(၃) ရာသီစက်ဝန်းကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။
ရာသီမလာခင်နဲ့ လာနေတဲ့ရက်တွေမှာ ဟော်မုန်းအပြောင်းအလဲ ဖြစ်တာကြောင့် သွေးတွင်းသကြားဓာတ်တွေ ထိန်းရခက်တတ်ပါတယ်။ ဒါ့ပြင် ရာသီရက်ရှည်တာ၊ ရာသီသွေးဆင်းများတာ၊ ရာသီလာခါနီးရက်တွေမှာ ဟိုဟိုဒီဒီ စားချင်တာတွေကြောင့် ဆီးချိုထိန်းရတာ ပိုခက်နိုင်ပါတယ်။
ဒါကြောင့် ရာသီလာခါနီးရက်တွေနဲ့ ရာသီရက်တွေကို သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးပါ။ အင်ဆူလင်ထိုးနေတယ်ဆိုရင် ပိုသတိထားပါ။ ရာသီရက်တွေမှာ အပေါ့စားလေ့ကျင့်ခန်းတွေလုပ်၊ အာဟာရပြည့်ဝအောင်စားပြီး အိပ်ရေးဝဝအိပ်ဖို့လည်း လိုပါတယ်။
(၄) လိင်မှုဘဝမှာ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။
ဆီးချိုရောဂါကြောင့် လိင်စိတ်နည်းတာ၊ မပျော်တော့တာတွေ ဖြစ်တတ်ပါတယ်။ တချို့အမျိုးသမီးတွေမှာ မိန်းမကိုယ်ခြောက်သွေ့တာကြောင့် အတူနေတဲ့အခါ အဆင်မပြေတာ၊ နာတာတွေ ဖြစ်တတ်ပါတယ်။
ဒီလိုလိင်ကိစ္စတွေမှာ အဆင်မပြေဖြစ်ရတာက အာရုံကြောတွေ ထိခိုက်တာ၊ သွေးလည်ပတ်မှုမကောင်းတာ၊ သောက်နေတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုး၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ သွေးဆုံးခါနီးအချိန်မှာ ဖြစ်တတ်တဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့်ပါ။
ဒီပြဿနာကို ဖြေရှင်းဖို့ ဆရာဝန်နဲ့ ပြန်တိုင်ပင်ဖို့ လိုပါတယ်။ ဆေးတွေကြောင့်ဆိုရင် ဆေးတွေကို အပြောင်းအလဲ လုပ်နိုင်ပါတယ်။ မိန်းမကိုယ်ခြောက်သွေ့တာအတွက် ချောဆီသုံးတာ၊ လိင်စိတ်ပြန်လည်ရရှိဖို့ လေ့ကျင့်ခန်းလုပ်တာ စတဲ့ နည်းလမ်းတွေ ရှိပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။