backup og meta

ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်းနဲ့ ဆီးချိုရောဂါ အကြိုလက္ခဏာတွေက

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 03/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်းနဲ့ ဆီးချိုရောဂါ အကြိုလက္ခဏာတွေက

    ခေတ်စနစ်တွေ တိုးတက်လာနေသလို ရောဂါဖြစ်ပွားမှုနှုန်းတွေကလည်း အဆက်မပြတ် တိုးလာနေပါတယ်။ လေ့လာမှုစစ်တမ်းတွေအရ ကမ္ဘာတလွှားမှာ ဆီးချိုဝေဒနာ ခံစားနေရသူအရေအတွက်က သိသိသာသာကို မြင့်တက်လာနေပါတယ်။ ဆီးချိုဝေဒနာက မျိုးဗီဇဖွဲ့စည်းမှု၊ မျိုးရိုးလိုက်တာ၊ ရောဂါအခံနဲ့ ပတ်ဝန်းကျင်က အကြောင်းအရာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါက လူတစ်ဦးချင်းစီနဲ့ ခံစားနေရတဲ့ ဆီးချိုအမျိုးအစားပေါ်မှာလိုက်ပြီး ကွာခြားနိုင်ပါတယ်။ အခုတစ်ခေါက် ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်းနဲ့ ဆီးချိုရောဂါ အကြိုလက္ခဏာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်းနဲ့ ဆီးချိုရောဂါ အကြိုလက္ခဏာတွေက

    ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်းနဲ့ ဆီးချိုရောဂါ အကြိုလက္ခဏာတွေက ဘာတွေဖြစ်မလဲဆိုတာကို လေ့လာလိုက်ရအောင်နော်။

    ဆီးချိုဖြစ်ရတဲ့ အကြောင်းအရင်းတွေက

    အမျိုးအစား – ၁ ဆီးချိုရောဂါ ဘာကြောင့်ဖြစ်ရတာလဲ

    ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်အတွက် အင်ဆူလင်ထုတ်ပေးတဲ့ ပန်ကရိယဆဲလ်တွေကို ဖျက်ဆီးလိုက်တဲ့အချိန်မှာ အမျိုးအစား – ၁ ဆီးချိုရောဂါ ဖြစ်လာရတာပါ။ ခန္ဓာကိုယ်က အင်ဆူလင်ပမာဏကို လုံလောက်အောင်မထုတ်နိုင်တဲ့ အခြေအနေကြောင့် အမျိုးအစား – ၁ ဆီးချိုရောဂါ စဖြစ်လာပါတယ်။

    ကိုယ်ခံအား ကမောက်ကမဖြစ်စေပြီး အမျိုးအစား -၁ ဆီးချိုရောဂါဖြစ်ရတဲ့ အကြောင်းအရင်းတွေက

  • ရောဂါပိုး ဒါမှမဟုတ် ဘက်တီးရီးယားပိုးကူးစက်ခံရတာ
  • အစားအသောက်တွေထဲမှာပါတဲ့ ဓါတုဆေးဝါးတွေ
  • ဘာမှန်းမသိတဲ့ ဓာတ်ပစ္စည်းတွေကို တုံ့ပြန်တာတွေကြောင့် ဖြစ်ပါတယ်။
  • မျိုးဗီဇပြောင်းလဲတာကတော့ အမျိုးအစား -၁ ဆီးချိုရောဂါဖြစ်စေတဲ့ အဓိကအကြောင်းရင်းပါ။

    အမျိုးအစား – ၁ ဆီးချိုရောဂါက ဆယ်ကျော်သက်အရွယ်နဲ့ ကျောင်းတက်စအရွယ်တွေမှာ အတွေ့ရများပါတယ်။ ဆီးချိုဝေဒနာရှင် အများစုရဲ့ ၁၀ ရာခိုင်နှုန်းက အမျိုးအစား – ၁ ဆီးချိုရောဂါရှင်တွေပါ။ အမျိုးအစား – ၁ ဆီးချိုဝေဒနာသည်တွေက အင်ဆူလင်ထိုးဖို့ လိုအပ်မှာဖြစ်ပါတယ်။

    အမျိုးအစား – ၂ ဆီးချိုရောဂါဘာကြောင့်ဖြစ်ရတာလဲ

    အမျိုးအစား -၂ ဆီးချိုရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ မိသားစုဝင်တစ်ဦးဦးမှာ အမျိုးအစား – ၂ ဆီးချိုရောဂါဖြစ်ဖူးတာကြောင့်ရောဂါခံစားရတာများပါတယ်။

    မျိုးရိုးရှိတာကြောင့် အမျိုးအစား – ၂ ဆီးချိုရောဂါဖြစ်ရတာကအများဆုံးပါ။

    အမျိုးအစား -၂ ဆီးချိုရောဂါဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေကတော့

    • အဝလွန်တာ
    • အထိုင်များတာ
    • အသက်အရွယ်ကြီးရင့်လာတာ
    • စားသောက်မှုပုံစံမမှန်တာ
    • ကိုယ်ဝန်ဆောင်တာ၊ နာမကျန်းဖြစ်တာ
    • သွေးတိုးရှိတာ
    • သွေးတွင်းကိုလက်စထရောများတာကြောင့် ဖြစ်ပါတယ်။

    ကိုယ်ဝန်ဆောင်ဆီးချို ဘာကြောင့်ဖြစ်ရတာလဲ

    ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ ဖြစ်ရတဲ့ အကြောင်းအရင်းကို သေသေချာချာ မသိရသေးပါဘူး။ ဒါပေမယ့် ဒီအချက်တွေကတော့ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို များစေပါတယ်။

  • ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးတဲ့ မျိုးရိုးရှိနေတာ
  • အဝလွန်နေတာ
  • သားဥအိမ်အရည်အိတ်တည်တဲ့ ရောဂါစု (PCOS) ရှိနေတာ
  • အရင်ကလေး မွေးတုန်းက ကလေးပေါင်ချိန်က ၉ပေါင်ကျော်နေတာတွေက ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဖြစ်စေနိုင်ပါတယ်။
  • ဆီးချိုရောဂါလက္ခဏာတွေက

    အမျိုးအစား – ၂ ဆီးချိုရောဂါ ခံစားနေရသူတွေက ဒီ့မတိုင်ခင်မှာ ဆီးချိုရောဂါ အကြိုလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်က ပုံမှန်ထက်မြင့်တက်နေပြီး ဆီးချို ဖြစ်နေပြီလို့ ပြောရလောက်တဲ့ အထိ မြင့်တက်နေတာမျိုးတော့ မဟုတ်ပါဘူး။

    လေ့လာမှုတွေအရ ဆီးချိုရောဂါ အကြိုလက္ခဏာ အဆင့်မှာသွေးကြောစနစ်တွေ ထိခိုက်ပျက်စီးတာနဲ့ နှလုံး ထိခိုက်တာမျိုးဖြစ်နိုင်ပါတယ်။

    အမျိုးအစား – ၁ ဆီးချိုရောဂါနဲ့ အမျိုးအစား – ၂ ဆီးချိုရောဂါလက္ခဏာတွေကတော့

    • ဆီးခဏခဏသွားတာ
    • ရေအရမ်းငတ်တာ
    • ကိုယ်အလေးချိန်ကျလာတာ
    • ခဏခဏဆာတာ
    • ခြေကုန်လက်ပန်းကျတာ
    • အရေပြားပြဿာနာတွေ ခံစားရတာ
    • အနာကျက်နှေးတာ
    • မှိုပိုးကူးစက်တာ
    • ခြေဖျားလက်ဖျားတွေ ထုံကျဉ်တာတွေပဲ ဖြစ်ပါတယ်။

    ဆီးချိုဖြစ်တဲ့ လက္ခဏာတွေ ရှိနေပြီလို့ သံသယ ရှိတယ်ဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Aye Thi Mon မှ ရေးသားသည်။ · 03/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement