backup og meta

မာကျူရီ အဆိပ်သင့်ခြင်း

မာကျူရီ အဆိပ်သင့်ခြင်း

အခုနောက်ပိုင်းကြားရများလာတာက အသားအရေအတွက်သုံးတဲ့ ပစ္စည်းတွေကြောင့် မာကျူရီအဆိပ်သင့်ကြတယ်ဆိုတာပါ။ အချို့သောဝက်ခြံအတွက်သုံးတဲ့ ပစ္စည်းတွေက မာကျူရီတွေပါဝင်နေတာကြောင့် ခဏတာမှာ အဆင်ပြေပေမယ့်ရေရှည်မှာတော့ အသားအရေကစလို့ ခန္ဓါကိုယ်မှာထိခိုက်မှုတွေအများကြီးပါ။ ဒီတစ်ခေါက်တော့ မာကျူရီအကြောင်းလေးနည်းနည်းလောက်ပြောပြပါရစေ။

မာကျူရီ (ပြဒါး) ဆိုတာ

မာကျူရီဆိုတာက သဘာဝအတိုင်းမြေကြီး၊ရေထု နဲ့လေထုထဲမှာတွေ့ရတတ်တဲ့ဒြပ်စင်တစ်မျိုးပါ။ ဒီဓါတ်က အချို့သောငါးတွေမှာပါတတ်ပါတယ်။ ပင်လယ်ငါးတွေမှာမှမဟုတ်ပါဘူး။ရေချိုငါးတွေမှာပါတွေ့ရတတ်တာပါ။ဈေးကနေဝယ်စားနေတဲ့ အချို့ငါးတွေမှာတောင်ပြဒါးဓါတ်ကပါနေနိုင်ပါတယ်။ ဒီဓါတ်က အစားအသောက်တွေမှာတင် မဟုတ်ပါဘူး။ အချို့သောအသားအရေအတွက်သုံးတဲ့ အလှကုန်ပစ္စည်းတွေနဲ့ အခြားသောလူသုံးကုန်တွေမှာပါနေတတ်ပါတယ်။ ဒီဓါတ်ကအနည်းအကျဉ်းဆို ကိစ္စမရှိပေမယ့် အရမ်းများရင်တော့ ခန္ဓါကိုယ်မှာ အဆိပ်သင့်မှုတွေဖြစ်နိုင်ပါတယ်။

မာကျူရီ (ပြဒါး) အဆိပ်သင့်ခြင်းဆိုတာ

မာကျူရီအဆိပ်သင့်တာက အာရုံကြောထိခိုက်မှုတွေကိုဖြစ်စေနိုင်ပါတယ်။ ဒီဓါတ်က ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တာကြောင့် ထိတွေ့မှုကို ကန့်သတ်ဖို့လိုမှာပါ။ ထိတွေ့မှုများပြီး ခန္ဓါကိုယ်ထဲမှာပြဒါးဓါတ်တွေများလာတဲ့အခါ အဆိပ်သင့်လာပြီး ခန္ဓါကိုယ်မှာ ထိခိုက်မှုတွေများလာနိုင်ပါတယ်။ မာကျူရီဓါတ်ကို များစွာစားသုံးမိတာကြောင့်လည်း ခန္ဓါကိုယ်မှာ မာကျူရီအဆိပ်သင့်နိုင်ပါတယ်။

မာကျူရီအဆိပ်သင့်နေပြီဆိုတာကို သိနိုင်မယ့် အစောပိုင်းလက္ခဏာတွေ

မာကျူရီ (ပြဒါး) ဓါတ်က အာရုံကြောစနစ်ကိုထိခိုက်စေနိုင်ပါတယ်။ ခန္ဓါကိုယ်မှာပြဒါးဓါတ်တွေများလာတာကြောင့်ပြဒါးအဆိပ်သင့်တဲ့အခါ အစောပိုင်းလက္ခဏာတွေအနေနဲ့

  • အာရုံတွေရှုပ်ထွေးမယ်၊ စိတ်ပူပန်မယ်
  • စိတ်ဆိုးလွယ်မယ်၊ စိတ်ခံစားမှု အပြောင်းအလဲမြန်မယ်
  • ခြေ၊လက်တွေထုံကျဉ်မယ်
  • မှတ်ဉာဏ်ထိခိုက်လာမယ်
  • စိတ်ဓါတ်ကျမယ်
  • ခန္ဓါကိုယ်မှာ အဖုအကျိတ်တွေထွက်မယ်
  • ကြွက်သားတွေအားနည်းလာမယ်
  • ပါးစပ်ထဲမှာ သတ္တုအရသာလိုမျိုးခံစားရမယ်
  • မအီမသာဖြစ်မယ်
  • အော့အန်မယ်
  • လှုပ်ရှားမှုမှာ အခက်အခဲဖြစ်လာမယ်
  • လက်၊မျက်နှာနဲ့ ခန္ဓါကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေမှာ မအီမသာဖြစ်နေမယ်
  • အမြင်အာရုံတွေဝေဝါးလာမယ်
  • အကြားအာရုံထိခိုက်လာမယ်
  • စကားပြောနိုင်စွမ်းထိခိုက်လာမယ်
  • အသက်ရှုရခက်လာမယ်
  • လမ်းလျှောက်ဖို့ ခက်လာမယ်
  • မတ်တတ်ရပ်ရခက်လာမယ်။ စတဲ့လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်တွေမှာပြဒါးအဆိပ်သင့်ခဲ့ရင်တော့ –

  • ကလေးရဲ့ လှုပ်ရှားနိုင်မှုစွမ်းရည်ထိခိုက်မယ်
  • အတွေးအခေါ်နဲ့ပြဿနာဖြေရှင်းနိုင်စွမ်းထိခိုက်လာမယ်
  • သင်ယူမှုပိုင်းဆိုင်ရာမှာ အခက်အခဲဖြစ်လာမယ်
  • သိမြင်နားလည်မှုပိုင်းမှာ ချို့ယွင်းအားနည်းလာမယ်
  • မျက်လုံးနဲ့ လက်ရဲ့လှုပ်ရှားမှုဆိုင်ရာဟန်ချက်ညီမှုအားနည်းလာမယ်။

မာကျူရီအဆိပ်သင့်တာကနေ့ချင်းညချင်းဖြစ်တဲ့ပြဿနာမဟုတ်ပါဘူး။ နည်းနည်းချင်းထိတွေ့မှုတွေက အချိန်ကြာလာတာနဲ့အမျှ ခန္ဓါကိုယ်ထဲမှာ စုမိပြီးဖြစ်တာပါ။ ပမာဏအများကြီးကိုနေ့စဉ်ထိတွေ့မိနေရင်တော့ လက္ခဏာမြန်မြန်တွေ့ရနိုင်ပါတယ်။

မာကျူရီအဆိပ်သင့်တာကြောင့်ရေရှည်မှာဖြစ်လာနိုင်တဲ့ပြဿနာတွေက

မာကျူရီ (ပြဒါး) ပမာဏများစွာနဲ့နေပ္စည်ထိတွေ့မိတာကြောင့်နောက်ဆက်တွဲအနေနဲ့ရေရှည်မှာ အခုလိုကျန်းမာရေးပြဿနာမျိုးတွေ ခံစားလာရနိုင်ပါတယ်။

  • အာရုံကြောဆိုင်ရာ ထိခိုက်ပျက်စီးတာ
  • အသိဉာဏ်ဖွံ့ဖြိုးမှုမှာထိခိုက်တာ
  • လှုပ်ရှားမှုစွမ်းရည်တွေထိခိုက်တာ
  • လေဖြတ်တာ
  • ခြေလက်တွေထုံကျဉ်တာ
  • မှတ်ဉာဏ်နဲ့အာရုံစူးစိုက်မှုပိုင်းဆိုင်ရာမှာပြဿနာရှိလာတာ
  • ADHD(လှုပ်ရှားလွန်းပြီး အာရုံမစိုက်နိုင်တဲ့ရောဂါ) တွေခံစားရနိုင်ပါတယ်။

ဒါတွေတင်မကပါဘူး။ မာကျူရီအဆိပ်သင့်တာက အခုပြောခဲ့တဲ့ရောဂါတွေတင်မဟုတ်ပါဘူး။

မျိုးပွားစနစ်မှာထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။ သုက်ကောင်အရေအတွက်နည်းလာတာ၊ မျိုးအောင်နိုင်စွမ်းကျလာတာမျိုးခံစားရနိုင်သလို သန္ဓေသားမှာထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။

နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်တယ်။ ကိုယ်တွင်းမှာ မာကျူရီတွေစုပုံတာမျိုးဖြစ်လာတဲ့အခါ Free raicalတွေစုလာနိုင်ပါတယ်။ ဒီအနေအထားက ဆဲလ်တွေကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။ရေရှည်မှာတော့ ရုတ်တရက်နှလုံးရပ်သွားတာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရတာမျိုးဖြစ်လာနိုင်ပါတယ်။

  • အစာခြေစနစ်ကိုထိခိုက်စေနိုင်ပါတယ်။
  • အဆုတ်ကို ထိခိုက်စေနိုင်ပါတယ်။
  • ကျောက်ကပ်ထိခိုက်နိုင်တယ်။
  • အရေပြားပြဿနာတွေခံစားရနိုင်တယ်။
  • မျက်လုံး နဲ့ အမြင်အာရုံထိခိုက်မှုတွေခံစားရနိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Mercury and healthhttps://www.who.int/news-room/fact-sheets/detail/mercury-and-health Accessed Date 29 January 2019

Mercury poisoning: Symptoms and treatmenthttps://www.medicalnewstoday.com/articles/320563.php Accessed Date 29 January 2019

Mercury Poisoninghttps://www.medicinenet.com/mercury_poisoning/article.htm#mercury_poisoning_definition_and_facts Accessed Date 29 January 2019

ယခုပုံစံ

29/06/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများတွင်အစာအဆိပ်သင့်ခြင်း

ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ခြင်း



Aye Thi Mon မှ ရေးသားသည်။ · 29/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement