ရာခိုင်နှုန်း များစွာ သက်ရောက်နေတဲ့ အချက်တစ်ခုကတော့ နေ့စဉ် စားသုံးတဲ့ အစားအစာတွေပါပဲ။ အစားအစာတိုင်းက ဝမ်းချုပ်စေတာ မဟုတ်ပေမယ့် အချို့သော အစားအစာတွေနဲ့ စားသောက်မှုပုံစံတွေက ဝမ်းချုပ်တာကို ဖြစ်စေနိုင်ပါတယ်။

    နေ့စဉ် စားသုံးမှုမှာ အပင်ကနေရရှိတဲ့ အမျှင်ဓာတ် ၂၀ ဂရမ် ကနေ ၃၅ ဂရမ်လောက် ပါရှိမှ အူတွေက လှုပ်ရှားမှု ကောင်းမွန်မှာဖြစ်ပြီး ဝမ်းချုပ်မှု ကင်းဝေးမှာပါ။ ဒါကြောင့် အစားစားတဲ့အခါ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်အောင် စားသုံးတာကလည်း ဝမ်းချုပ်တာကို ထိထိရောက်ရောက် ကာကွယ်တာပါပဲ။

    ဒါတွေက ဝမ်းချုပ်စေတယ်ဆိုတာ သိပြီးပြီလား ……..

    ဒါတွေက ဝမ်းချုပ်စေတယ်ဆိုတာ သိပြီးပြီလား ........

    နေ့စဉ် စားသုံးမှုမှာ ပါဝင်နေနိုင်တဲ့ ဝမ်းချုပ်စေတဲ့ အစားအစာတွေ ရှိပါတယ်။ ဒါတွေက ဝမ်းချုပ်စေတယ်ဆိုတာ သိဖို့ရယ်၊ သတိလက်လွတ် မစားမိစေဖို့ဆိုရင် အခုပြောပြမယ့် အချက်လေးတွေကို သေချာလေး ဖတ်ကြည့်ဖို့ လိုပါမယ်။

    နို့ထွက်ပစ္စည်းတွေ

    နို့ အပါအဝင် နို့ကနေ ထုတ်ထားတဲ့ ချိစ်၊ နို့ခဲ၊ ရေခဲမုန့် စတဲ့ အစားအစာတွေ အများကြီး စားသုံးတာက ဝမ်းချုပ်စေနိုင်ပါတယ်။ အကြောင်းကတော့ အဆီပါဝင်မှု များနေတာကြောင့်ပါ။ အဆီပါဝင်မှု များတဲ့ နို့ထွက်ပစ္စည်းတွေကို အလွန်အကျွံစားတာမျိုး ရှောင်ပါ။

    အနီရောင် အသား

    အနီရောင် အသားစားတိုင်း ဝမ်းချုပ်တယ်တော့ မဟုတ်ပါဘူး။ အနီရောင် အသားကို အများကြီး စားပြီး အမျှင်ဓာတ်ပါတဲ့ စားစရာတွေကို ထည့်သွင်းစားတာမျိုး မလုပ်တာက အချိန်ကြာလာတဲ့အခါ ဝမ်းချုပ်စေနိုင်တာပါ။ ဒါကြောင့် အနီရောင် အသားစားတဲ့အခါ အမျှင်ဓာတ်ပါတာလေးနဲ့ တွဲစားပေးဖို့ လိုပါမယ်။ ဥပမာ အရွက်ကြော်၊ အရွက်သုပ် တစ်ခုခုနဲ့ တွဲစားတာမျိုးပါ။

    အာလူးကြော်

    အသင့်စား အာလူးကြော်တွေက ကြွပ်ရွနေအောင် ဆီဝဝ ကြော်ထားတာတွေဖြစ်တာကြောင့် ဝမ်းချုပ်စေနိုင်ပါတယ်။ ဒီလို အာလူးကြော်တွေကို အများကြီး စားလိုက်မယ်ဆိုရင် ဝမ်းချုပ်တာကို ခံစားရမှာ ဖြစ်ပါတယ်။

    အေးခဲထားတဲ့ အသင့်စား အစားအစာတွေ

    အေးခဲထားတဲ့ အသင့်စား အစားအစာတွေက စားရတာ ခံတွင်းတွေ့တယ်။ ပြင်ဆင်ရတာ မြန်ဆန်လွယ်ကူတယ်ဆိုပေမယ့် သင့်ရဲ့ အူလမ်းကြောင်းကို ထိခိုက်စေပြီး ဝမ်းချုပ်စေနိုင်ပါတယ်။ ဒါကြောင့် အေးခဲထားတဲ့ အသင့်စား အစားအစာတွေကို ဖြစ်နိုင်ရင် ရှောင်ပါ။

    ငှက်ပျောသီး 

    အမျှင်ဓာတ် များတဲ့ အစားအစာတွေက ဝမ်းမှန်စေတာ မဟုတ်ဘူးလား။ ဒါဆို ငှက်ပျောသီးကို ဘာလို့ ဝမ်းချုပ်စေတယ်လို့ ပြောရတာလဲ။ ထူးဆန်းလိုက်တာလို့ တွေးနေပြီလား …..

    မမှည့်သေးတဲ့ ငှက်ပျောသီးဆိုရင်တော့ ဝမ်းချုပ်စေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်နေလို့ အမျှင်ဓာတ်ရအောင် ငှက်ပျောသီးစားမယ်ဆို မှည့်နေတဲ့အသီးကို စားဖို့ လိုပါတယ်၊၊

    ဆီကြော်စာတွေ

    အကြော်၊ ကြက်ကြော်၊ အာလူးချောင်းကြော်လိုမျိုး ဆီများများနဲ့ ကြော်ထားတဲ့ အစားအစာတွေက စားရတာ တော်တော်လေး နှစ်ခြိုက်စရာ ကောင်းပေမယ့် အူနဲ့ အစာခြေစနစ်ကို ပင်ပန်းစေပါတယ်။

    ဆီကြော်စာတွေ အစားများတာက အူတွေရဲ့ လှုပ်ရှားမှုကို ထိခိုက်စေပြီး ဝမ်းချုပ်တာမျိုး ဖြစ်စေနိုင်ပါတယ်။

    ဒီအစားအစာတွေ စားရုံနဲ့ ဝမ်းချုပ်တော့မှာလား၊၊

    နေ့စဉ်စားနေကျ အစားအစာတွေထဲမှာ ဒါတွေပါတာနဲ့ ဝမ်းချုပ်တာစေမှာ မဟုတ်ပါဘူး၊၊ နို့တို့၊ အာလူးကြော်တို့ဆိုတာ မကြာမကြာ စားနေကျ သွားရေစာတွေပဲလေ၊၊ ဒါပေမယ့် ဝမ်းချုပ်လို့လား၊၊

    တကယ့်ပြဿနာက ဒီအစားအစာတွေ စားတာထက် အမျှင်ဓာတ်အစားနည်းတာပါ၊၊ ဥပမာ အသားစားမယ်၊ နို့သောက်မယ်၊၊ ဗိုက်ပြည့်သွားပြီး အသီးအရွက်တွေ အစားနည်းသွားမယ်ဆိုရင် ဝမ်းချုပ်လာနိုင်ပါတယ်၊၊ ဒါကြောင့် ဒီအစားအစာတွေ စားတဲ့နေ့ဆို အမျှင်ဓာတ်ကို သတိတရနဲ့ ပါအောင် စားပေးသင့်ပါတယ်၊၊ နောက်ဆုံးတော့ မျှတတဲ့ အာဟာရစားဖို့ကသာ လိုရင်း ဖြစ်ပါတယ်၊၊

    ဝမ်းချုပ်စေတဲ့ အစားအစာတွေက

    ဒါတွေက ဝမ်းချုပ်စေပါတယ်
    • နို့ထွက်ပစ္စည်းတွေ
    • အနီရောင် အသား
    • အာလူးကြော်
    • အေးခဲထားတဲ့ အသင့်စား အစားအစာတွေ
    • ငှက်ပျောသီး
    • ဆီကြော်စာတွေ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 14/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement