အိမ်မှာပဲ ကိုယ်တိုင် ဆီးချိုသွေးချိုစစ်မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ဆီးချိုသွေးချိုစစ်မယ်ဆိုရင်ဆေးခန်းမှာ၊ဆေးဆိုင်တွေမှာ စစ်ပေးတယ်ဆိုပေမယ့်သွေးတွင်းသကြားဓါတ်တိုင်းကိရိယာတစ်ခုတော့ အိမ်မှာရှိထားသင့်ပါတယ်။ အထူးသဖြင့် ကိုယ့်မိသားစုထဲမှာ ဆီးချိုရှိသူတစ်ယောက် ရှိနေတယ်ဆိုရင်ပေါ့။

ဘာကြောင့်လဲဆိုတော့သွေးတွင်းသကြားဓါတ်အတက်အကျကို သက်ရောက်နိုင်တဲ့အကြောင်းရင်းတွေအများကြီးရှိသလို အချိန်မရွေးလည်းပြောင်းလဲနိုင်လို့ပါပဲ။ အိမ်မှာရှိနေမှ လိုအပ်တဲ့အချိန်တိုင်း စစ်ဆေးကြည့်လို့ရနိုင်မယ်၊ ပုံမှန်စစ်ဆေးလို့လွယ်ကူနိုင်ပါမယ်။ တက်နေတာလား၊ ကျနေတာလား မရေမရာဖြစ်နေတဲ့အချိန်မှာသွေးဖောက်စစ်ဆေးလိုက်တာအကောင်းဆုံးပါပဲ။

ပုံမှန် ဒါမှမဟုတ် နေ့စဉ် ဆီးချိုသွေးချိုစစ်ဆေးမယ်

သွေးဖောက်စစ်ဆေးတာကိုနေ့တိုင်းလုပ်ရမှာလား၊ တစ်ပတ်နှစ်ကြိမ်လောက်လား၊ တစ်ရက်ခြားတစ်ကြိမ်လား ဆိုတာကို ကာယကံရှင်ရဲ့လက်ရှိကျန်းမာရေးအခြေအနေ၊ အသက်အရွယ်၊ ကိုယ်လက်လှုပ်ရှားမှုအတိုင်းအတာစတဲ့အချက်တွေကို မူတည်ပြီး ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်ပေးသူက လိုအပ်သလိုဆုံးဖြတ်ရမှာပါ။ တစ်နေ့တာအတွင်း အများအားဖြင့် ဒီအချိန်တွေမှာသွေးဖောက်စစ်ဆေးလေ့ရှိကြပါတယ် –

  • အစာမစားခင်
  • အစာစားပြီး ၁ နာရီ သို့မဟုတ် ၂ နာရီ
  • နေလို့မကောင်းတဲ့ လက္ခဏာတစ်ခုခုဖြစ်လာတဲ့အချိန်
  • ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုမလုပ်ခင် (အစာတခုခုစားထားဖို့လိုမလို)
  • လှုပ်ရှားမှုများများလုပ်ပြီးတဲ့အချိန်
  • ဆီးချိုတက်နေတယ်၊ ကျနေတယ်လို့ သံသယရှိလာတဲ့အချိန်
  • ဖျားနေတဲ့အချိန် သို့မဟုတ် စိတ်ဖိစီးမှုခံစားနေရတဲ့အချိန် တို့မှာ စစ်ဆေးကြည့်တတ်ကြပါတယ်။

ဘယ်လိုစစ်ရမလဲ

ဆီးချိုသွေးချိုစစ်မယ်ဆိုရင်glucometer လို့ခေါ်တဲ့ ကိရိယာလေးနဲ့ သွေးတွင်းသကြားဓါတ်ပမာဏကို အလွယ်တကူစစ်ဆေးနိုင်ပါတယ်။သွေးစစ်မယ့်သူရဲ့လက်ထိပ်ကိုဖောက်ပြီးသွေးစက်လေးနမူနာယူ၊ ဆီးချိုသွေးချိုစစ်တံ( test strip) နဲ့ထိတို့ စစ်ဆေးရပါတယ်။သွေးချိုတိုင်းစက်က အမှတ်တံဆိပ်အမျိုးမျိုး၊ ထုတ်လုပ်တဲ့ကုမ္ပဏီအမျိုးမျိုး၊ လုပ်ဆောင်ချက်အမျိုးမျိုးနဲ့ဈေးနှုန်းအစားစားရှိတာကြောင့် ကိုယ်နဲ့သင့်တော်ရာအမျိုးအစားကိုရွေးချယ်ဝယ်ယူသင့်ပါတယ်။ ဒါပေမယ့် ရလဒ်မှန်ကန်ဖို့အရေးကြီးတာကြောင့် အရည်အသွေးကောင်းပြီး တိကျတဲ့ အမျိုးအစားကိုရွေးချယ်မိဖို့လိုပါတယ်။

အကောင်းဆုံးက ကိုယ်ဝယ်ထားတဲ့သွေးချိုတိုင်းစက်မှာပါတဲ့ လမ်းညွှန်ချက်အတိုင်း အသုံးပြုတာပါ။သွေးချိုတိုင်းစက်တွေရဲ့ အသုံးပြုပုံကတော့ အခြေခံအားဖြင့် တူတူပါပဲ –

  • လက်ဆေးပြီးခြောက်အောင်သုတ်ပါ။
  • သွေးချိုတိုင်းစက်မှာသွေးစစ်တံလေးထည့်သွင်းပါ(ဘူးအတွင်းပါ လမ်းညွှန်ချက်မှာဖော်ပြထားတဲ့အတိုင်း)
  • လက်ချောင်းထိပ်ကို အရက်ပြန်ဂွမ်းစလေးနဲ့ သုတ်ပါ။
  • သွေးချိုတိုင်းစက်မှာ အတူပါတဲ့သွေးဖောက်ကိရိယာလေးနဲ့ လက်ချောင်းထိပ်အသားကို ထိကပ်ပြီးသွေးဖောက်ပါ။
  • သွေးစစ်တံရဲ့ထိပ်မှာသွေးစက်လေးကိုစုပ်ယူသွားတဲ့အထိ တို့ထိပါ။
  • လက်ချောင်းထိပ်ကို အရက်ပြန်ဂွမ်းစလေးနဲ့ ခဏကပ်ထားပါ။
  • စက္ကန့်ပိုင်းအတွင်း စက်မှာပေါ်လာမယ့်သွေးတွင်းသကြားဓါတ်ရလဒ်ကို ကြည့်ပါ။
  • မှတ်တမ်းစာအုပ်မှာ စစ်ဆေးမှုရလဒ်ကို မှတ်သားပါ။
  • သွေးစစ်တံလေးကို စက်ကနေဖြုတ်ပြီး စနစ်တကျစွန့်ပစ်ပါ။

ကဲ ဘယ်လောက်လွယ်လိုက်လဲ။ စက်လေးတစ်ခုရှိတယ်ဆိုရင်သွေးစစ်တံလေးတွေပဲ ဝယ်ထားဖို့လိုမှာပါ။ ဆေးဆိုင်မှာသွားစစ်သလို တစ်ခါစစ်တိုင်းငွေမကုန်၊ အချိန်မကုန်ရတော့ဘူးပေါ့။ သုံးရတာလည်း လွယ်ပါတယ်နော်။

ပုံမှန် ဘယ်လောက်အတွင်း ရှိသင့်တာလဲ

ပုံမှန်ရှိသင့်တဲ့ သွေးတွင်းသကြားဓါတ်ပမာဏက –

  • အစာမစားခင်မှာ70 နဲ့ 130 mg/dL ကြား၊
  • အစာစားပြီးနောက်ပိုင်းမှာ 180 mg/dLအောက် ရှိသင့်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ခြေထောက်အနံ့ဆိုးပျောက်အောင် ရှာလကာရည်နဲ့ စိမ်ကြမယ်

ခြေထောက်နဲ့ ပတ်သက်ပြီး လူတော်တော်များများ ဂရုစိုက်ဖို့၊ သန့်ရှင်းပေးဖို့ မေ့တတ်ကြပါတယ်။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

မှုန်ရီဝေတဲ့ အမြင်အာရုံဖြစ်လာတာ ဘာကြောင့်ဖြစ်မလဲ

မျက်လုံးတွေကြည့်လို့မကောင်းဘူး၊ ရီဝေဝေနဲ့ရယ်။ စာဖတ်လို့လည်းအဆင်မပြေဘူး။ ကြည့်ရတာ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကိုယ်က ဘယ်လိုဝတဲ့ အမျိုးအစားထဲ ပါနေတာလဲ။ ဘယ်လိုဖြေရှင်းရမလဲ။ ။

အဝလွန်တယ်ဆိုတာ သက်ကြီးပိုင်းလူတွေ တော်တော်များများဖြစ်တတ်တဲ့ ကိစ္စတစ်ခုပါ။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thin Yadanar @ Frances

ဆီးချိုထိန်းတဲ့အခါ တလွဲမှတ်ကြတဲ့ အမှားတချို့

ဆီးချိုသွေးချိုရောဂါရှိနေပြီလို့သိလိုက်ရတဲ့အချိန်မှာ အရင်လိုနေထိုင်မှုပုံစံနဲ့နေသွားလို့မဖြစ်တော့ဘူးဆိုတာ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာလ အိမ်တိုင်းဆောင်ထားသင့်တဲ့ ကျန်းမာရေးကိရိယာ

ကိုဗစ်ကာလ အိမ်တိုင်းဆောင်ထားသင့်တဲ့ ကျန်းမာရေးကိရိယာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 2 mins read
ဆီးချိုရောဂါ

ဆီးချိုရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 26, 2020 . 4 mins read
နှလုံးသွေးကြောကျဉ်းနဲ့ပတ်သက်သမျှ

နှလုံးသွေးကြောကျဉ်းနဲ့ပတ်သက်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Seinn Moe Satt
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 25, 2020 . 3 mins read

မိန်းမကိုယ်ထဲ ကွန်ဒုံးကျန်နေခဲ့ရင် ဘယ်လိုလုပ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 12, 2019 . 2 mins read