backup og meta

ဘယ်ဘက်လက်တခြမ်း ထုံနေတာ နှလုံးကြောင့်ပဲလား

ဘယ်ဘက်လက်ကထုံလာတယ်ဆိုရင် ငါများလေဖြတ်တော့မှာလား၊ နှလုံးရောဂါများဖြစ်နေပြီလားလို့ စိုးရိမ်ကြပါတယ်။ တကယ်တော့ ဒီလိုဖြစ်စေတဲ့အကြောင်းရင်းတွေက အများကြီးရှိနိုင်ပါတယ်နော်။ အိပ်စက်တဲ့ပုံစံကြောင့်(ဥပမာ -တခြမ်းတည်းစောင်းပြီး ဖိအိပ်မိလို့)လည်းဖြစ်နိုင်သလို နှလုံးရုတ်တရုတ်ရပ်ဆိုင်းမှုအန္တရာယ်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ တခြားအကြောင်းရင်းတွေဘာတွေရှိနိုင်မလဲ ဆက်ပြီးကြည့်ရအောင်။

ဘယ်ဘက်လက်တခြမ်းမှာ ထုံကျဉ်တဲ့ခံစားချက်က ခဏလောက်ဖြစ်တာဆို ပုံမှန်အားဖြင့်တော့ ဘာပြဿနာမှမရှိတတ်ပါဘူး။ သူ့အလိုလိုသက်သာသွားနိုင်တဲ့ဝေဒနာပါ။ ဒါပေမယ့် သူကမပျောက်ဘဲ ကြာရှည်နေတယ် ဒါမှမဟုတ် ရောဂါအကြောင်းရင်းတစ်ခုခုရှိနေမယ်လို့ သံသယရှိနေရင်တော့ ဆရာဝန်ပြသင့်ပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းများ

သွေးလည်ပတ်မှုမကောင်းခြင်း

သွေးလွှတ်ကြောနဲ့သွေးပြန်ကြောတွေမှာပြဿနာရှိနေပြီဆိုရင် လက်မောင်းအတွင်း သွေးလည်ပတ်မှုမှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ကိုယ့်မှာသွေးတိုး၊ဆီးချို ဒါမှမဟုတ် ကျောက်ကပ်ရောဂါ ရှိနေရင်လည်း သွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်နိုင်ခြေပိုများတယ်။

ဒီအကြောင်းရင်းကြောင့်ဆိုရင်တော့ အောက်ပါလက္ခဏာတွေပါ တွဲပြီးဖြစ်လာနိုင်ပါတယ်-

  • နာကျင်ကိုက်ခဲမှု
  • ရောင်ရမ်းခြင်း
  • လက်ချောင်းထိပ်တွေ ပုံမှန်မဟုတ်ဘဲ အရောင်ပြောင်းလာခြင်း
  • လက်နဲ့လက်ချောင်းတွေ အေးစက်ခြင်း။

အရိုးကျိုးအက်ခြင်း

လက်ထုံကျဉ်ခြင်းက အရိုးကျိုးအက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းရင်းကြောင့်ဆိုရင်တော့ နာကျင်ပြီး ရောင်ရမ်းလာမှာသေချာပါတယ်။

အင်းဆက်ကိုက်ခြင်း

အင်းဆက်ကိုက်ခံရတဲ့အခါ တချို့မှာ အရေပြားပေါ်ဓါတ်မတည့်ဝေဒနာတွေဖြစ်တယ်၊ တချို့မှာ အနည်းအကျဉ်းပဲဖြစ်တယ်။ တချို့ကျတော့ အကိုက်ခံရတဲ့နေရာတဝိုက်မှာ ထုံကျဉ်တာတွေဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် ဒီလက္ခဏာတွေဖြစ်လာရင်တော့ ချက်ချင်းကုသမှုခံယူပါ –

  • အသက်ရှူရခက်ခြင်း
  • လည်ချောင်း၊ နှုတ်ခမ်း သို့မဟုတ် မျက်ခွံရောင်ခြင်း
  • မအီမသာဖြစ်ခြင်း၊ ကြွက်တက်ခြင်း၊ ပျို့အန်ခြင်း
  • နှလုံးခုန်နှုန်းမြန်ခြင်း
  • သတိလစ်ခြင်း စတဲ့လက္ခဏာတွေကို သတိထားပါ။

လည်ပင်းအရိုးဆစ်ပြားကျွံတဲ့အခါ လက်တစ်ဖက်မှာ ထုံတာ၊ ကျဉ်တာ၊ အားမသန်တာတွေဖြစ်လာတတ်ပါတယ်။ လက်မောင်း၊ လည်ပင်း ဒါမှမဟုတ် ပခုံးမှာ ဖြာထွက်သွားတဲ့ နာကျင်မှုကိုလည်းခံစားရနိုင်ပါတယ်။

ဒါကို သက်သာစေဖို့က အနားယူတာ၊ ရေနွေးအိတ်ကပ်တာ၊ အကိုက်အခဲပျောက်ဆေး စတာတွေနဲ့ ကုသလို့ရပါတယ်။ လက္ခဏာတွေ မသက်သာရင်တော့ ဆရာဝန်ပြရပါတယ်။ သင့်တော်တဲ့သောက်ဆေး၊ လိမ်းဆေး၊ လေ့ကျင့်ခန်းတွေနဲ့ မရတဲ့အခါ ခွဲစိတ်ဖို့လည်း လိုရင်လိုလာနိုင်ပါတယ်။

လက်မောင်းအာရုံကြောထိခိုက်မှု

လက်မောင်းအာရုံကြောတွေက လည်ပင်းမှာရှိတဲ့ ကျောရိုးမကြီးကနေ လက်ဆီကို ဖြာဆင်းနေတာပါ။ ဒီအာရုံကြောတွေကို ထိခိုက်တဲ့အခါ ဦးနှောက်ကနေ လက်ဆီကိုပေးပို့မှုတွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အာရုံခံစားနိုင်စွမ်းကို လျော့နည်းစေပါတယ်။ ဒီပြဿနာက ပခုံး၊ တံတောင်ဆစ်၊ လက်ကောက်ဝတ်နဲ့ လက်ဖျားတွေကိုလည်း ဝေဒနာဖြစ်စေနိုင်ပါတယ်။

အသေးစားလောက်က သူ့အလိုလိုသက်သာသွားတတ်ပေမယ့် ပြင်းထန်ရင်တော့ လေ့ကျင့်ခန်းကုထုံးနဲ့ သီတင်းပတ်အတော်ကြာ၊ လအတော်ကြာ ကုသဖို့လိုအပ်နိုင်ပါတယ်။ တစ်ခါတလေတော့ ခွဲစိတ်ဖို့လိုအပ်နိုင်ပါတယ်။

တခြားအာရုံကြောထိခိုက်မှုများ

အစွန်အဖျားအာရုံကြောအသုံးပြုတာများလွန်းတဲ့အခါ လက်မောင်း သို့မဟုတ် လက်ဖျံမှာ ထုံကျဉ်တာ၊ နာကျင်တာတွေဖြစ်လာစေနိုင်ပါတယ်။ ဥပမာ –

  • carpal tunnel syndrome (လက်ဖျံအတွင်း အရွတ်နဲ့အရိုးကြားက ကြားခံအာရုံကြောထိခိုက်ခြင်း)
  • cubital tunnel syndrome ( တံတောင်ဆစ်အနီးက ulnar အာရုံကြောထိခိုက်ခြင်း)
  • radial tunnel syndrome (လက်မောင်းကနေ လက်ဖမိုးဆီကိုလာတဲ့ radial အာရုံကြော ထိခိုက်ခြင်း) တို့ကြောင့်ဖြစ်နိုင်တယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.mayoclinic.org/symptoms/numbness-in-hands/basics/causes/sym-20050842

Accessed Oct 4, 2019.

https://www.healthline.com/health/left-arm-numb#treatments

Accessed Oct 4, 2019.

https://www.webmd.com/a-to-z-guides/arm-hand-numb#3

Accessed Oct 4, 2019.

ယခုပုံစံ

22/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဗီတာမင် B12ချို့တဲ့ခြင်းကြောင့် အာရုံကြောအားနည်း နေတဲ့ လက္ခဏာ (၇) မျိုး

Carpal Tunnel syndrome ( လက်ဖဝါးထုံကျင် အားမရှိခြင်း)


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။