ဆီးချိုဝေဒနာရှင်တွေ မှာ oatmeal စားလို့ရပါတယ်။ အကျိုးကျေးဇူးလည်းများပါတယ်။ ဒါပေမယ့် စားပုံစားနည်းတော့ မှန်ဖို့လို အပ်ပါတယ်။
ဘယ်လို အကျိုးပြုနိုင်လဲ
- သွေးတွင်း သကြားဓါတ် ကို ထိန်းညှိပေးနိုင်ခြင်း
- သကြားဓါတ်ပါဝင် နှုန်းနည်းခြင်း
- အမျှင်ဓါတ် ကြွယ်ဝစွာပါဝင်တဲ့ အတွက် သွေးတွင်းကိုလက်စထရော (သွေးတွင်းအဆီဓါတ်) ကျစေပြီး ဆီးချိုရဲ့ နောက်ဆက်တွဲ ရောဂါတွေဖြစ်တဲ့ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါတွေကို တစ်ဖက်တစ်လမ်း ကနေ ကာကွယ်ပေးနိုင်ခြင်း
- အစာအိမ် နှင့် အူလမ်းကြောင်းအတွက် အထူးကောင်းမွန်စေခြင်း
- အမျှင်ဓါတ်များတဲ့အတွက် စားတဲ့ပမာဏ လျော့နည်းသွားခြင်းကြောင့် သွေးတွင်းသကြားဓါတ်ကို အခြားအစားအစာတွေလောက် မတက်စေခြင်း
- ဆီးချို နှင့် ဆက်စပ်လျက်ရှိတဲ့အဝလွန်ရောဂါအတွက် ဝိတ်ချဖို့လည်း oatmeal (အုတ်ဂျုံ) ကို စားသုံးခြင်းဖြင့် ဝိတ်ချနိုင်ခြင်း
- အမျှင်ဓါတ်များ ပြီး အစာခြေချိန်ကြာတဲ့ အတွက် သွေးတွင်းသကြားဓါတ် ထိုးမကျသွားအောင် ထိန်းပေးထားနိုင်ခြင်း။
ဆီးချိုဝေဒနာရှင်တွေ Oatmeal (အုတ်ဂျုံ) ကို ဘယ်လို စားရမလဲ
- အစေ့အဆန် ထည့်စားလို့ရပါတယ်။ ကောင်းတဲ့ အဆီဓါတ်တွေကက ဆီးချိုအတွက် လွန်စွာအကျိုးရှိပါတယ်။
- ဖြစ်နိုင်ရင် အချိုထပ်ထည့်မထားတဲ့ အုတ်ဂျုံကိုရွေးစားပါ။ ဒါမှအထက်မှာ ပြောခဲ့တဲ့ အကျိုးကျေးဇူးတွေကိုရရှိစေမှာပါ။
- အဆီထုတ်ထားတဲ့ နို့ (Low Fat Milk) သို့မဟုတ် ရေနွေးဖြင့်သာရောစားပါ။ အချိုထပ်ထည့်ထားတဲ့ နို့များဖြင့်ရောစားခြင်းမှ ရှောင်ကြဉ်ပါ။
- ဒိန်ချဉ် (အဆီထုတ်) နှင့်တွဲစားလို့ရပါတယ်။
- ချဉ်တဲ့အသီး စတော်ဘယ်ရီ၊ ချယ်ရီ အနည်းငယ်တို့နှင့် ရောစားနိုင်ပါသည်။
ရှောင်ကြဉ်ရမည့် အချက်များ
အချိုထပ်ထည့်ထားတဲ့ Oatmeal (အုတ်ဂျုံ) ကိုရှောင်ပါ။
- အသီးခြောက် ( စပျစ်သီးခြောက်၊ နာနတ်သီးခြောက်၊ သရက်သီးခြောက်) စတာတွေထည့်စားခြင်းမပြုရ။
- မလိုင်အပြည့်ပါသော နွားနို့၊ ဒိန်ချဉ်၊ အချိုထပ်ထည့်ထားသော ပဲနို့တို့ကို ထပ်ထည့်စားခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။
- သကြား၊ ပျားရည် ထပ်ထည့်စားခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-bmi]