အမြင်လွှာကွာကျခြင်းဆိုတာအသက်အရွယ်နဲ့ဆိုင်တဲ့ ရှားပါးတဲ့အခြေအနေဖြစ်ပြီးမျက်လုံးအိမ်အနောက်ပိုင်းကဆဲလ်အလွှာတွေ(အမြင်လွှာ)ကိုအောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေပို့ဆောင်ပေးတဲ့ သွေးကြောတွေ နဲ့အမြင်လွှာကို ဝေးကွာအောင်တွန်းထုတ်ခံရလို့ဖြစ်လာတာပါပဲ။
အမြင်လွှာကွာကျခြင်းဟာဆိုးရွားတဲ့ပြသနာဖြစ်ပြီး ဖြစ်ပွားတဲ့မျက်လုံးကို လုံးဝကွယ်သွားစေပါတယ်။
အမြင်လွှာကွာထွက်ခြင်းဟာအောက်ပါပုဂ္ဂိုလ်တွေမှာပိုအဖြစ်များပါတယ်။
သင်ဟာ အဝေးမှုန်ဖြစ်ရင် ပုံမှန်ထက်ပါးလွှာတဲ့ အမြင်လွှာနဲ့ မွေးဖွားလာတာဖြစ်လို့ အမြင်လွှာကွာထွက်နိုင်ခြေအမြင့်ဆုံးရှိတတ်ပါတယ်။
အမြင်လွှာဆိုတာမျက်လုံးအနောက်ဖက်မှာရှိတဲ့ တစ်သျှူးအလွှာဖြစ်ပြီးအာရုံကြောဆဲလ်တွေ သန်းပေါင်းများစွာ ပါဝင်ပါတယ်။
အဲဒီဆဲလ်တွေဟာမျက်လုံးဆီရောက်လာတဲ့ အလင်းရောင်ကိုလက်ခံရယူပြီးဦးနှောက်ကိုအချက်ပြချက်တွေ ပို့ပေးပြီးအမြင်အာရုံကို ဖြစ်ပေါ်စေပါတယ်။
ဒါပေမယ့် အမြင်လွှာကိုသွေးမလျှောက်တာကြာရင် ဒီဆဲလ်တွေဟာပျက်စီးသွားပါတယ်။ အမြင်လွှာကွာသွားရင် ပုံမှန်အနေအထားကနေအဆွဲခံရပြီးကြွတက်လာပါတယ်။ အချိန်နဲ့တပြေးညီမကုသရင် မျက်လုံးဟာအမြဲကွယ်သွားနိုင်ပါတယ်။
တချို့ဖြစ်ရပ်တွေမှာအမြင်လွှာနေရာအချို့ဟာစုတ်ပြဲသွားတတ်ပါတယ်။ အဲဒီနေရာတွေကိုအမြင်လွှာစုတ်ပြဲခြင်း၊ အမြင်လွှာပျက်စီးခြင်းလို့ခေါ်ပြီးအမြင်လွှာကွာကျတဲ့အခြေအနေ ဖြစ်ပေါ်စေပါတယ်။
အမြင်လွှာကွာရုံသက်သက်ဟာဘာမှမခံစားရပါဘူး။ ဒါပေမယ့် လက္ခဏာတွေဟာ ဖြစ်မလာခင် ကတည်းက ကြိုပေါ်လာတတ်ပါတယ်။ လက္ခဏာတွေကတော့ –
များသောအားဖြင့် လက္ခဏာတွေဟာထင်ထင်ရှားရှား ပြတတ်ပါတယ်။ စောစီးစွာသိရှိကုသခြင်းဟာအမြင်အာရုံကိုကာကွယ်နိုင်ပါတယ်။ အမြင်လွှာကွာတယ်လို့ သံသယရှိတဲ့အခါ လက္ခဏာတွေ ပေါ်ပေါ်ခြင်း မျက်စိအထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။
အသက်ကြီးလာတာနဲ့အမျှ မျက်စိရဲ့ အမြင်လွှာပိုင်းဟာပါးပြီးပျက်စီးလွယ်လာတတ်ပါတယ်။
အမြင်လွှာထဲမှာအပေါက်သေးလေးတွေ ဖြစ်လာပြီးအမြင်လွှာနဲ့ မှန်ဘီလူးကြားအရည်များ ဝင်ရောက်လာတဲ့အခါ အမြင်လွှာအောက်ကိုစိမ့်သွားတတ်ပါတယ်။
အမြင်လွှာအောက်မှာအရည်တွေ အများကြီးစုသွားခြင်းဟာအမြင်လွှာနဲ့အောက်ခြေကသွေးကြောလေးတွေကို ဝေးကွာသွားစေပါတယ်။ အဲဒီအခါမှာအမြင်လွှာဟာသွေးကြောများဆီကအောက်ဆီဂျင်မရတော့ဘဲအလင်းအာရုံခံဆဲလ်တွေ ပျက်စီးစေပါတယ်။
ဆီးချိုကြောင့် အမြင်လွှာပြတ်တာဟာဆီးချိုရဲ့ ရေရှည်နောက်ဆက်တွဲပြသနာတခုဖြစ်ပြီးလူကြီးတွေကိုမျက်စိကွယ်စေပါတယ်။
အမြင်လွှာပျက်ခြင်းဟာဆီးချိုရဲ့ အဓိကအမှတ်အသားဖြစ်တဲ့ သွေးတွင်းသကြားဓါတ် ကြာရှည်စွာမြင့်တက်ခြင်းကြောင့် ဖြစ်ပြီးအမြင်လွှာထဲကသွေးကြောငယ်လေးတွေကိုပျက်စီးစေပါတယ်။
တခြားသိပ်မထင်ရှားတဲ့ အကြောင်းအရာတွေကတော့-
ကိုသူ့နေရာကနေ ကြွတက်လာစေပါတယ်။
မျက်စိဆရာဝန်က သင့်မျက်လုံးကိုစစ်ဆေးပါလိမ့်မယ်။ အမြင်လွှာနဲ့ သူငယ်အိမ်ကိုစစ်ဆေးဖို့ အောက်ပါအတိုင်းစစ်ဆေးနိုင်ပါတယ်။
အမြင်လွှာကွာတာဟာကွာတဲ့အပိုင်းပေါ်မူတည်ပြီးသင့်ရဲ့အမြင်အာရုံတစိတ်တပိုင်းကိုဆုံးရှုံးစေပါတယ်။ မျက်စိကွယ်တဲ့ အတိုင်းအတာအရသင့်ရဲ့နေထိုင်မှုပုံစံဟာသိသိသာသာပြောင်းသွားနိုင်ပါတယ်။ ဒီချို့ယွင်းမှုနဲ့ ပတ်သက်ပြီးလုပ်ဆောင်ရမှာတွေကတော့-
အမြင်လွှာကွာခြင်းကိုကာကွယ်ဖို့ နည်းလမ်းမရှိပါဘူး။ ဒါပေမယ့် အောက်ပါလက္ခဏာတွေကိုသတိထားရင် အထောက်အကူပြုနိုင်ပါတယ်။
အဲ့ဒီလက္ခဏာတွေ သတိထားမိရင်၊ အထူးသဖြင့် သင်ဟာအသက် ၄၀ ကျော်လာရင်၊ သင်နဲ့ သင့်မိသားစုဟာအမြင်လွှာကွာတာကို ကြုံဖူးရင်၊ သင်ဟာ အဝေးမှုန်လွန်းရင် ဆေးကုသမှုကိုချက်ချင်းခံယူသင့်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။