backup og meta

Covid စတေးဟုမ်းကာလအတွင်း သားဆက်ခြားနည်းပြဿနာမတက်စေဖို့ ဘယ်လိုဂရုစိုက်ရမလဲ

Covid -19 ရောဂါအန္တရာယ် ကာကွယ်နိုင်ဖို့ အိမ်မှာပဲနေရတဲ့ Stay Home နေကြရတဲ့အချိန်အတွင်း အိမ်ရှင်မတွေ ကြုံတွေ့ရတဲ့အခက်အခဲတစ်ခုက သားဆက်ခြားခြင်း(သန္ဓေတားခြင်း)ပါပဲ။ ခုနေချိန် အပြင်လည်းမထွက်ချင်၊ ဆေးခန်းတချို့လည်း ပိတ်ကုန်ကြသလို သောက်နေကျဆေးတွေ ဝယ်မရတာတွေ ကြုံရတာပေါ့။

Covid စတေးဟုမ်းကာလအတွင်း သားဆက်ခြားနည်းပြဿနာမတက်စေဖို့ ဘယ်လိုဂရုစိုက်ရမလဲ

သွားရလာရ အဆင်မပြေ

ကိုယ့်မိသားစုကျန်းမာရေးအတွက် အိမ်မှာပဲနေမယ်၊ စျေးဝယ်နဲ့ ဆေးခန်းပြဖို့ သွားလာလို့ရတယ်၊ အလုပ်သွားလို့ရတယ်ဆိုပေမယ့် အကန့်အသတ်တွေရှိနေတဲ့အချိန်ပါ။ ဒီအချိန်မှာ သားဆက်ခြားဖို့နဲ့ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ကြရတယ် မဟုတ်လား။ အထူးသဖြင့် သန္ဓေတားထိုးဆေး ပုံမှန်ထိုးနေကျ အိမ်ရှင်မတွေပါ။

ဂရုမစိုက်မိရင်

မိသားစု စီမံကိန်း ကမောက်ကမဖြစ်သွားနိုင်သလို ဝင်ငွေ အစ၊ ကျန်းမာရေးစောင့်ရှောက်မှု အဆုံး ကိုယ်တွေ အဆင်သင့်မဖြစ်သေးချိန်မှာ ကလေးတစ်ယောက်ကို ဆွဲသွင်းလိုက်ရနိုင်ပါတယ်။

ဘယ်တော့ပြီးဆုံးမယ် မသိတဲ့ Covid ဖြစ်ပွားမှုကာလမှာ မွေးဖွားလာမယ့် ကလေးနဲ့ မိခင်အတွက် ဝိုင်းဝန်းစောင့်ရှောက်ပေးဖို့လည်း ဆွေမျိုး၊ မိတ်ဆွေတွေ လာလို့မရတဲ့ အချိန်ပါ။ ဒါ့ကြောင့် Covid အတွက် အာရုံစိုက်နေချိန်မှာ သန္ဓေတားဖို့ အတွက်လည်း သတိမလပ် မပေါ့ဆစေချင်ပါဘူး။

ဘယ်လိုဂရုစိုက်ရမလဲ

ကိုယ်က တားဆေးကတ် သောက်နေသူဖြစ်ရင် –

  • တတ်နိုင်သလောက် ဆေးကတ်ကို ကြိုဝယ်ထားပါ၊ ဒါမှ ထွက်မဝယ်နိုင်တာ၊ ဆိုင်ပိတ်တာ၊ ပစ္စည်းပြတ်တာတွေအတွက် ကြိုတင်ပြင်ဆင်ပြီးသားဖြစ်စေမှာပါ။
  • ဆေးကို ပုံမှန်သောက်ဖို့ သတိထားပါ။ မေ့သွားတယ်ဆို သတိရရချင်း တစ်လုံးသောက်ပါ၊ ကျန်တာ ပုံမှန်အတိုင်း ဆက်သောက်သွားပါ။ ရက်ဆက်တိုက် မေ့ရင်တော့ ဆေးကတ် အစက ပြန်သောက်ဖို့ လိုပါမယ်။
  • ဆေးမသောက်မိချိန်အတွင်း အတူနေခဲ့တာရှိတယ်ဆို အရေးပေါ်သန္ဓေတားဆေး သောက်ပါ။

ထိုးဆေး ပုံမှန်ထိုးသူ ဖြစ်ရင် –

  • ပုံမှန်ဆေးထိုးပေးနေကျ ဆရာဝန်နဲ့ အဆက်အသွယ် ရယူထားပါ။ ဆေးခန်း ပိတ်ထားရင်တောင် ဆက်သွယ်ပြီး ဆေးထိုးလို့ ရအောင်ပါ။
  • ဆေးထိုးဖို့ အဆင်မပြေရင် သောက်ဆေး ပြောင်းသောက်ဖို့ ကြိုစဉ်းစားထားပါ။ အခုချိန်မှာ ဖုန်းကတဆင့် ဒါမှမဟုတ် အွန်လိုင်းကတဆင့် ဆရာဝန်တွေဆီ ဆက်သွယ်မေးမြန်းလို့ ရတာမို့ ထိုးဆေးကနေ သောက်ဆေးကို ဘယ်အချိန် ပြောင်းသောက်ရမလဲ ဆိုတာ အကြံဉာဏ်ရယူပါ။

တခြားသားဆက်ခြားနည်း

သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း (IUD)လက်မောင်းထဲထည့်ပစ္စည်း(Implant)တို့လို သားဆက်ခြားနည်းတွေ ကတော့ သူ့သက်တမ်း အလိုက် အာနိသင်ရှိနေမှာမို့လို့ ပူစရာ သိပ်မရှိပါဘူး။ မကြာခဏ ဂရုစိုက်နေဖို့ မလိုဘဲ မေ့မေ့ပျောက်ပျောက်ကို နေထိုင်လို့ ရစေပါတယ်။

ဒါပေမယ့် ဒီနည်းတွေကြောင့် ဖြစ်လေ့ရှိတဲ့ အသေးစား ဘေးထွက်ဆိုးကျိုးလေးတွေ နဲ့ တစ်စုံတစ်ရာ ထူးခြားတဲ့ လက္ခဏာ ရှိလာခဲ့ရင် နီးစပ်ရာ ဆရာဝန်တွေဆီ ဆက်သွယ်မေးမြန်းပါ။ လိုအပ်ရင် ဆေးခန်း စုံစမ်းပြီး ပြသသင့်ပါတယ်။

နောက်ထပ် အသုံးဝင်တဲ့ သားဆက်ခြားနည်းကတော့ ကွန်ဒုံးအသုံးပြုတာပဲ ဖြစ်ပါတယ်။ ဆေးထိုးဖို့လည်း အဆင်မပြေ၊ သောက်ဆေးလည်း ဝယ်မရဘဲ လတ်တလော အဆင်မပြေသေးချိန် အတွင်း ကွန်ဒုံးအသုံးပြုတာက စိတ်အချရဆုံးနဲ့ အလွယ်ကူဆုံးပဲ ဖြစ်ပါတယ်။

ဒီလောက်ဆို သားဆက်ခြားနည်းအတွက် အထိုက်အလျောက် အထောက်အကူဖြစ်နိုင်မယ့် အကြံဉာဏ်လေးတွေ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ကိုဗစ်ကာလမှာ ရောဂါကင်းလို့ ကျန်းကျန်းမာမာ စိတ်ချမ်းသာတဲ့ မိသားစုတွေ ဖြစ်နိုင်ကြပါစေနော်။

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.nhs.uk/live-well/sexual-health/getting-contraception/

https://www.who.int/news-room/photo-story/photo-story-detail/self-care-during-covid-19

 

ယခုပုံစံ

13/07/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ်ကာလမှာ တားဆေးထိုး ဖို့ အခက်အခဲရှိတယ်ဆိုရင်

ကိုဗစ်ကာလမှာ လူတိုင်းလိုလို ပျောက်ဆုံးနေတဲ့အရာ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement