လူကြားထဲလေလည်တာမကောင်းဘူး၊လေထုညစ်ညမ်းတယ်(နံတယ်ပေါ့)၊ ယဉ်ကျေးမှုမရှိဘူး စတာတွေပြောကြတယ်။ အိမ်မှာ လူကြီးတွေပြောကြတာတော့ မိန်းကလေးကလေလည်စရာလားတဲ့။ ဒိုးခပါပဲ။လေလည်တာက လူတိုင်းဖြစ်တတ်တဲ့(လူသိသိ မသိသိ) ကျန်းမာရေးအလေ့အထနော်။
ကဲ ဒီအသံတွေကိုကြောက်လို့၊ သူများနှာခေါင်းရှုံ့မှာစိုးလို့လေလည်တာကိုအောင့်ထားလိုက်မယ်ဆိုရင် ဘာဆက်ဖြစ်မလဲသိလား။ သင်သတိမထားမိလောက်ပေမယ့် ခန္ဓါကိုယ်ထဲကပြန်ထွက်ချင်နေတဲ့လေကအောက်ကနေမထွက်ရတဲ့အခါ ပါးစပ်ကပြန်ထွက်လာနိုင်ပါတယ်။
လေမလည်ဘူးဆိုရင် ခန္ဓါကိုယ်ထဲမှာရှိနေတဲ့လေတွေကိုပြန်စုပ်ယူပြီး အသက်ရှူထုတ်တဲ့အထဲ ပါသွားစေတဲ့ဖြစ်စဉ်အကြောင်းကိုUniversity of Newcastle ပါမောက္ခ ကလဲရ်ကောလင်းစ် ကထောက်ပြခဲ့ပါတယ်။ ဒီတော့လေလည်ချင်တာအောင့်ထားလိုက်လို့ပျောက်သွားတယ်ဆို အဲဒီလေက သင့်ပါးစပ်ကနေပြန်ထွက်သွားပါလိမ့်မယ်နော်။
ပါးစပ်ကထွက်တယ်ဆို လေလည်သံလည်းမမြည်၊ အနံ့လည်းမနံတော့ မဆိုးဘူးပေါ့နော် လို့ သူကပြောပါတယ်။
“လေလည်တာကို ကြာကြာအောင့်ထားလိုက်ရင် အူလမ်းကြောင်းမှာ စုနေတဲ့လေတွေက နောက်ဆုံးမှာ ထိန်းမရအောင် ကန်ထွက်တော့တာပဲ။”
ထိန်းမရတဲ့အခါ ေလလည်သံကျယ်ကျယ်နဲ့ ဝုန်းခနဲပေါက်ကွဲနိုင်သလို ဗိုက်အောင့်တာလည်းဖြစ်လာနိုင်ပါတယ်။
ဒါ့ကြောင့်လေလည်ချင်နေပြီဆိုရင် ဖွင့်ချလိုက်ပါ။ လူရှင်းတဲ့နေရာကို လစ်တာပဲဖြစ်ဖြစ်၊ အိမ်သာထဲပြေးတာဖြစ်ဖြစ် မသိမသာလေးဖြေရှင်းလိုက်ပါ။အောင့်ထားလိုက်လို့ အန္တရာယ်ကြီးကြီးမားမားမဖြစ်ပေမယ့်နေရခက်တာ၊လေထိုးလေအောင့်တာတွေဖြစ်နိုင်တာကိုး။
အမှန်တော့ လေလည်တယ်ဆိုတာက အစာကို ဖြိုခွဲပြီး ချေဖျက်ဖို့ ခန္ဓါကိုယ်က ကြိုးစားတဲ့အခါ သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုပါပဲ။
ကိုယ်စားချလိုက်တဲ့အစားအသောက်ေတွကို အစာအိမ်နဲ့ အစာခြေစနစ်က စီမံခန့်ခွဲရတာဖြစ်လို့လေနည်းနည်းတော့ စွန့်ထုတ်မှာပါပဲ။ အဲဒီကမှလေလည်မှာလား၊လေတက်မှာလား ခန္ဓါကိုယ်ကလုပ်ဆောင်ပါလိမ့်မယ်။
လေ့လာမှုတစ်ခုအရတော့ ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ကို ၈ ကြိမ်လောက်လေလည်နိုင်ပါတယ်တဲ့။ တစ်ခါချင်းစီဖြစ်နိုင်သလို တစ်ခါတည်းမှာပဲ ပူပူ ပူပူနဲ့ ဆက်တိုက်လွှတ်တာလည်းဖြစ်နိုင်ပါတယ်။ မယုံရင် ကိုယ့်ကိုယ်ကိုယ် သတိထားကြည့်။
လေကိုမျိုချမိတာကြောင့် ဒါမှမဟုတ် အူသိမ်ထဲမှာbicarbonate နဲ့အစာအိမ်အက်စစ်ရောသွားတဲ့အခါထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့်လေလည်တာဖြစ်နိုင်တယ်။ ဒါမှမဟုတ် အူမကြီးထဲမှာရှိနေတဲ့ ဘက်တီးရီးယားကြောင့်လေတွေဖြစ်လာတာလည်းဖြစ်နိုင်တယ်။
လေလည်တဲ့အနံ့ပြင်းရတာကတော့ စားထားတဲ့အစားအသောက်တွေအပေါ်မူတည်တယ်လို့ ပါမောက္ခကောလင်းစ်ကပြောပါတယ်။
အူလမ်းကြောင်းမှာပိတ်မိနေတဲ့ အနံ့ပြင်းပြင်းလေတွေကို မဖယ်ထုတ်နိုင်ဘူး(လေပေးမလည်ဘူး)ဆိုရင် ဗိုက်ထဲမှာလေပွတာ၊ ကယ်တာ၊ ဗိုက်အောင့်၊လေထိုးတာတွေခံစားရနိုင်တယ်။ ကိုယ်ကအောင့်ထားလိုက်တာမဟုတ်ဘဲ ခန္ဓါကိုယ်ကကို အလိုလိုလေမလည်နိုင်တာဆိုရင် တချို့တွေလေဆေးတောင်သောက်ယူရပါတယ်။လေဆေးသောက်လိုက်မှလေလည်၊လေတက် တစ်ခုခုဖြစ်လာပြီးနေရသက်သာနိုင်ပါတယ်။
ဒီတော့ အန္တရာယ်ကို လွယ်မထားပါနဲ့။ လေဆေးတွေဆောင်ထားရမယ့်အစား အခြေအနေကြည့်ပြီး သဘာဝဖြစ်စဉ်ကို အလိုလိုက်ပေးလိုက်ပါ။ လူကြားထဲရောက်မှ တဘူဘူ တဂွမ်ဂွမ်တော့မလုပ်ချနဲ့ပေါ့။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-bmr]