backup og meta

အချိန်အကန့်အသတ်နဲ့ အစာစားတာက ကင်ဆာဖြစ်နိုင်ခြေကို ကာကွယ်ပေးနိုင်

အချိန်အကန့်အသတ်နဲ့ အစာစားတာက ကင်ဆာဖြစ်နိုင်ခြေကို ကာကွယ်ပေးနိုင်
အစားအစာက လူနဲ့တည့်ပါတယ်။ ဒါကြောင့်ဆိုပြီး အစားအစာကို အချိန်တိုင်းစားနေဖို့ကမဖြစ်ပြန်ပါဘူး။ အစားအစာဆိုတာက အချိန်အခါနဲ့ကိုက်ညီအောင်စားတတ်မှလည်း အာဟာရလည်းဖြစ်ပြီး ခန္ဓါကိုယ်ကို ထိခိုက်မှုမဖြစ်စေမှာပါ။ အစားတသွတ်သွတ်စားနေခြင်းက ကျန်းမာရေးကိုရော အလှအပကိုပါ ထိခိုက်စနိုင်တာပါနော်။ အမြဲလိုလိုအစားတွေစားနေမယ်ဆိုရင် အရင်ဆုံးဖြစ်လာမှာက ကိုယ်အလေးချိန်တက်လာမယ်။ ဒီကနေတဆင့် ထပ်စားမယ်ဆိုရင် အဝလွန်လာမယ်။ အဝလွန်တာကနောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်နော်။
အဝလွန်တာက ကင်ဆြာဖစ်နိုင်ခြေကိုတိုးစေနိုင်တာကြောင့် ကယ်လ်လိုရီစားသုံးမှုကိုလျှော့ချပြီး ကင်ဆာကာကွယ်ကြဖို့ ဆရာဝန်တွေက အကြံပြုထားတာမျိုးတွေရှိပါတယ်။ မကြာသေးခင်ကလေ့လာမှုတွေအတွင်း သိရှိခဲ့ရတာတစ်ခုက အချိန်အကန့်အသတ်အတိအကျနဲ့ အစား စားသောက်တာနဲ့ ကယ်လ်လိုရီတတ်နိုင်သမျှလျှော့စားတာက ကင်ဆာဖြစ်နိုင်ခြေကိုလျော့ကျစေတယ်ဆိုတဲ့ အချက်ပါ။ အစားအစာတွေကို အချိန်အတိအကျနဲ့မစားဘဲ တစ်ချိန်လုံးစားနေမယ်၊ အဆီနဲ့ကယ်လ်လိုရီများတဲ့အစားအစာတွေကို စားသုံးနေမယ်ဆိုရင် အဝလွန်လာပြီးနောက်ဆက်တွဲအနေနဲ့ ကင်ဆာရောဂါကိုခံစားလာရနိုင်ပါတယ်။ အဝလွန်တာက ကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်တယ်၊လို့ မကြာသေးခင်ကလုပ်ခဲ့တဲ့လေ့လာမှုတွေအရသိရပါတယ်။ အမျိုးသမီးတွေမှာဆိုရင် အဝလွန်တာက ရင်သားကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။

အစားအစာကို အချိန်အကန့်အသတ်နဲ့စားမယ်

လူတစ်ယောက်အနေနဲ့ အမြဲကျန်းမာနေစေဖို့ဆိုရင် တစ်နေ့တာမှာ အစားအသောက်ကို အချိန်အတိုင်းအတာတစ်ခုသတ်မှတ်လို့ သတ်မှတ်ထားတဲ့ ကာလအတွင်းမှာပဲ စားပေးသင့်ပါတယ်။ ဥပမာ မနက် ၆ နာရီကနေ ညနေ၆ နာရီအတွင်းပဲ အစားစားတာမျိုးပေါ့။ ဒီလိုစားသုံးမှုက ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်အပေါ်မှာကောင်းကျိုးပိုသက်ရောက်စေနိုင်သလို ကယ်လ်လိုရီလျှော့စား ထက်ပိုပြီးထိရောက်မှုရှိပါတယ်၊ လို့ သုတေသီတွေကဆိုပါတယ်။

“အစားစားတဲ့အခါ အချိန်အကန့်အသတ်အတိအကျနဲ့ စားသုံးမှုက ကယ်လ်လိုရီပမာဏကို ထိန်းချုပ်စားသုံးမှုထက် အဝလွန်တာကြောင့်ဖြစ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကို ထိန်းချုပ်နိုင်ပါတယ်၊” လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။

အခုနောက်ပိုင်းအမျိုးသမီး အများစုမှာ ရင်သားကင်ဆာခံစားရသူအရေအတွက်က တိုးလာနေပါတယ်။ မျိုးရိုးလိုက်တာကြောင့်ဖြစ်နိုင်သလိုနေ့စဉ်ထိတွေ့နေတဲ့ ပတ်ဝန်းကျင်အခြေအနေနဲ့ စားသောက်မှုပုံစံတို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။လေ့လာမှုဗတွအရတော့ အချိန်ပြည့်အစားစားသုံးနေသူတေါက အဝလွန်နိုင်ခြေပိုများနေပြီး ကင်ဆာဖြစ်နိုင်ခြေကလည်း ပုံမှန်ထက်မြင့်တက်နေပါတယ်။ တစ်နေ့တာမှာ အစားစားချိန် ၈ နာရီပဲထားမယ်ဆိုရင် အဝလွန်တာကိုရော ကင်ဆာဖြစ်တာကိုပါ ထိရောက်စွာကာကွယ်နိုင်မှာဖြစ်ပါတယ်၊လို့လေ့လာမှုတွေအရသိရပါတယ်။ အစားကိုတစ်ချိန်လုံးစားမနေတာကြောင့် ခန္ဓါကိုယ်ကပေါ့ပါးတက်ကြွနေပြီး ကျန်းမာနေစေမှာဖြစ်ပါတယ်။
ဒီစမ်းသပ်မှုကို ဓါတ်ခွဲခန်းထဲမှာ ကြွက်ကလေးတွေနဲ့ လေ့လာခဲ့တာဖြစ်ပါတယ်။လေ့လာမှုအတွင်း ကြွက်ကလေးတွေကို အုပ်စု နှစ်ခုခွဲပြီးလေ့လာခဲ့ပါတယ်။ ကြွက်ကလေးတစ်အုပ်စုကို ၂၄ နာရီလုံးပေးစားစေပြီးနောက်တစ်အုပ်စုကိုတော့ တစ်နေ့မှာ ၈ နာရီပဲစားခွင့်ပေးထားပါတယ်။ စမ်းသပ်မှုစတင်ပြီးနောက် ၃ ပတ်အကြာမှာတော့ ကြွက်ကလေးတွေကိုရင်သားကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေထိုးသွင်းပေးခဲ့ပါတယ်။ သုတေသီတွေက ကြွက်ကလေးတွေမှာ ကင်ဆာကျိတ်တွေဆက်ကြီးထွားလာလားဆိုတာကိုလေ့လာခဲ့ပါတယ်။
လေ့လာမှုအရ တစ်ချိန်လုံးစားနေတဲ့ကြွက်ကလေးတွေမှာ ကင်ဆာကျိတ်တွေကကြီးထွားလာပြီး အချိန်အကန့်အသတ်နဲ့ပဲစားသုံးတဲ့ကြွက်ကလေးတွေမှာတော့ ကင်ဆာကျိတ်တွေက ကြီးမလာတာကိုတွေ့ရပါတယ်။ ဒါကြောင့် အဆီကိုလျှော့စားမယ်။ ကယ်လ်လိုရီကို အကန့်အသတ်နဲ့စားမယ်။ အစားအစာကိုတစ်ချိန်လုံးမစာဘဲနဲ့ အချိန်အကန့်အသတ်အတိအကျနဲ့စားသုံးမယ်ဆိုရင် အဝလွန်တာနဲ့ အဝလွန်တာကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်ပြီးဖြစ်မှာဖြစ်သလို အဝလွန်တာရဲ့နောက်ဆက်တွဲပြဿနာဖြစ်တဲ့ ကင်ဆာမဖြစ်အောင်ပါကာကွယ်ပေးနိုင်မှာပါ။ ဒီတော့ ကုန်ကျစရိတ်လည်းမများဘဲ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ အစားအစာကို အချိန်အတိအကျနဲ့စားပြီး ကင်ဆာရောဂါအန္တရာယ်ကနေ ကာကွယ်လိုက်ပါ။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Time-restricted eating may prevent tumor growthhttps://www.medicalnewstoday.com/articles/324803.php Accessed Date 29 March 2019

When You Eat, Not Just What, May Impact Healthhttps://www.webmd.com/diet/news/20150507/time-restricted-eating#1 Accessed Date 29 March 2019

ယခုပုံစံ

02/08/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝလာရတာက စားလိုက်တဲ့အစားအစာကြောင့် မဟုတ်ဘဲ စားတဲ့အချိန်ကြောင့် ဆိုတာသိရဲ့လား

အိမ်မှာ ဖုန်ထူနေရင် လူကို အဆီပိုတက်စေနိုင်



Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement