ကိုဗစ်ကာလမှာ တားဆေးထိုး ဖို့ အခက်အခဲရှိတယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read
Share now

ကိုဗစ်ရဲ့ ရိုက်ခတ်မှုတွေကတော့ အံ့မခန်းပါပဲ။ စီးပွားရေးတွေ ရပ်နားလိုက်ရတယ်။ ကလေးတွေ ကျောင်းမသွားရတော့ဘူး။ တခြားနာတာရှည်ရောဂါရှင်တွေ ဆေးကုရတာ အခက်အခဲတွေ ဖြစ်လာတယ်။ ဒါတင်ပဲလားဆိုတော့ နောက်ဆုံး သားဆက်ခြားနည်းလမ်းသုံးတဲ့ အမျိုးသမီးတွေပါ ဒုက္ခရောက်ရတော့တာပါပဲ။

သားအိမ်ထဲထည့်တဲ့ ပစ္စည်းသုံးတဲ့သူတွေ၊ လက်မောင်းအောက် ပစ္စည်းထည့်တဲ့သူတွေကတော့ နှစ်နဲ့ချီခံတာဆိုတော့ သိပ်စိတ်ပူစရာ မရှိပါဘူး။ ဒါတောင် တိုက်တိုက်ဆိုင်ဆိုင် ဒီနှစ်မှာ ထုတ်ပြီး အသစ်လဲရမယ်ဆိုရင် ဆရာဝန်လိုက်ရှာရဦးမှာပါ။

တားဆေးကတ်သောက်တဲ့သူတွေကလည်း တစ်ကတ်ပြီး တစ်ကတ် ကိုယ့်ဟာကိုယ် ဝယ်သောက်လို့ရပါတယ်။ ဒါတောင် ဆေးဝယ်မရမှာစိုးရင် ပိုဝယ်ထားတာ စိတ်အေးရပါတယ်။ ဒါတင်ပဲလားဆိုတော့ ကွန်ဒုံးတွေ၊ အရေးပေါ်တားဆေးတွေပါ ပိုဝယ်ထားရမှာပါ။ ဘာကြောင့်လဲဆိုတော့ တားဆေးသောက်ဖို့ မေ့သွားရင် ဖြေရှင်းနိုင်ဖို့ရယ်၊ မတော်တဆ ဆေးကုန်သွားလို့ မသောက်ရရင် ကာကွယ်ထားနိုင်အောင်ပါ။

ဒီလောက်ထိ အရေးကြီးပါတယ်။

ဒီလို စာအရှည်ကြီးတွေနဲ့ ရေးနေရတာက သားဆက်ခြားနည်းလမ်းကို ပျက်ကွက်ခဲ့ရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲတွေ အများကြီး ရှိလို့ပါပဲ။ အဓိကကတော့ မလိုချင်ဘဲ ကိုယ်ဝန်ရလာမှာကို တားချင်တာပါ။ လက်မထပ်ခင် အတူနေတဲ့ စုံတွဲပဲ ဒီပြဿနာရှိတာမဟုတ်ပါဘူး။ အိမ်ထောင်သည်တွေမှာလည်း ရှိပါတယ်။ စားဝတ်နေရးအဆင်မပြေတဲ့အတွက် ကိုယ်ဝန်ရတိုင်း ယူဖို့ အဆင်မပြေပါဘူး။ ဒီလို ကိုဗစ်ကာလဆိုပိုဆိုးပါတယ်။ ဒါတွေရဲ့ အဆုံးသတ်ကတော့ ကိုယ်ဝန်ဖျက်ချတာပါပဲ။

မြန်မာနိုင်ငံမှာ မိခင်ရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အခြေအနေကလွဲပြီးတော့ ကိုယ်ဝန်ဖျက်ချတာမျိုး မလုပ်ပေးတဲ့အတွက် အပြင်မှာပဲ ဖျက်ချကြပါတယ်။ ဒီတော့ အခန့်မသင့်ရင် အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။

ဒါကြောင့် ခုရှုပ်မှ နောင်ရှင်းဆိုသလို အစတည်းက သားဆက်ခြားနည်းလမ်းတွေကို စနစ်တကျ လုပ်ထားရမှာပါ။

တားဆေးထိုးထားတဲ့သူဆိုရင် ဘယ်လိုလုပ်ကြမလဲ။

ဒီအချိန်မှာ သူတို့ကို အစိုးရိမ်ဆုံးပါပဲ။ ရက်ပြည့်ရင် ဆေးခန်းသွားပြီး ထိုးမှ ရမယ့်သူတွေ မို့လို့ပါ။ ၁လဆေး၊ ၃လဆေး ရှိပေမယ့် ၃လဆေးက အသုံးများပါတယ်။ ပုံမှန်ဆို ၃လတစ်ခါ (၁၂ပတ်)တိုင်းမှာ ဆေးသွားထိုးရပါတယ်။ အလွန်ဆုံးနောက်ကျလှ ၂ပတ် (၁၅ပတ်)ထိပဲ ရပါတယ်။

ဒါဆို ရက်ကျော်လာရင် ဘာလုပ်ကြမလဲ။

ထိုးရမယ့် ရက်မတိုင်ခင် ဆေးခန်းမှာ ရက်ချိန်းယူပြီး သွားထိုးတာ အကောင်းဆုံးပါပဲ။ ဆေးခန်းမသွားခင် ဖုန်းဆက်ပြီး ဘိုကင်ကြိုယူပါ။ ဒါဆိုရင် လူများတာကို ရှောင်နိုင်ပါမယ်။ တခြားလုပ်နိုင်တာတွေကတော့

  • ကွန်ဒုံးသုံးပါ။ လတ်တလောမှာ ဆေးသွားမထိုးနိုင်ဘူးဆိုရင် အလွယ်ဆုံးနည်းလမ်းက ကွန်ဒုံးသုံးတာပါပဲ။
  • အရေးပေါ်တားဆေးကိုတော့ သိပ်အားမပေးပါဘူး။ ခဏခဏဖြစ်လာရင် တားဆေးအာနိသင်ကျလာပါတယ်။ မတော်တဆ ကိုယ်ဝန်ရသွားနိုင်ပါတယ်။
  • အပြင်မှာ ပြီးတာကလည်း ဒီတိုင်းပါပဲ။ သိပ်စိတ်မချရပါဘူး။
  • နောက်တစ်ခုကတော့ သောက်ဆေးကို ခဏပြောင်းထားနိုင်ပါတယ်။

သောက်ဆေးပြောင်းမယ်ဆိုရင်

သောက်ဆေးပြောင်းမယ်ဆိုရင် ကောင်းတာက ဆရာဝန်နဲ့ တိုင်ပင်တာပါပဲ။ ဘာကြောင့်လဲဆိုတော့ တားဆေးတိုင်းက လူတိုင်းနဲ့ မသင့်တော်ပါဘူး။ ဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ် ပြောင်းတာထက်စာရင် ဆရာဝန်နဲ့ အရင်တိုင်ပင်တာက ပိုကောင်းပါတယ်။

ဒီလိုလူတွေကတော့ ဆရာဝန်နဲ့ တိုင်ကို တိုင်ပင်သင့်ပါတယ်။

  • ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေ
  • သွေးခဲရောဂါရှိတဲ့ သူတွေ
  • အရင်က နှလုံးသွေးကြောပိတ်တာ၊ လေဖြတ်တာ ဖြစ်ဖူးတဲ့သူတွေ
  • အသက်၃၅နှစ်အထက်တွေ
  • ဆီးချို၊ သွေးတိုးရှိတဲ့သူတွေ
  • သွေးတွင်းအဆီဓာတ်များတဲ့သူတွေ
  • ခေါင်းတစ်ခြမ်းကိုက်တဲ့သူတွေ
  • အဝလွန်တဲ့သူတွေ
  • ရင်သားကင်ဆာရှိတဲ့ သူတွေ
  • အိပ်ရာထဲမှာ အကြာကြီး လဲနေတဲ့သူတွေ

ဒီလူတွေကတော့ တားဆေးမသောက်တာ ပိုကောင်းပါတယ်။

ဆရာဝန်ကို မေးတာက ဒီခေတ်မှာ မဖြစ်မနေဆေးခန်းသွားဖို့ မလိုပါဘူး။ Telemedicineတွေ ပေါ်နေပြီဖြစ်တာကြောင့် အွန်လိုင်းကနေပဲ တိုင်ပင်လို့ ရနေပါပြီ။

ပြောင်းနည်းကို အောက်မှာ အကြမ်းရှင်းပြပေးပါ့မယ်။ အသေးစိတ်ကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

  • ပြောင်းသောက်မယ်ဆိုရင် အရင်ဆုံး ဆေးပြန်ထိုးရမယ့်ရက်က ဘယ်ရက်လဲဆိုတာကို အရင်သတ်မှတ်ပါ။
  • ၃လခံဆေးဆို ၁၂ပတ်ခြား တစ်ခါ ထိုးရပါတယ်။
  • ထိုးရမယ့်ရက်မှာ သောက်လို့ရပါတယ်။
  • ၁၂ပတ်ကျော်သွားလည်း ၁၅ပတ်အတွင်းဆို သောက်လို့ရပါတယ်။
  • ၁၅ပတ်ကျော်သွားရင်တော့ ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။
  • ဆေးသောက်တဲ့နေရာမှာ ရာသီလာတာကို စောင့်စရာမလိုပါဘူး။
  • ထိုးဆေးတွေက အများအားဖြင့် ရာသီမမှန်တတ်ပါဘူး။
  • ဒါကြောင့် ဆေးပြောင်းသောက်မယ်ဆိုရင် ၁၂ပတ်ပြည့်တဲ့နေ့မှာ ရာသီလာလာ မလာလာ ပြောင်းသောက်နိုင်ပါတယ်။
  • တားဆေးသောက်မယ်ဆိုရင် နေ့တိုင်း အချိန်မှန်မှန်သောက်ဖို့လိုပါတယ်။

ထိုးဆေးကနေ တားဆေးပြောင်းရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ လတ်တလောမှာ ဆေးခန်းသွားဖို့ မလွယ်တဲ့သူတွေအတွက် မလိုချင်တဲ့ ကိုယ်ဝန်ကို လတ်တလောမှာ အလွယ်တားထားစေချင်တာပါ။ တားဆေးသောက်ရင် အဆင်ပြေရင် ဆက်သောက်ပါ။ အဆင်မပြေရင်လည်း ဆရာဝန်ကို ပြန်ပြောပြီး ပြန်ထိုးလို့ရပါတယ်။

COVID-19 Outbreak updates
Country: Myanmar
Data

34,875

Confirmed

373

Recovered

567

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ကာလမှာ ဝိတ်ချသင့်သလား

ကိုဗစ်ကာလမှာ ဝိတ်ချသင့်ရဲ့လား။ ကိုယ်ခံအားကျမှာလည်း ကြောက်ရသေးတယ်။ အဝလွန်ရင်တော့ ကိုယ်အလေးချိန်ချသင့်ပါတယ်။ အလွန်အကျွံမချပါနဲ့။ အာဟာရပြည့်အောင်စားပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 12, 2020 . 2 mins read

ကိုဗစ်အနံ့ပျောက်လူနာ အနံ့ပြန်ရစေဖို့

ကိုဗစ်ကြောင့် အနံ့ပျောက်တယ်လို့ ယူဆရင် ဆေးအရင်စစ်ပါ။ အနံ့ပြန်ရဖို့ အရင်မကြိုးစားပါနဲ့။ အနံ့ပျောက်တာက ယာယီပါ။ ဆေးစစ်ပြီး သူများကို မကူးအောင် အရင်ကာကွယ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 12, 2020 . 3 mins read

ကိုဗစ် antigen test kit တွေ ဘယ်သူတွေပဲ စစ်လို့ရလဲ။

ကိုဗစ်Antigen test kitတွေဟာ ကန့်သတ်ချက်ရှိတဲ့အတွက် ရောဂါလက္ခဏာရှိတဲ့သူတွေကို ဦးစားပေး စစ်ပါတယ်။ အဖြေပေါ်မူတည်ပြီး လိုအပ်သလို ထပ်စစ်ပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ချောင်းဆိုးနေတဲ့ ကိုဗစ် ဝေဒနာရှင်တွေအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းများ

ကိုဗစ်ရဲ့ ရောဂါလက္ခဏာတွေထဲမှာ ချောင်းဆိုးတာက အဓိကလက္ခဏာတစ်ခုပါ။ ဆေးစစ်ဖို့ အိမ်မှာ စောင့်ဆိုင်းနေချိန် အိမ်တွင်းနည်းလမ်းများနဲ့ သက်သာအောင်လုပ်ထားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အိပ်မပျော်တာ ဟော်မုန်းကြောင့်များလား

COVID ကာလ အိပ်မပျော်တာ ဟော်မုန်းတစ်ခုခုဖောက်ပြန်နေလို့များလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 16, 2020 . 3 mins read
ကိုဗစ်ကာလ မှာ သားဆက်ခြားပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ။

ကိုဗစ်ကာလ မှာ သားဆက်ခြားပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 16, 2020 . 2 mins read
ကိုဗစ်ကာလမှာ ဘယ်လို သားဆက်ခြားမယ် စိတ်ကူးလဲ။

ကိုဗစ်ကာလမှာ ဘယ်လို သားဆက်ခြားမယ် စိတ်ကူးလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read
WHO အကြီးအကဲပြောပြတဲ့ ဒီနှစ်ကုန် ရနိုင်ဖွယ်ရှိတဲ့ ကိုဗစ်ကာကွယ်ဆေး မျှော်လင့်ချက်ရောင်ခြည်အသစ်

WHO အကြီးအကဲပြောပြတဲ့ ဒီနှစ်ကုန် ရနိုင်ဖွယ်ရှိတဲ့ ကိုဗစ်ကာကွယ်ဆေး မျှော်လင့်ချက်ရောင်ခြည်အသစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read