backup og meta

အာရုံကြောကျန်းမာစေဖို့ ဘာတွေစားမလဲ

အာရုံကြောကျန်းမာစေဖို့ ဘာတွေစားမလဲ

အာရုံကြောက ကျန်းမာရေးအတွက် သိပ်အရေးမကြီးပါဘူး၊လို့ ထင်စရာရှိပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ခေါင်းကိုက်ေနရင် အလုပ်လုပ်ဖို့ မပြောနဲ့ အစားတောင်ကောင်းကောင်းမစားနိုင်တာမျိုးဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာ မခံမရပ်နိုင်အောင်ခေါင်းထဲကထိုးကိုက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုခေါင်းထဲက ထိုးကိုက်တာက တစ်ခါတလေမှာ အာရုံကြောအားနည်းနေတာကြောင့်ဖြစ်နိုင်ပါတယ်နော်။ ဒီပြဿနာတွေက ကင်းဝေးစေဖို့ အစားအသောက်ကနေတဆင့် ကာကွယ်လို့ရပါတယ်။

ကျန်းမာတဲ့ အာရုံကြောစနစ်အတွက် လိုအပ်တဲ့ဓါတ်တွေ

အာရုံကြောစနစ် ကျန်းမာဖို့အတွက် ဒီဓါတ်တွေလိုအပ်ပါတယ်။

ဗီတာမင် B1 (သီရာမင်း)

ခြေထိပ်လက်ထိပ်လေးတွေမှာ အာရုံခံစားမိစေဖို့ လုပ်ဆောင်ပေးပါတယ်။

ဗီတာမင် B6

အာရုံခံစားမှုတွေကို သိရှိခံစားနိုင်စေဖို့ အရေးပါတဲ့ ဓါတ်တစ်ခုပါ။

ဗီတာမင် B12

ခြေလက်တွေ ထုံကျဉ်တာမျိုး မဖြစ်အောင်ကာကွယ်ပေးပါတယ်။

ကော့ပါး

သိမြင်မှုစွမ်းရည်ကိုကောင်းမွန်စေပြီး အာရုံကြောကို ကျန်းမာစေနိုင်ပါတယ်။

အာရုံကြောကျန်းမာစေဖို့ ဘာတွေစားမလဲ

ဟင်းနုနွယ်

အာဟာရနဲ့ဗီတာမင်တွေကြွယ်ဝစေတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓါကိုယ် ကျန်းမာစေနိုင်သလို ဦးနှောက်နဲ့အာရုံကြောကိုလည်း ကျန်းမာစေနိုင်ပါတယ်။

ဆန်လုံးညို

ဗီတာမင် B6 ကြွယ်ဝစွာပါဝင်တာကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာစေနိုင်ပါတယ်။ အန္တရာယ်ရှိတဲ့homocysteines ပမာဏမြင့်တက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

ကိုကိုး

ဓါတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝတာကြောင့်oxidative stressတွေကြောင့်ဖြစ်လာမယ့် အာရုံကြောထိခိုက်မှုပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ငါး

အထူးသဖြင့်ကတော့ ပင်လယ်ငါးပါ။ Omega- 3 fatty acid ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်တွေကို ကျန်းမာစေနိုင်ပါတယ်။

ငှက်ပျောသီး

ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီးလေးက ဦးနှောက်နဲ့အာရုံကြောစနစ်ကိုရေဓါတ်ပြည့်အောင်ဖြည့်ပေးပြီး အာရုံကြောစနစ် ကျန်းမာအောင်လုပ်ဆောင်ပေးပါတယ်။

ကြက်သွန်ဖြူ

ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

ဦးနှောက်နဲ့အာရုံကြောစနစ် ကျန်းမာစေဖို့အတွက် အခုပြောခဲ့တဲ့ အစားအသောက်လေးတွေကိုနေ့စဉ်တစ်ခု နှစ်ခုလောက်ပါဝင်အောင်စားသုံးပေးပြီး အာရုံကြောကျန်းမာအောင်စောင့်ရှောက်လိုက်ပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Diet and your nervous systemhttps://www.health24.com/Lifestyle/Healthy-Nerves/Diet-and-your-nervous-system-20120721 Accessed Date 2 May 2019

6 Beneficial Foods for Your Nervous Systemhttps://www.thehealthlodgepractice.com/6-beneficial-foods-for-your-nervous-system/ Accesseed Date 2 May 2019

ယခုပုံစံ

22/08/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရံအာရုံကြောပိတ်ဆို့မှုရဲ့ နောက်ဆက်တွဲ ရောဂါလက္ခဏာများ

အာရုံကြောကြောင့် ကြွက်သားအားနည်းခြင်းရောဂါ



Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement