backup og meta

Brain Hemorrhage (ဦးနှောက်တွင်းသွေးယိုခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Brain Hemorrhage (ဦးနှောက်တွင်းသွေးယိုခြင်း) ကဘာလဲ။

ဦးနှောက်တွင်းသွေးယိုခြင်းဟာ ဦးနှောက်တစ်သျှူးများထဲသို့ သွေးကြောပေါက်ကာ သွေးများရုတ်တရတ်စီးဝင်ခြင်းဖြစ်ပြီး ဦးနှောက်ကိုထိခိုက်စေပါတယ်။ ထိခိုက်မှုကြောင့် ထွက်လာတဲ့သွေးတွေက ဦးနှောက်တစ်သျှူးတွေကို သွားရောက်ထိခိုက်စေပြီးရောင်ရမ်းခြင်းများဖြစ်စေနိုင်ပါတယ်။ ဒါကိုဦးနှောက်ဖောရောင်ခြင်းလို့ခေါ်လေ့ရှိတယ်။ သွေးတွေစုသွားတဲ့အခါ သွေးလုံးကြီးတစ်ခုဖြစ်လာကာ ဘေးပတ်ဝန်းကျင်မှတစ်သျူးများကိုဖိပြီး ဆဲလ်များကိုသေစေနိုင်ပါတယ်။

သွေးယိုခြင်းကဦးနှောက်ထဲမှာဖြစ်နိုင်တယ်၊ ဦးနှောက်နဲ့အမြှေးပါးကြား၊ အမြှေးပါးနှစ်လွှာကြား၊ ဒါမှမဟုတ် ဦးနှောက်အမြှေးပါးနဲ့ ဦးခေါင်းခွံကြားမှာဖြစ်နိုင်ပါတယ်။

ဦးနှောက်သွေးယိုခြင်းဟာ ချက်ခြင်းကုသမှုလိုအပ်သော အရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီး အများစုမှာ ထာဝရချို့ယွင်းမှု အနည်းနဲ့အများဖြစ်သွားနိုင်ပါတယ်။ တချို့လူတွေမှာတော့ လုံးဝပြန်ကောင်းနိုင်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ နောက်ဆက်တွဲပြဿနာတွေကတော့ လေဖြတ်ခြင်း၊ ဦးနှောက်လုပ်ငန်းဆောင်တာများချို့ယွင်းခြင်း၊ ဆေးကုသမှုများ၏ ဘေးထွက်ဆိုးကျိုးကိုခံစားရခြင်းတို့ဖြစ်နိုင်ပါတယ်။ သေနိုင်ပြီး ချက်ခြင်းကုသမှုပေးနေရင်းနဲ့တောင်မှ တိမ်းပါးသွားတာမျိုးရှိနိုင်ပါတယ်။

Brain Hemorrhage (ဦးနှောက်တွင်းသွေးယိုခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အလွန်ကိုအဖြစ်များပြီး အရွယ်မရွေးဖြစ်နိုင်တယ်။ အမျိုးသားတွေမှာပိုဖြစ်လေ့ရှိပြီး သွေးယိုစေတဲ့အခြေအနေတွေကိုရှောင်ခြင်းဖြင့် ဖြစ်ရပ်ကိုထိန်းသိမ်းနိုင်ပါတယ်။ အသေးစိတ်အချက်အတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။

လက္ခဏာများ

Brain Hemorrhage (ဦးနှောက်တွင်းသွေးယိုခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်များတဲ့လက္ခဏာတွေကတော့ –

  • ရုတ်တရတ်ပြင်းထန်စွာခေါင်းကိုက်ခြင်း
  • လက်၊ ခြေထောက်တို့တွင်အားလျော့သွားခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
  • နိုးကြားမှုမရှိခြင်း၊ နုန်းခွေခြင်း
  • စကားပြောရခက်ခဲခြင်း၊ ပြောစကားများကိုနားလည်ရခက်ခဲခြင်း
  • မျိုရခက်ခြင်း
  • ရေးရ၊ ဖတ်ရခက်ခြင်း
  • မျက်လုံးတစ်ဖက် သို့ နှစ်ဖက်စလုံးတွင် အမြင်အာရုံချို့တဲ့ခြင်း
  • ဟန်ချက်မညီခြင်း၊ မူးဝေခြင်း
  • သတိမေ့ခြင်း
  • ရှုပ်ထွေးေဝဝါးခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း
  • အရသာပြောင်းခြင်း

ဖော်ပြထားသောလက္ခဏာများအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့ဖော်ပြထားတဲ့လက္ခဏာတွေခံစားရမယ်၊ သိလိုသည်များရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတဲ့အတွက် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

အကြောင်းရင်းများ

Brain Hemorrhage (ဦးနှောက်တွင်းသွေးယိုခြင်း) ကိုဘာတွေကဖြစ်စေသလဲ

  • ခေါင်းထိခိုက်မှု – အသက် ၅၀ ထက်ငယ်သူတွေမှာ ဦးနှောက်သွေးယိုခြင်းအဖြစ်များသော အကြောင်းကတော့ ဦးခေါင်းထိခိုက်မှုဖြစ်တယ်။
  • သွေးတိုးခြင်း – နာတာရှည် အချိန်ကြာသွေးတိုးခြင်းဟာ သွေးကြောနံရံတွေကိုအားနည်းစေပါတယ်။ ကုသ ထိန်းသိမ်းမှုမရှိတဲ့သွေးတိုးခြင်းဟာ ဦးနှောက်သွေးယိုစီးမှုကိုဖြစ်စေတယ်။
  • သွေးကြောထုံး – သွေးကြောနံရံများအားနည်းကာ ရောင်ရမ်းလာပြီး ထိုသွေးကြောပေါက်ခြင်းဖြင့် ဦးနှောက်တွင်းသွေးယိုကာ လေဖြတ်နိုင်ပါတယ်။
  • သွေးကြောများပုံမှန်မဟုတ်ခြင်း – ဦးနှောက်ထဲနှင့် ဦးနှောက်တဝိုက်တွင် သွေးကြောအားနည်းခြင်းများ မွေးရာပါရှိနေနိုင်ပြီး လက္ခဏာမပြမချင်း မသိနိုင်တာမျိုး ရှိနိုင်ပါတယ်။
  • Amyloid သွေးကြောရောဂါ – အသက်ကြီးခြင်း၊ သွေးပေါင်ချိန်များခြင်းတို့ကြောင့် သွေးကြောတွင်ဖြစ်တတ်သော မူမမှန်ခြင်းဖြစ်ပြီး သတိမထားမိသော သေးငယ်သည့်သွေးယိုခြင်းများ အရင်ဖြစ်တတ်ပါတယ်။
  • သွေးဆိုင်ရာရောဂါများ – သွေးမတိတ်ရောဂါ၊ တံစဉ်းသဏ္ဍန်သွေးနီဥရောဂါတွေဟာ သွေးတွင်းသွေးခဲစေသော ပစ္စည်းများကိုလျော့နည်းစေပါတယ်။
  • အသည်းရောဂါ – သွေးယိုနိုင်ချေများစေပါတယ်။
  • ဦးနှောက်အကျိတ်ရောဂါ။

ဖြစ်နိုင်ခြေများ

Brain Hemorrhage (ဦးနှောက်တွင်းသွေးယိုခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

  • နှလုံးရောဂါ၊ သွေးတိုးရောဂါ
  • ယောက်ျား၊ မိန်းမ- ယောက်ျားများတွင်ပိုအဖြစ်များပါတယ်။
  • အသက်အရွယ်- ငယ်ရွယ်သူနဲ့ သက်လတ်ပိုင်းတွေမှာ ပိုဖြစ်လေ့ရှိပြီး အာဖရိကန်၊ အမေရိကန်နဲ့ ဂျပန်လူမျိုးတွေမှာပိုအဖြစ်များပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Brain Hemorrhage (ဦးနှောက်တွင်းသွေးယိုခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်လက္ခဏာတွေပေါ်မူတည်ပြီး ဦးနှောက်၏မည့်သည့်အပိုင်း ထိခိုက်သလဲစစ်ဆေးပါလိမ့်မယ်။ အတွင်းအင်္ဂါသွေးယိုစီးမှု၊ သွေးစုမှုတွေကိုဖောပြနိုင်တဲ့စီတီစကင်၊ အမ်အာအိုင် စတဲ့ ပုံရိပ်ရိုက်ယူစစ်ဆေးမှုများ များစွာလုပ်ကောင်းလုပ်နိုင်ပါတယ်။ အမြင်အာရုံကြောရောင်ရမ်းမှုကိုသိရှိနိုင်မယ့် အာရုံကြောဆိုင်ရာ စစ်ဆေးမှုများ၊ အမြင်အာရုံစစ်ဆေးမှုများလည်းလုပ်နိုင်ပြီး ရိုးတွင်းခြင်ဆီစစ်ဆေးမှုများလည်းလုပ်နိုင်ပါတယ်။

Brain Hemorrhage (ဦးနှောက်တွင်းသွေးယိုခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုမှာ သွေးယိုသောနေရာ၊ အကြောင်းအရင်း၊ ပမာဏပေါ် မူတည်နိုင်တယ်။ ရောင်ရမ်းခြင်းကိုသက်သာပြီး သွေးယိုခြင်းကို ကာကွယ်နိုင်ဖို့အတွက် ခွဲစိတ်ရန်လိုကောင်းလိုနိုင်ပြီး သွေးခဲရှိနေသောနေရာပေါ်မူတည်ကာ ဦးခေါင်းခွံဖောက် ဖယ်ထုတ်ရခြင်းမျိုးရှိနိုင်ပါတယ်။ အနာပျောက်ဆေး၊ စတီးရွိုက်၊ ဆီးဆေး၊ အတက်ကျဆေး စသည့်ဆေးများလည်းပါဝင်နိုင်တယ်။

ဦးနှောက်ထိခိုက်ခြင်းကြောင့်ရသော လက္ခဏာတွေသက်သာစေဖို့အတွက် အချိန်ကြာကုသဖို့လိုပြီး လက္ခဏာတွေပေါ်မူတည်ကာ ရုပ်ပိုင်းဆိုင်ရာ၊ စကားပြောဆိုမှု၊ စသည်ဖြင့်ကုသမှုအမျိုးမျိုးလိုနိုင်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ အိမ်တွင်းကုထုံးများ

  • သွေးတိုးခြင်းကိုကုသပါ – ၈၀ ရာခိုင်နှုန်းလောက်သော ဦးနှောက်သွေးယိုခြင်းတွေမှာ သွေးတိုးခြင်းရာဇဝင်ရှိတတ်ပါတယ်။ ဒါကြောင့် သင်လုပ်နိုင်တဲ့ အရေးကြီးဆုံးအချက်ကတော့ စားသောက်ပုံစံ၊ လေ့ကျင့်ခန်းတွေနဲ့ ဆေးမှန်မှန်သောက်ပြီး သွေးတိုးခြင်းကိုထိန်းသိမ်းဖို့ပါပဲ။
  • ဆေးလိပ်မသောက်ပါနဲ့
  • ကိုကိန်းကဲ့သို့အရာများရှောင်ပါ။
  • ကားမောင်းစဉ် သတိနဲ့မောင်းပါ၊ ခါးပတ်ပတ်ပါ။
  • ဆိုင်ကယ်စီးပါက ဦးထုပ်အမြဲဆောင်းပါ။
  • သွေးကျဲဆေးများသောက်နေရပါက သွေးပမာဏပုံမှန်ဖြစ်မဖြစ်အမြဲစစ်ဆေးနေပါ။
  • ဆီးချိုသွေးချိုရောဂါရှိပါကထိန်းသိမ်းပါ။
  • ကျန်းမာရေးညီညွတ်သောပုံစံအတိုင်း နေနိုင်အောင်ြိကုးစားပါ။

သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Brain Hemorrhage: Causes, Symptoms, Treatments. http://www.webmd.com/brain/brain-hemorrhage-bleeding-causes-symptoms-treatments#2 Accessed October 02, 2016
Intracerebral Hemorrhage. http://www.healthline.com/health/lobar-intracerebral-hemorrhage#Treatment6 Accessed October 02, 2016
IHC. http://www.mayfieldclinic.com/PE-ICH.HTM Accessed October 02, 2016

ယခုပုံစံ

12/05/2020

Dr.Aye Myat Myat Noe မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်



Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement