အဓိပ္ပါယ်ဖွင့်ဆိုချက်
Colic (လေထိုးလေအောင့်နာ) ကဘာလဲ။
လေထိုးလေအောင့်နာဆိုသည် စိတ်ပင်ပန်းစေခြင်းဖြစ်စေသောအခြေအနေတစ်ခုဖြစ်သည်။ ကျန်းမာပြီးအစားအသောက်ကောင်းစွာစားသောကလေးတွင်ပင်ဖြစ်တတ်သည်။ လေထိုးလေအောင့်နာခံစားနေရသောကလေးသည် တနေ့သုံးနာရီထက်မက တပါတ်သုံးရက်မက ငိုတတ်သည်။ သုံးပါတ်ကျော်ထိငိုတတ်သည်။ ကလေးအား သက်သာအောင် သင်ပြုလုပ်ပေးသောအရာမှန်သမျှ ထိုအချိန်တွင်သက်သာမှုမဖြစ်ပါ။