backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သားအိမ်ကင်ဆာဖြစ်နေကြောင်း သိသင့်သည့် လက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Kyaw Thura Htun မှ ရေးသားသည်။ · 03/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သားအိမ်ကင်ဆာဖြစ်နေကြောင်း သိသင့်သည့် လက္ခဏာများ

သင့်ရဲ့ကိုယ်မှာ တစ်ခါတစ်လေ ရောဂါတစ်ခုခုရှိနေလောက်တယ်လို့ သင်သံသယဖြစ်ရတဲ့ လက္ခဏာတွေတွေ့ဖူးလား။ ရောဂါလက္ခဏာချင်းတူတဲ့ ရောဂါအများကြီးရှိသလို သားအိမ်ကင်ဆာလိုမျိုး တိကျတဲ့ရောဂါလက္ခဏာရှိတဲ့ ရောဂါတွေလည်းရှိပါတယ်။ အောက်မှာဖော်ပြထားတဲ့ သူ့ရဲ့လက္ခဏာတွေကိုကြည့်ရအောင်။

မိန်းမကိုယ် အချိန်အခါမဟုတ် သွေးဆင်းခြင်းနဲ့ တခြားအရည်များဆင်းခြင်း

သားအိမ်ကင်ဆာဖြစ်နေတဲ့ အမျိုးသမီး၉၀ရာခိုင်နှုန်းက ပုံမှန်မဟုတ်ဘဲ သွေးဆင်းကြပါတယ်။ ဥပမာ – သူတို့ရာသီလာချိန်တွေမှာ အပြောင်းအလဲရှိခြင်း၊ သွေးဆုံးပြီးချိန်မှ သွေးဆင်းခြင်း တွေပဲဖြစ်ပါတယ်။ ဒီလက္ခဏာကတော့ ကင်ဆာကြောင့် မဟုတ်လည်း တခြားကျန်းမာရေးအခြေအနေတွေမှာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်လာရင်တော့ ဆရာဝန်ဆီသွားတာ အသင့်တော်ဆုံးပါ။ တကယ်လို့ သင်က သွေးဆုံးပြီးသားဖြစ်ပေမယ့် ဒီလိုသွေးဆင်းတာတွေ၊ တခြားအရည်ဆင်းတာတွေရှိရင်တော့ဆရာဝန်ကိုချက်ချင်းသွားပြဖို့တော့လိုပါလိမ့်မယ်။

မိန်းမကိုယ်က သွေးမဟုတ်တဲ့ တခြားအရည်တွေဆင်းခြင်းကလည်း သားအိမ်ကင်ဆာရဲ့အချက်ပြမှုတစ်ခုဖြစ်နိုင်ပါတယ်။ ဆင်းတဲ့အရည်တွေထဲမှာ သွေးကိုမတွေ့ရရင်တောင် ဒါကသားအိမ်ကင်ဆာမဖြစ်နေဘူးလို့ မဆိုနိုင်ပါဘူး။ သားအိမ်ကင်ဆာဖြစ်ပွားမှုတွေရဲ့ ဆယ်ရာခိုင်နှုန်းလောက်က အရည်ဆင်းတဲ့အခါ သွေးမပါတတ်ပါဘူး။ ဒါ့ကြောင့် ဒီလိုမူမမှန်တဲ့အရည်ဆင်းတာတွေ ဖြစ်လာရင် ဆရာဝန်ကိုပြသင့်ပါတယ်။

တင်ပါးဆုံနာကျင်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း

သားအိမ်ကင်ဆာရဲ့ တခြားလက္ခဏာတွေကတော့ တင်ပါးဆုံနာကျင်ခြင်း၊ အကျိတ်ဖြစ်ခြင်းနဲ့ ကိုယ်မကြိုးစားဘဲ အလေးချိန်ကျခြင်းတို့ဖြစ်ပါတယ်။ ဒါတွေကကင်ဆာရဲ့ နောက်ပိုင်းအဆင့်တွေမှာ အဖြစ်များပါတယ်။ ရောဂါရှာဖွေတာ နောက်ကျခဲ့ရင် ရောဂါကို ပိုပြီးကြီးသွားစေပါလိမ့်မယ်။ ဒါက ရောဂါကုသခြင်း အောင်မြင်ဖို့အခက်အခဲဖြစ်စေပါတယ်။

ဒါတွေက ကင်ဆာမဟုတ်ဘဲ တခြားအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပေမယ့် ဆရာဝန်ကို သွားပြထားတာ အကောင်းဆုံးပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Kyaw Thura Htun မှ ရေးသားသည်။ · 03/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement