backup og meta

ဆေးဖက်ဝင် ပရဆေးပင် များနှင့် ကင်ဆာရောဂါ ကုသခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Ye Pyae Hein မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးဖက်ဝင် ပရဆေးပင် များနှင့် ကင်ဆာရောဂါ ကုသခြင်း

    ဆေးဖက်ဝင် ပရဆေးပင် များသည် အစွမ်းသတ္တိရှိကြသည်။ လွန်ခဲ့သော အချိန်ကာလကတည်းက ဆေးဖက်ဝင်အပင်များကို ရောဂါ အမျိုးမျိုးကုသရာ၌ အသုံးပြုခဲ့ကြသည်။

    အပင်များ၏ အာနိသင်နှင့် ပတ်သက်သော သိပ္ပံနည်းကျသုတေသနများသည် အားနည်းနေသေးသော်လည်း အလားအလာကောင်းသော တွေ့ရှိချက်များက ထိုအပင်များ၏ကင်ဆာရောဂါကို ကုသနိုင်သော အာနိသင်ကို ဖော်ထုတ်ပြသလျက်ရှိသည်။

    ဆေးဖက်ဝင် ပရဆေးပင် တွေထဲမှာ အသုံးများတဲ့ အရာတွေက ဘာတွေလဲ

    ဆေးပြောင်းပန်းပင်(Echinacea)

    ဆေးပြောင်းပန်းသည်Asteraceae မျိုးနွယ်ဝင်ဖြစ်ပြီး ရနံ့ရှိသော အပင်ဖြစ်သည်။ မြေပြန့်လွင်ပြင်ကျယ် ဒေသများ၊မြောက်အမေရိကတိုက် ၏ အရှေ့ဘက်ပိုင်းနှင့် ဥရောပ တိုက်တို့တွင် ပေါက်ရောက်သည်။Echinacea purpuea၊Echinaceaangustifolia နှင့် Echinacea pallida ဟူသော မျိုးစိတ် ၃ ခုကို ဆေးဝါးအဖြစ်အသုံးပြုကြသည်။

    Echinacea purpurea သည် သုတေသနနှင့် ဆေးဝါးကုသရာ၌ အသုံးအများဆုံးဖြစ်သည်။ ဆေးပြောင်းပန်းပင် ကို ခရမ်းရောင်ကုံးပန်းပင်၊Kanas snakeroot နှင့် Black Sampson ဟုလည်း ခေါ်သည်။ တိရစ္ဆာန်များတွင် သုတေသနပြုလုပ်ကြည့်ရာEchinacea purpurea သည် ကင်ဆာရောဂါကုသရာ၌ အာနိသင်ရှိသည်ကို တွေ့ရသည်။

    ထိုအပင်တွင် ပါဝင်သောဖလေဗိုးနွိုက် ဓါတ်ပေါင်းများ(Flavonoids)သည် ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်သည်ဟု ယုံကြည်ကြသည်။ ထို့ပြင် ကင်ဆာရောဂါအတွက် ဆေးဝါးကုထုံး နှင့် ဓါတ်ရောင်ခြည်ကုထုံး တို့၏ ဘေးထွက်ဆိုးကျိုးကိုလည်း ကာကွယ်ပေးနိုင်သည်။

    နောက်ဆုံးအဆင့် ကင်ဆာလူနာများတွင်လည်း သက်တမ်းကို ပိုမိုကြာစေနိုင်သည်။

    ကြက်သွန်ဖြူ

    ကြက်သွန်ဖြူသည်လည်း ဆေးဝါးအဖြစ်အသုံးများသော အပင်တစ်မျိုးဖြစ်သည်။ ကြက်သွန်ဖြူတွင် ပါဝင်သောဆာလ်ဖာဓါတ်ပေါင်း Ajoene သည် ကင်ဆာဆဲလ်များ ထုတ်လုပ်မှုကို နှေးကွေးစေသည်။ ကင်ဆာကို တွန်းလှန်နိုင်သောအာနိသင်မှာ ထိုအပင်တွင်များပြားစွာ ပါဝင်သောဆာလ်ဖိုဒ် နှင့် ပိုလီဆာလ်ဖိုဒ် အော်ဂဲနစ် ဓါတ်ပေါင်း များမှလာသည်။

    ကြက်သွန်ဖြူ

    သိပ္ပံပညာရှင်များက ကြက်သွန်ဖြူတွင်ပါဝင်သော ပစ္စည်းများသည် ကင်ဆာဆဲလ်များကို သေစေနိုင်ပြီး ထိုဆဲလ်များ၏ဇီဝကမ္မဖြစ်စဉ်ကို တားဆီးနှောင့်ယှက်နိုင်သည်ဟု ဆိုသည်။ ရင့်မှည့်ပြီး ကြက်သွန်ဖြူဥမှ ထုတ်ယူထားသော ဓါတ်ပေါင်းများသည် ကိုယ်ခန္ဓါဆဲလ်များ၏ DNA ပေါ်တွင် ကင်ဆာဖြစ်စေသောဓါတ်ပေါင်းများက ဖျက်ဆီးမှုကိုကာကွယ်ပေးသည်။ ခုခံအားစနစ်ကို အားပေးသည်။

    ကင်ဆာဖြစ်စေသော ဓါတ်ပေါင်းများ၏ စွန့်ထုတ်မှုကို အားပေးပြီးအဆိပ်အတောက်ဖြေသော အင်ဇိုင်းများ၏ အာနိသင်ကို တိုးတက်စေသည်။ ကင်ဆာဆဲလ်များ၏ ပြန့်နှံ့မှုကို နှေးကွေးစေခြင်းဖြင့် အူမကြီးကင်ဆာ၊အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊အဆုတ်ကင်ဆာနှင့် ဆီးအိမ်ကင်ဆာ တို့တွင် အကျိုးရှိစေပါသည်။

    နနွင်းပင်

    နနွင်းပင်တွင် ကင်ဆာကိုဆန့်ကျင်သာအစွမ်းနှင့် ဓါတ်တိုးဆန့်ကျင်သော သဘာဝရှိသည့် ကာကူမင်(Curcumin)ဓါတ်ပေါင်းများစွာပါဝင်သည်။ အဆုတ်ကင်ဆာ၊ရင်သားကင်ဆာ၊အရေပြားကင်ဆာ နှင့် အစာအိမ်ကင်ဆာ တို့၏ ရောဂါတိုးတက်ပွားများခြင်းကို ဟန့်တားနိုင်သော အာနိသင်ရှိသည်။

    ကာကူမင် သည် အီကိုဆာဓါတ်ပေါင်းများ(ဥပမာ ပရော့စတာဂလန်ဒင် Prostaglandins E2)တို့ထုတ်လုပ်သည့် ဖြစ်စဉ်ကို ပြောင်းလဲစေပြီး ရောင်ရမ်းခြင်းကို သက်သာစေသည်။

    curcumin plant

    သုတေသနတစ်ခုတွင် ကာကူမင်သည် ကင်ဆာဆဲလ်များ၏ အစပျိုးခြင်း၊အဆင့်တက်ခြင်း၊ပြန့်ပွားခြင်းစသော အဆင့်အားလုံး၌ ကင်ဆာဆဲလ်များကြီးထွားမှုကို ဟန့်တားနိုင်သည်ဟု ဆိုပါသည်။ နနွင်းပင်သည် Nitrosamines ဟုခေါ်သော ဓါတ်ပေါင်းများ၏ထုတ်လုပ်မှုကို ဟန့်တားခြင်းဖြင့် ခန္ဓါကိုယ်တွင် သဘာဝအတိုင်း ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ကိုများပြားစေပါသည်။

    လက်ဖက်စိမ်း

    လက်ဖက်စိမ်းတွင် ပါဝင်သော ပိုလီဖီနောဓါတ်ပေါင်းများသည် ကင်ဆာကို ဆန့်ကျင်သော အာနိသင်ရှိသည်။ လေ့လာမှုအတော်များများတွင် လက်ဖက်စိမ်းက အဖုအကျိတ်များကို ဟန့်တား၍ ဆဲလ်များ၏ မျိုးရိုးဗီဇဆိုင်ရာပြောင်းလဲခြင်းဖြစ်စဉ်(ထွန်းခြင်း)(Mutation)ကိုဟန့်တားပေးသည်။

    Epigallocatechin(EGGG) ဟုခေါ်သော ဖီနောဓါတ်ပေါင်းသည်ဓါတ်တိုးဂုဏ်ရှိဓါတ်ပေါင်းများက ခန္ဓါကိုယ်ဆဲလ်များ၏ DNA ကိုပျက်စီးစေမှုမှု ကိုကာကွယ်ပေးသည်။

    tea leaves

    တိရစ္ဆာန်များတွင်ပြုလုပ်သော သုတေသနများတွင် လက်ဖက်စိမ်းတွင်ပါဝင်သော ပိုလီဖီနောဓါတ်ပေါင်းများသည် ကင်ဆာဆဲလ်များ ပွားများခြင်းကို တားဆီးရုံမျှမက ကင်ဆာဆဲလ်များကိုသေသစေသောနိသင်ပါရှိသည်ဟုဆိုပါသည်။

    ထို့ပြင် လက်ဖက်စိမ်း၏အဖုအကျိတ်များကို တိုက်ဖျက်နိုင်သော အာနိသင်ကို အူမကြီးကင်ဆာနှင့်အစာအိမ်ဝေဒနာရှင် လူနာများတွင်လည်းလေ့လာတွေ့ရှိရသည်ဟု ဆိုပါသည်။

    ဆေးဖက်ဝင် ပရဆေးပင် များနှင့် ကင်ဆာရောဂါကို ကုသခြင်းမှာ ဖြစ်နိုင်ခြေများလှသော်လည်း သုတေသနများကား ထပ်မံပြုလုပ်ရန်လိုပါဦးမည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement