အစားအသောက်တော့ ဂရုစိုက်နေတာပဲ၊ ဗိုက်ကမကောင်းဘူး၊ တော်ကြာ ဝမ်း ချုပ်လိုက်၊ ဝမ်းမကောင်းလိုက် ဖြစ်နေတယ်။ ဒီအခြေအနေမျိုး ဖြစ်ဖူးကြမှာပါ။
အစားအသောက်တော့ ဂရုစိုက်နေတာပဲ၊ ဗိုက်ကမကောင်းဘူး၊ တော်ကြာ ဝမ်း ချုပ်လိုက်၊ ဝမ်းမကောင်းလိုက် ဖြစ်နေတယ်။ ဒီအခြေအနေမျိုး ဖြစ်ဖူးကြမှာပါ။
ဘာမှလည်းမစားရပါဘဲ ခဏခဏဝမ်းပျက်တယ်။ ဝမ်းပျက်လို့ ဆိုပြီး ဆေးတွေသောက်ရတယ်၊ နောက်ပိုင်း ပိုဆိုးလာတယ်။ လုံးလည်ချာလည် လိုက်နေတာ ဘာကြောင့်ဖြစ်မလဲ။
အကြောင်းရင်းခံ တစ်ခုခုကြောင့် ပဋိဇီဝဆေးတွေ ဆေးပတ်လည်အောင် သောက်ခဲ့ရပြီးနောက်ပိုင်း probiotics တွေကို သောက်ဖို့ ဆရာဝန်တွေ ညွှန်းတာ ဘာကြောင့်လဲ။ ဟုတ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေကို ပုံမှန်ဖြစ်အောင် ပြန်ထိန်းညှိပေးဖို့ probiotics တွေကို လိုအပ်တာပါ။
Probiotic ဆိုတာ အစာခြေလမ်းကြောင်းမှာ ရှိနေပြီး ခန္ဓာကိုယ်ရဲ့အာဟာရဓာတ်စုပ်ယူနိုင်စွမ်း နဲ့ ရောဂါပိုးတွေ ခုခံနိုင်စွမ်းကို ထောက်ပံ့ပေးတဲ့ အကျိုးပြုဘက်တီးရီးယားတွေ ဖြစ်ပါတယ်။ Probiotic တွေက ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်ချက်ကို ထောက်ကူတဲ့အပြင် ရောင်ရမ်းမှုတွေ လျော့ကျစေပြီး အစာခြေစနစ်ကို ကောင်းမွန်စေတယ်၊ အသားအရေ လှပကျန်းမာစေတဲ့ အကျိုးကျေးဇူး ရှိပါတယ်။
ပဋိဇီဝဆေးတွေ သောက်ရင် ဝမ်းပျော့တာ၊ ဝမ်းသွားတာ ဖြစ်လေ့ရှိတဲ့ကိစ္စတစ်ခုပါ။ နည်းနည်းပဲဖြစ်တဲ့ အပျော့စားလက္ခဏာဆိုပေမယ့် ဝမ်း အကောင်း မသွားတာက စိတ်ညစ်စရာတော့ ကောင်းပါတယ်။ ဒီအခြေအနေက ပဋိဇီဝဆေးတွေ ရပ်လိုက်တဲ့အခါ သက်သာသွားတတ်ပေမယ့် တစ်ခါတလေမှာတော့ ပိုပြင်းထန်တတ်ပြီး အူမကြီး ရောင်ရမ်းတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
ရောဂါအခြေအနေတစ်ခု အတွက် ရည်ရွယ်ပြီး သောက်တဲ့ ပဋိဇီဝဆေးတွေက အူတွင်းက ပိုးမွှားလေးတွေရဲ့ ဟန်ချက်ထိန်းညှိမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားကို ခုခံဖယ်ရှားဖို့ ပဋိဇီဝဆေးတွေကို စီမံထုတ်လုပ်ထားတာဖြစ်ပေမယ့် သူတို့က အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေ ကိုပါ တိုက်ခိုက်ပါတော့တယ်။
ဒီလို ပဋိဇီဝဆေးတွေကြောင့် ကမောက်ကမ ဖြစ်လာတဲ့ ဝမ်း ပြဿနာတွေမှာ Probiotic ရဲ့အာနိသင်ကို လေ့လာတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဟန်ချက်ညီထိန်းညှိမှု ပြန်ရနိုင်အောင် အကျိုးပြုလုပ်ဆောင်ပေးတာ တွေ့ရပါတယ်။
ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ နာတာရှည်ဝမ်းဗိုက်ပြဿနာရောဂါစု(irritable bowel syndrome)တို့လို လက္ခဏာတွေက အဲဒီကမောက်ကမဖြစ်စဉ်ရဲ့ရလဒ်တွေပါ။
ပဋိဇီဝပိုးသတ်ဆေးတွေ သောက်လို့ပဲဖြစ်ဖြစ်၊ ဓာတုဆေးဝါးကုထုံးကြောင့် ဖြစ်ဖြစ်၊ စိတ်ဖိစီးမှု အရမ်းများနေတာကြောင့်ဖြစ်ဖြစ် ခန္ဓာကိုယ်ရဲ့ပုံမှန်ထိန်းညှိမှုတွေ ပျက်ယွင်းတဲ့အခါ အူလမ်းကြောင်းမှာ ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာတော့တာပါပဲ။
ဒါတွေကို ကယ်တင်ပေးနိုင်မှာက အခြေအနေပြန်ထိန်းပေးမယ့် probiotics တွေ ဖြည့်တင်းဖို့ပါပဲ။
အကျိုးပြုဘက်တီးရီးယားတွေကို –
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Ref:
https://www.ncbi.nlm.nih.gov/pmc/articles/PMC3601687/
Accessed Mar-20, 2020.
https://www.webmd.com/digestive-disorders/ss/slideshow-probiotics
Accessed Mar-20, 2020.
https://www.healthline.com/nutrition/probiotics-101
Accessed Mar-20, 2020.
ယခုပုံစံ
20/09/2022
Yun Sandi Nan Mon မှ ရေးသားသည်။
Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။