နောက်ပြီးကုသမှုအခြေအနေကို သိနိုင်ဖို့အတွက် ကွန်ပြူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်လည်းမကြာခဏရိုက်ရနိုင်ပါသေးတယ်။
Proton Beam Therapy က နောက်ဆုံးပေါ်ကင်ဆာကုသမှုနည်းပညာတစ်ခုလည်းဖြစ်သလို သူ့အတွက်အထူးထုတ်လုပ်ပြင်ဆင်ထားရမယ့် ကိရိယာတွေလည်းလိုအပ်ပါတယ်။ ဥပမာ ပြောရရင် စွမ်းအားမြင့်ပရိုတွန်ဒြပ်မှုန်တွေထုတ်လုပ်ပေးမယ့် Cyclotron machine၊ ပရိုတွန်ဒြပ်မှုန်တွေကိုသယ်ဆောင်ပေးမယ့် beam transport system၊ လူနာထားရှိရမယ့် patient position system နဲ့ ကင်ဆာဆဲလ်တွေဖျက်စီးဖို့ ဒြပ်မှုန်တွေပစ်လွှတ်ပေးမယ့် Gantry စက် စတဲ့အဓိက အစိတ်အပိုင်း ၄ ခုလိုအပ်ပါတယ်။
နည်းပညာမြင့်ပစ္စည်းတွေဖြစ်တာကြောင့် ဈေးနှုန်းမြင့်မားသလို အသုံးပြုဖို့ တကယ်ကျွမ်းကျင်တဲ့ပညာရှင်တွေလည်း လိုအပ်ပါတယ်။ ဒါ့ကြောင့်လည်း Proton Beam Therapy ကတခြားကင်ဆာကုသမှုတွေလို သိပ်မတွင်ကျယ်သေးတာဖြစ်ကြောင်း ပြောကြားရင်းနိဂုံးချုပ်လိုက်ပါတယ်။
ရေးသားသူ – Dr.Htoo Tint
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။