backup og meta

Apple Cider Vinegar ကိုနေ့စဉ်သောက်ခြင်းဖြင့် ရရှိနိုင်မယ့်အကျိူးကျေးဇူးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Apple Cider Vinegar ကိုနေ့စဉ်သောက်ခြင်းဖြင့် ရရှိနိုင်မယ့်အကျိူးကျေးဇူးများ

    အစာလည်းဆေး ဆေးလည်းအစာဆိုသလို ကျွန်မတို့အိမ်က မီးဖိုချောင်မှာရှိတဲ့ အစားအစာနဲ့ ဟင်းချက်ပစ္စည်းတွေကလည်း ကျန်းမာရေးကောင်းကျိူးတွေ များစွာကို ပေးစွမ်းနိုင်ပါတယ်။ ယနေ့ခေတ်မှာ ဆိုရင်လည်း ပန်းသီးရှာလကာရည်အဖြစ်သိကြတဲ့ Apple Cider Vinegar ကို အလှအပနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် အသုံးပြုလာကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ACVကနေ ရရှိနိုင်တဲ့ ကျန်းမာရေးကောင်းကျိူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

    Apple Cider Vinegar ကိုနေ့စဉ်သောက်ခြင်းဖြင့် ရရှိနိုင်မယ့်အကျိူးကျေးဇူးများ

    (၁) အစာစားလိုစိတ် နည်းပါးစေတယ်

    ကိုယ်အလေးချိန်ချလိုသူတွေအနေနဲ့ ACV သောက်သုံးသင့်တယ်ဆိုတာကို ကြားဖူးကြမှာပါ။ ပညာရှင်များရဲ့ ရှင်းလင်းချက်အရ ACVဟာ အချိန်ကြာမြင့်စွာ ဗိုက်ပြည့်နေစေပြီး အစာစားလိုစိတ်ကိုလည်း နည်းပါးစေလို့ ကိုယ်အလေးချိန်ကို ကျဆင်းစေတယ်လို့ ဆိုပါတယ်။

    (၂) အချိုစားချင်စိတ် နည်းပါးစေတယ်

    ဗိုက်ပြည့်နေစေတဲ့အပြင် သင့်ရဲ့အချိုကြိုက်မှုကိုလည်း သက်သာစေနိုင်ပါသေးတယ်။ ACVတစ်ဇွန်းမှာ ၃ကယ်လိုရီသာ ပါဝင်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေများစွာ ပါဝင်နေပါတယ်။

    (၃) အစာချေစနစ်ကို ပိုမိုကောင်းမွန်စေတယ်

    ACVမှာ ပါဝင်သော prebioticsတွေကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးအတွက် အကျိူးရှိစေပါတယ်။ ACVကို သောက်ခြင်းဖြင့် အစာအိမ်ရှိ အက်ဆစ်များကို မျှတစေတဲ့အတွက် အစာကြေလွယ်စေပါတယ်။

    (၄) သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးတယ်

    ACVဟာ ကာဗိုဟိုက်ဒရိတ် အလွန်မြင့်မားတဲ့ အစားအစာတွေကို စားနေစဉ်မှာတောင်မှ အင်ဆူလင်ကနေ သကြားဓာတ်တွေကို ဖြိုခွဲနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ကိုယ်ခန္ဓာကနေ အင်ဆူလင်ကို ပိုမိုအသုံးပြုနိုင်ရန် လုပ်ဆောင်ပေးတဲ့အတွက် ဆီးချိုရောဂါကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။

    (၅) နှလုံးကျန်းမာရေးကို မြှင့်တင်ပေးတယ်

    ACVက နှလုံးသွေးကြောတွင်း အဆီပိတ်ခြင်းကိုဖြစ်စေတဲ့ triglycerideအဆီတွေကို နည်းပါးစေပါတယ်။ ဒါတင်မကသေးပဲ ပန်းသီးရောရှာလကာရည်မှာပါ ပါဝင်တဲ့ Pectinလို့ခေါ်တဲ့ အမျှင်ဓာတ်ကလည်း ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်ပေါ်စေတဲ့ ကိုလက်စထရောတွေကို နည်းပါးစေပါတယ်။

    (၆) စားလိုက်တဲ့ အစားအစာတွေမှာ ပါဝင်တဲ့ အာဟာရတွေကို ပိုမိုစုပ်ယူနိုင်ရန် ကူညီပေးတယ်

    ACVကို နေ့စဉ်သောက်ခြင်းဖြင့် စားလိုက်တဲ့ အစားအစာတွေမှာပါတဲ့ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တွေကို အူကနေ စုပ်ယူမှု ပိုမိုအားကောင်းစေပါတယ်။ ဒီအာဟာရတွေက သင့်ကိုယ်ခန္ဓာရဲ့ လုပ်ငန်းစဉ်တွေကို ပိုမိုကောင်းမွန်စွာလုပ်ဆောင်စေပြီး ကျန်းမာရေးကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

    (၇) ကင်ဆာဖြစ်နှုန်း လျော့ကျစေတယ်

    ACVဟာ ကင်ဆာကို ကာကွယ်နိုင်တယ်ဆိုတဲ့ သုတေသနပြုလုပ်ချက်များစွာ မရှိသေးသော်လည်း အချို့သော အဖြေရှာချက်များအရ ကင်ဆာကာကွယ်နိုင်တဲ့ အကျိုးကျေးဇူးများ ရှိနေတာ တွေ့ရပါတယ်။၂၀၁၄ခုနှစ်က လေ့လာချက်တစ်ခုအရ ACVတွင်ပါဝင်သော acetic acidဟာ ကင်ဆာဆဲလ်တွေကို သေစေနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒီAcetic acidဟာဆိုရင် ကင်ဆာဆဲလ်တွေကို တွန်းလှန်နိုင်တဲ့ အစွမ်းထက်အက်ဆစ်ဖြစ်ပြီး အစာအိမ်ကင်ဆာနဲ့ အခြားကင်ဆာတွေကိုကုသရာတွင် အသုံးပြုလေ့ရှိပါတယ်။

    (၈) ခံတွင်းအနံ့ဆိုးကို သက်သာစေတယ်

    နေ့စဉ်ACVကို သောက်ခြင်းဖြင့် ခံတွင်းအနံ့ဆိုးဖြစ်စေတဲ့ ဘတ်တီးရီးယားတွေကိုသေစေပြီး အနံ့ဆိုးတွေကို သက်သာစေပါတယ်။

    သတိပြုရန်

    ACVမှာပါတဲ့ အက်ဆစ်ဓာတ်က သွားကြွေလွှာကို ပျက်စီးစေပြီး သတ္တုဓာတ်တွေ ဆုံးရှုံးစေခြင်းနဲ့ သွားပိုးစားခြင်းကို ဖြစ်ပေါ်စေပါတယ်။ဒီလိုသွားကြွေလွှာတွေကို မပျက်စီးစေဖို့ ACVတစ်ဆကို ရေ၁၀ဆနဲ့ ရောစပ်ပြီးမှ ပိုက်နဲ့ စုပ်သောက်တာမျိူး လုပ်သင့်ပါတယ်။

    Dr Rose

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement