backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Transient global amnesia (အဖြစ်များသော အတိတ်မေ့ခြင်းရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Transient global amnesia (အဖြစ်များသော အတိတ်မေ့ခြင်းရောဂါ) ကဘာလဲ။

ရုတ်တရက်ဖြစ်သော ခဏတာ အတိတ်မေ့ရောဂါကိုဆိုလိုပြီး အဖြစ်များသော အာရုံကြောဆိုင်ရာရောဂါများဖြစ်သည့် အတက်ရောဂါ (သို့)လေဖြတ်လေငန်းရောဂါများကြောင့်ဖြစ်တတ်သည်။ ထိုကဲ့သို့အတိတ်မေ့နေစဉ်တွင် သိပ်မကြာခင်မှအဖြစ်အပျက်များသည် ရိုးရိုးရှင်းရှင်းပင် ပြန်စဉ်းစားမရပဲပျောက်ကွယ်ကုန်ကာသင်သည်မည်သည့်နေရာတွင် ရောက်နေသည်(သို့)မည်သို့ရောက်လာသည်ကို ပင်မမှတ်မိနိုင်တော့ပေ။ ပိုပြောရလျှင်ယခုဖြစ်ပျက်နေသောအရာများနှင့် ပတ်သတ်ကာသင်သည် ဘာကိုမျှမှတ်မိနိုင်စွမ်းရှိမည်မဟုတ်ပေ။ ထို့ပြင် သင့်အားဖြေထားပြီးသောအဖြေများကိုမမှတ်မိခြင်းကြောင့်

မေးပြီးသားမေးခွန်းများကိုလည်း သင်သည်ထပ်ကာထပ်ကာ မေးနေတတ်သည်။ လွန်ခဲ့သည့် တရက်၊တလ (သို့)တစ်နှစ် ကဖြစ်ပွားခဲ့သောသင့်အားမေးမြန်းပါကလည်း စိတ်ထဲတွင်မမှတ်မိပဲဟာတာတာဖြစ်နေတတ်သည်။ ထိုအတိတ်မေ့ရောဂါတွင် သင်သည် ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို မှတ်မိကာ သိကျွမ်းသူများကိုလည်း မှတ်မိသော်လည်း သင်၏မှတ်ဉာဏ်အချို့ပျောက်ဆုံးသွားမှုအား မလျော့ပါးသွားစေပါ။ ထိုကဲ့သို့ အတိတ်မေ့ခြင်းသည် ခဏသာဖြစ်ပြီး ပြန်ကောင်းသွားသောအခါ မှတ်ဉာဏ်သည်အကောင်းပကတိသာဖြစ်သည်။

Transient global amnesia (အဖြစ်များသော အတိတ်မေ့ခြင်းရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

အတိတ်မေ့ခြင်းရောဂါသည် အဖြစ်နည်းပါးကာ အန္တာရယ်ပေးနိုင်စွမ်းလည်းနည်းပါးပြီး ပြန်ဖြစ်ရန်လည်းခဲယဉ်းတတ်သည်။ ထပ်မံသိရှိလိုပါက သင်၏ဆရာဝန်နှင့် ဆက်လက်ဆွေးနွေးပါ။

လက္ခဏာများ

Transient global amnesia (အဖြစ်များသော အတိတ်မေ့ခြင်းရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

မျက်မြင်သက်သေရှေ့တွင်ပင် ရုတ်တရက်မှတ်ဉာဏ်ဆုံးရှံူးခြင်း၊

အတိတ်မေ့သွားသော်လည်း မိမိဘယ်သူဘယ်ဝါဖြစ်သည်ကို မှတ်မိခြင်း၊ပုံမှန်သိစိတ်ရှိခြင်း ဥပမာ အကျွမ်းတဝင်ရှိသော ပစ္စည်းများကို မှတ်မိခြင်းနှင့် လမ်းများအားမှတ်မိခြင်း

ဦးနှောက်တစိတ်တပိုင်းအားထိခိုက်သွားသည့် လက္ခဏာ ဥပမာ အကြောသေခြင်း၊အကြောလိုက်ခြင်း(သို့)စကားလုံးများကိုနားမလည်ခြင်းစသည်တို့မရှိခြင်း၊အပိုဆောင်း သိရှိနိုင်သည့် အတိတ်မေ့ရောဂါ လက္ခဏာနှင့် ရောဂါရာဇဝင်တို့မှာ

24နာရီထက်မပိုသော အချိန်ကာလလောက်သာ အတိတ်မေ့ခြင်း၊

တဖြည်းဖြည်းပြန်မှတ်မိလာခြင်း၊အတိတ်မေ့နေစဉ်တွင် မတက်ခြင်း၊အတက်ရောဂါအခံမရှိခြင်း၊

ထိုလက္ခဏာများအပြင် အဖြစ်များသော အတိတ်မေ့ရောဂါမှာ တူညီသောမေးခွန်းအားထပ်ကာထပ်ကာ

မေးနေခြင်းဖြစ်သည် ဥပမာ ငါဒီမှာဘာလုပ်နေတာလဲ၊ငါတို့ဒီကို

ဘယ်လိုရောက်လာတာလဲစသည်ဖြင့်ဖြစ်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဘာဖြစ်သွားလဲကိုမမှတ်မိနိုင်သည်အထိလက်ရှိအခြေအနေကို ကောင်းနေရာမှ အတိတ်မေ့သွားသည့် မည်သူမဆို ကျန်းမာရေးစောင့်ရှောက်မှုရယူသင့်ပါသည်။ အကယ်၍လူတစ်ဦး

သည် ဆေးရုံကားမည်သို့ခေါ်ရမည်ပင် မသိသည့်အခြေအနေဖြစ်လောက်အောင် အတိတ်မေ့နေပါက သင်မှ ဆေးရုံကားအား ခေါ်ပေးလိုက်ပါ။

အတိတ်မေ့ရောဂါသည် အန္တာရယ်မရှိသော်လည်း အခြားသောအတိတ်မေ့ပြီး အသက်စိုးရိမ်ရသည့် ရောဂါများနှင့် ခွဲခြားရန်မလွယ်ကူလှပေ။ အမှန်ဆိုရလျှင်အတိတ်မေ့ခြင်းသည် လေဖြတ်ခြင်း(သို့)အတက်ရောဂါတို့ကြောင့် ပိုအဖြစ်များသည်။ ဆေးပညာဖြင့်စစ်ဆေးခြင်းသည်သာ ရုတ်တရက် မှတ်ဉာဏ်ပျောက်ဆုံးခြင်း၏ အကြောင်းအရင်းကို

သိရှိနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

အကြောင်းရင်းများ

Transient global amnesia (အဖြစ်များသော အတိတ်မေ့ခြင်းရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

အတိတ်မေ့ရောဂါ၏ ဖြစ်ပွားရသည့်အကြောင်းအရင်းကို မသိနိုင်ချေ။ ခေါင်းကိုက်ခြင်းနှင့် အတိတ်မေ့ခြင်းတို့၏ဖြစ်ရသည့်အကြောင်းအရင်းများကို မည်သူမျှသေချာမသိကြသော်လည်း ထိုရောဂါနှစ်ခုကြားတွင် ပတ်သတ်မှုရှိကြောင်းသိရှိရသည်။ အတိတ်မေ့စေနိုင်သည်ဟု

အပြောများသည့် အချို့သောဖြစ်ရပ်များမှာ

ရေအေး(သို့)ရေနွေးထဲရုတ်တရက်စိမ်လိုက်ခြင်း

ပြင်းထန်စွာကိုယ်လက်လှုပ်ရှားမှုပြုခြင်း

လိင်ဆက်ဆံခြင်း

ဆေးပညာပိုင်းဆိုင်ရာ လုပ်ဆောင်မှုများ ဥပမာ သွေးကြောများအားဓါတ်မှန်ရိုက်ခြင်း(သို့)ကိုယ်အတွင်း

သို့မှန်ပြောင်းထည့်ကာကြည့်ရှူ၍ရောဂါရှာခြင်း

သိပ်မပြင်းထန်သော ခေါင်းထိခိုက်မှု

ယာယီစိတ်ဖိစီးမှု ဥပမာ ပြဿနာအရှုပ်အထွေးများ(သို့)သတင်းဆိုး (သို့) အလုပ် အလုပ်ဒဏ်ပိခြင်း စသည်တို့ဖြစ်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Transient global amnesia (အဖြစ်များသော အတိတ်မေ့ခြင်းရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အတိတ်မေ့ခြင်းရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် အသက်50နှင့် 50ကျော်များသည် ငယ်ရွယ်သူများထက်စာလျှင်ပို၍အတိတ်မေ့နိုင်ချေများသည်။

ခေါင်းကိုက်ရောဂါရှိလျှင်လည်း ခေါင်းကိုက်ရောဂါမရှိသူထက်စာလျှင်အတိတ်မေ့ခြင်းရောဂါဖြစ်နိုင်ချေကိုများပြားစေတတ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Transient global amnesia (အဖြစ်များသော အတိတ်မေ့ခြင်းရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

အဖြစ်များသော အတိတ်မေ့ခြင်းရောဂါ ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

အတိတ်မေ့ခြင်းရောဂါကို အတည်ပြုပုံမှာ တူညီသောအတိတ်မေ့ခြင်းကို ဖြစ်စေနိုင်သည့် အခြားပိုဆိုပြင်းထန်ဆိုးဝါးသည့် ရောဂါများ ဥပမာ လေဖြတ်ခြင်း၊အတက်ရောဂါ(သို့)ခေါင်းထိခိုက်ဒဏ်ရာတို့

ကိုအတည်ပြုဖယ်ထုတ်ခြင်းပင်ဖြစ်သည်။

ထိတွေ့ကိုင်တွယ်စမ်းသပ်ခြင်း

ကြွက်သားနှင့်အာရုံကြောစမ်းသပ်မှုများဖြစ်သည့် အကြောများ

၏တုံ့ပြန်မှုများ၊ကြွက်သားတင်းအား၊နှင့် တောင့်တင်းမှုပမာဏ၊အာရုံခံနိုင်မှုစွမ်းအား၊လမ်းလျှောက်ပုံ၊ကိုယ်အနေအထား၊ကိုယ်လက်များ၏တွဲဖက်လုပ်ဆောင်နိုင်မှုနှင့် ညီမျှမှုတို့ကို စစ်ဆေးခြင်းဖြစ်သည်။ သင်၏အတွေးအခေါ်၊ဆုံးဖြတ်မှုနှင့် မှတ်ဉာဏ်တို့ကို သိရှိစစ်ဆေးရန်လည်း ဆရာဝန်မှ မေးခွန်းအချို့မေးတတ်သည်။

ဦးနှောက်ဓါတ်မှန်ရိုက်ခြင်း

နောက်ထပ်ခြေလမ်းတခုမှာ ဦးနှောက်၏လျှပ်စီးပိုင်းဆိုင်ရာလှုပ်ရှားမှုများနှင့် သွေးလည်ပတ်ပုံတို့ရှိ မူမမှန်သည်များကို သိရှိနိုင်သည့်စစ်ဆေးမှုများအား ဆောင်ရွက်ခြင်းဖြစ်သည်။ ထိုကဲ့သို့စစ်ဆေးမှုအများစုမှာ မနာကျင်စေပဲ သံလိုက်ဓါတ်မှန်တခုရိုက်လျှင်2နာရီထက်မကြာပေ။

ထိုသံလိုက်ဓါတ်မှန်စနစ်သည် သံလိုက်စက်ကွင်းနှင့်ရေဒီယိုလှိုင်းများအားအသုံးပြုကာ ဦးနှောက်၏ဒေါင်လိုက်ဖြတ်ထားသောရုပ်ပုံများကို ဖန်တီးရိုက်ထုတ်ပေးသည်။ ထိုသံလိုက်ဓါတ်မှန်စက်သည် ထောင့်ပေါင်းစုံမှ ကြည့်ရှူနိုင်သော 3 D ရုပ်ပုံများကိုထုတ်လုပ်ပေးနိုင်သည်။

လျှပ်စစ်ဦးနှောက်ဓါတ်မှန် ခေါ်အီးအီးဂျီသည် ဦးနှောက်၏လျှပ်စီးမှုမှန်သမျှကို ဦးခေါင်းခွံအရေပြားတွင်ကပ်ထားသည့် လျှပ်စစ်အလက်ထရုတ်တိုင်များမှ တဆင့်ဖမ်းယူမှတ်သားသည်။ အတက်ရောဂါရှင်များ၏ဦးနှောက်လှိုင်းများတွင် တက်နေသည့်အချိန်မဟုတ်သော်လည်း ပြောင်းလဲမှုအချို့ကိုတွေ့ရတတ်သည်။

ကွန်ပြူတာဓါတ်မှန်ခေါ်စီတီရိုက်ခြင်း

အထူးx rayကိရိယာအားသုံး၍ သင်၏ဆရာဝန်သည် ထောင့်ပေါင်းစုံမှပုံရိပ်များကိုရယူကာ ဦးနှောက်နှင့် ဦးခေါင်းခွံ၏ဒေါင်လိုက်၊အလွှာလိုက်ပုံရိပ်များဖြစ်ပေါ်ရန်ပေါင်းစပ်စေသည်။ ထိုစီတီရိုက်ရာမှ ဦးနှောက်ဖွဲ့စည်းပုံရှိ မူမမှန်သည့်အနေအထားများ ဥပမာကျဉ်းသွားခြင်း၊လွန်ကဲစွာဆွဲဆံ့ထားသကဲ့သို့ဖြစ်နေခြင်း (သို့) ပျက်စီးနေသောသွေးကြောများနှင့် လေဖြတ်နေသည်များကိုတွေ့ရှိနိုင်သည်။

Transient global amnesia (အဖြစ်များသော အတိတ်မေ့ခြင်းရောဂါ) ကို ဘယ်လိုကုသပါသလဲ

မည်သည့်ကုသမှုမှ မလိုအပ်ပါ။ သူ့ဘာသူပြန်ပျောက်သွားပြီး အတည်ပြုထားသော နောက်ဆက်တွဲ ရလဒ်များလည်းမရှိပေ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အဖြစ်များသော အတိတ်မေ့ခြင်းရောဂါကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အတိတ်မေ့ခြင်းရောဂါ၏အကြောင်းအရင်းကို မသိရခြင်းနှင့် ပြန်လည်ဖြစ်ပွားမှုနှုန်းမှာ နည်းပါးသောကြောင့် ကာကွယ်ရန်စနစ်ကျသည့် နည်းလမ်းမရှိထားပေ။

အကယ်၍သင်၏အတိတ်မေ့မှုသည် တခုသော လှုပ်ရှားမှုတခုခု ဥပမာ အပြင်းအထန်လေ့ကျင့်ခန်းလုပ်ခြင်း(သို့)အေးစက်နေသောကန်ထဲတွင် ရေကူးခြင်း စသည်တို့ပြီးမှ ဖြစ်ပေါ်လာပါက သင်၏ဆရာဝန်နှင့် သင်၏မှတ်ဉာဏ်ပျောက်ဆုံးသွားစေနိုင်သည့်လုပ်ရပ်များကို ရှောင်ကြဉ်ခြင်း (သို့) လျှော့ချခြင်းတို့ကိုတိုင်ပင်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement