သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါဟုဖော်ပြပါကဖြစ်စေသောအကြောင်းအရင်းကိုရှာရန်အောက်ပါစမ်းသက်မှုများလုပ်လိမ့်မည်။
- အစာအိမ်မှန်ပြောင်းကြည့်ခြင်း။ အူကျွံခြင်း အနာဖြစ်ခြင်းများကိုမြင်နီုင်သည်။ သေးပါးသော ပြွန်တွင် ကင်မရာတပ်တင်၍ လည်ချောင်းမှအစာအိမ်သို့ကြည့်သည်။ ထိုသို့ကြည့်ခြင်းဖြင့်သွေးထွက်သောနေရာကိုသိနိုင်သည်။
- အူမကြီးမှန်ပြောင်းကြည့်ခြင်း။ အူအောက်ပိုင်းသွေးထွက်မထွက်သိနိုင်သည်။ သေးပါးသောပြွန် ကို ကင်မရာတပ်၍ စအိုမှအူမကြီးအထိကြည့်သည်။ မေ့ဆေးပေး၍လုပ်လေ့ရှိသည်။ အူမကြီး နှင့်စအိုကိုသွေးထွက်မထွက်ကြည့်နိုင်သည်။
- နှုန်းလွန်အသံလှိုင်းဖြင့်ဖြစ်ဆေးခြင်း။ မိန်းမများတွင် တင်ပါးဆုံရိုးအား ရိုက်ပြီး ရာသီသွေးများခြင်းကိုဖြစ်စေသောအကြောင်းအားရှာနိုင်သည်။ဥပမာ သားအိမ်တွင် အသားလုံးဖြစ်နေခြင်း
သင်၏ဆရာဝန်သည် သံဓါတ်အားတိုးဆေးဖြင့်ကုသပေးပြီး အထက်ပါစမ်းသက်မှုများ သို့မဟုတ် အခြားစမ်းသက်မှုများအားလုပ်လိမ့်မည်။
Iron Deficiency Anemia (သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ) ကို ဘယ်လိုကုသပါသလဲ
သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါကိုကုရန် သံဓါတ်အားတိုးဆေးကိုဆရာဝန်မှညွှန်ကြားလိမ့်မည်။ လိုအပ်လျင် သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါကိုဖြစ်စေသော အကြောင်းအရာကိုကုလိမ့်မည်။ ဆေးဆိုင်တိုင်းတွင်ဝယ်နိုင်သောသံဓါတ်အားဆေးကိုသံဓါတ်ပြန်ဖြည့်ရန်ဆရာဝန်မှညွှန်းလိမ့်မည်။ မှန်ကန်သောပမာဏကိုဆရာဝန်မှရွေးချယ်ပေးလိမ့်မည်။ ကလေးများအတွက် အရည်ပုံစံလဲရနိုင်သည်။ သံဓါတ်စုပ်ယူအားများစေရန်အောက်ပါတို့ကိုလုပ်နိုင်သည်။
- အစားမစားမှီသောက်ပါ။ သို့သော် သံဓါတ်ဆေးများသည် အစာအိမ်အားထိစေနိုင်သောကြောင့် အစားစားခြင်းသောက်ရန်လိုအပ်နိုင်သည်။
- အက်စစ်ကိုချေဖျက်သောဆေးနှင့်သံဓါတ်အားဆေးအားတွဲမသောက်ပါနှင့်။ ရင်ပူခြင်းကိုချက်ခြင်းသက်သာစေသောဆေးသည် သံဓါတ်စုပ်ယူခြင်းကိုအနှောက်အယှက်ဖြစ်စေသည်။ သံဓါတ်ဆေးမသောက်မှီ နှစ်နာရီ သို့မဟုတ် သောက်ပြီး လေးနာရီကြာမှသောက်ပါ။
- သံဓါတ်ဆေးအား ဗီတာမင်စီနှင့်တွဲသောက်ပါ။ သံဓါတ်စုပ်ယူမှုအားကောင်းစေးသည်။ ဆရာဝန်မှ သံဓါတ်ဆေးအား လိမော်ရည် သို့မဟုတ် ဗီတာမင်စီ ဖြင့်တွဲသောက်ရန်ညွန်ကြားလိမ့်မည်။
- သံဓါတ်အားဆေးသည် ဝမ်းချုပ်ခြင်းဖြစ်နိုင်သည့်အတွက် ဝမ်းပျော့ဆေးများနှင့်တွဲသုံးနိုင်သည်။ သံဓါတ်ဆေးကြောင့်ဝမ်းမဲမဲသွားနိုင်သည်။ အန္ဓါရယ်မရှိပါ။
သံဓါတ်ချို့တဲ့ခြင်းသည် တညထဲနှင့်မပြင်နိုင်သည်။ လပေါင်းများစွာ သံဓါတ်အားဆေးသောက်ဖို့လိုမည်။ အပါတ်အနည်းငယ်ကြာချိန်တွင် နေထိုင်ကောင်းရှိလာလိမ့်မည်။ သွေးရှိသံဓါတ်အားမည်သည့်အချိန်ပြန်ဖောက်ရမည်ကိုဆရာဝန်အားမေးပါ။ သင့်သံဓါတ်ပြန်ပြည့်ပြီဆိုသော်လည်း သံဓါတ်အားဆေးအား တစ်နှစ်ထက်မကလဲသောက်ရန်လိုအပ်တတ်သည်။
သံဓါတ်အားဆေးများက သံဓါတ်ကိုပြန်မဖြည့်နိုင်ပါက တနေရာမှသွေးထွက်နေခြင်းသို့မဟုတ် သံဓါတ်မစုပ်နိုင်ခြင်းဖြစ်နိုင်သောကြောင့် ဆရာဝန်မှအကြောင်းအရင်းကိုရှာ၍ကုသမှုများလုပ်လိမ့်မည်။
ဖြစ်စေသောအကြောင်းအရင်းကိုမူတည်၍သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါကုသမှုများတွင် အောက်ပါတို့ပါဝင်နိုင်သည်။
- ဆေးပေးခြင်းဥပမာ သန္ဓေတားဆေး သည် ရာသီသွေးများခြင်းကိုသက်သာစေသည်။
- ပဋ္ဋိဇီဝပိုးသတ်ဆေးနှင့်အခြားဆေးများအား အစာအိမ်အူအနာအတွက်ပေးသည်။
- သွေးထွက်နေသောအလုံး သို့မဟုတ် အသားလုံးများရှိပါက ခွဲစိတ်မှုပြုလုပ်သည်။
သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါပြင်းထန်ပါက သံဓါတ်အား သွေးမှပေးခြင်း သွေးသွင်းခြင်းတို့ဖြင့် သံဓါတ်နှင့် ဟေမိုဂလိုဘင် ကိုအမြန်ဆုံးပြန်တတ်စေနိုင်သည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။
သံဓါတ်များသောအစားများစားပါ။
သံဓါတ်များသောအစာများမှာ
- အသား ဝက်သား ကြက်ငှက်
- ပင်လယ်စာ
- ပဲသီးတောင့်
- အနီရောင်အသီးအရွက် ဥပမာ ဟင်းနုနွယ်
- အသီးခြောက်များ ဥပမာ စပျစ်သီးခြောက် တရုတ်ဇီးသီး
- သံဓါတ်ဖြည့်ထားသော ဆန် ပါမှန့်ပါစတာ
- ပဲလုံး
သင့်ခန္ဓါကိုယ်သည် အသားမှ၇သောသံဓါတ်ကိုအခြားအရာတွေထက်ပိုစုပ်ယူသည်။ အသားမစားရန်ဆုံးဖြတ်ထားပါက သံဓါတ်များများပါသော အစာများကိုရွေးချယ်ရန်လိုအပ်မည်။
သင့်ခန္ဓါကိုယ်မှ သံဓါတ်စုပ်အားများစေရန် ဗီတာမင် စီပါသောအစာများကိုရွေးချယ်စားပါ။
သံဓါတ်စုပ်အားများစေရန် သံပုရာရည်သို့မဟုတ် ဗီတာမင်စီပါသော အခြားအစာများကို သံဓါတ်များသောအစာနှင့်အတူတွဲစားပါ။ သံပုရာရည် လိမော်ရည်တို့တွင်ပါသော ဗီတာမင်စီကို သံဓါတ်စုပ်ယူအားကိုများစေသည်။ ဗီတာမင်စီသည် အောက်ပါတို့တွင်တွေ့နိုင်သည်။
- ပန်းုမုန်လာမျိုး
- စပျစ်သီး
- ကီဝီသီး
- အစိမ်းရောင်ပါသောအရွက်
- ဖရဲသီး
- လိမော်သီး
- ငရုတ်ကောင်း
- စတော်ဘယ်ရီ
- လိမော်သီးတစ်မျိုး
- ခရမ်းချဉ်သီး
ကလေးငယ်များတွင်သံဓါတ်ချို့တဲ့ခြင်းအားကာကွယ်ခြင်း
ကလေးများတွင် သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါအားကာကွယ်ရန် မိခင်နို့သို့မဟုတ် သံဓါတ်ဖြည့်စွက်ဖော်မြူလာအား ပထမတစ်နှစ်တွင်တိုက်ကျွေးသင့်သည်။ နွားနို့တွင် သံဓါတ်များများပါသော်လည်း တစ်နှစ်အောက်ကလေးများအတွက်မပေးပါ။ အသက်၆လကျော်လျင် သံဓါတ်ဖြည့်ထားသော ဆန် သို့မဟုတ် အသားအားတနေ့နှစ်ကြိမ်ကျွေးပါ။ တစ်နှစ်ကျော်ပါက ၂၀အောင်စ (၅၉၁ မီလီလီတာ)ထက်နို့ကိုမသောက်တာသေချာပါစေ။ နို့အများကြီးသောက်ခြင်းသည် အခြားအစားအစာများမစားတော့ခြင်းကိုဖြစ်နိုင်သည်။
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။